နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ ပွဲတိုင်း အနိုင်ရဖို့ လိုအပ်တယ် ဆိုပြီး ပြောလိုက်တဲ့ အာတေးတား | ပရီးမီးယားလိဂ်

အာဆင်နယ် နည်းပြ မီခဲလ် အာတေးတားက သူတို့ အသင်း အနေနဲ့ မန်ချက်စတာစီးတီးကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားကို သိမ်းပိုက်နိုင်ဖို့ ဆိုရင် ပွဲတိုင်း အနိုင်ရဖို့ လိုအပ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။ မီခဲလ် အာတေးတားက သူတို့ အသင်း အနေနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တိုင်း အနိုင်ယူပြီး စုစုပေါင်း ရမှတ် ၁၁၄ မှတ် အထိ ရယူသွားနိုင်ဖို့ ပစ်မှတ်ထားနေကြောင်းလည်း ကြုံးဝါး ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ 

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ နှစ်ရာသီဆက် ပရီးမီးယားလိဂ် မှာ ပုံစံကောင်း ပြသနိုင်ခဲ့ပေမယ့် မန်စီးတီးရဲ့ အနောက် ဒုတိယနဲ့ပဲ ကျေနပ်နေရတဲ့ အသင်း ဖြစ်ပါတယ်။ အာတေးတားရဲ့ အသင်းဟာ မနှစ်က ဘောလုံး ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် မန်စီးတီးကို အနီးကပ် ဖိအားပေးနိုင်ခဲ့တဲ့ အပြင် ချန်ပီယံဆုနဲ့ အနီးစပ်ဆုံး အထိ ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။ ဒါပေမယ့်လည်း ရာသီပိတ်ခါနီးမှာ ပွဲစဉ် တချို့ ခြေချော်ခဲ့တာကြောင့် မန်စီးတီးရဲ့ ကျော်တက်ခြင်း ခံရပြီး ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီရာသီမှာလည်း အာဆင်နယ်က တောင့်တင်းတဲ့ ကစားသမား စုဖွဲ့မှုကို ဆက်လက် ထိန်းသိမ်းထားနိုင်သလို ခံစစ်ပိုင်း အတွက်လည်း ရီကာဒို ကာလာဖီအိုရီကို ခေါ်ယူ အားဖြည့်ထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ကွင်းလယ်မှာလည်း ဒီကလန် ရိုက်စ်နဲ့ တွဲဖက် ကစားနိုင်မယ့် အရည်အသွေးမြင့် ကစားသမား တစ်ဦးကို ရှာဖွေနေဆဲ ဖြစ်ပြီး ဒီနေရာ အတွက် အင်အားဖြည့်တင်း ပြီးရင်တော့ ဂန်းနားတွေဟာ တော်တော်လေး တောင့်တင်းသွားဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။ 

အာတေးတားရဲ့ အသင်းဟာ မနှစ်က ဘောလုံး ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် မန်စီးတီးကို အနီးကပ် ဖိအားပေးနိုင်ခဲ့တဲ့ အပြင် ချန်ပီယံဆုနဲ့ အနီးစပ်ဆုံး အထိ ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။
ရာသီသစ် အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ အာဆင်နယ်

လက်ရှိမှာ အာဆင်နယ်က အမေရိကန်နိုင်ငံမှာ ရာသီကြို ခြေစမ်းပွဲတွေ ကစားနေပြီး ဘုန်းမောက်ကို ပွဲချိန် အတွင်း သရေကျခဲ့ပေမယ့် ပင်နယ်တီမှာတော အနိုင်ရခဲ့ပါတယ်။ နောက်တစ်ပွဲ ဖြစ်တဲ့ ဒီကနေ့ မနက်ပိုင်းမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ ပရီးမီးယားလိဂ် ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ကို သာမန်ပွဲချိန် အတွင်း ၂-၁ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ပင်နယ်တီမှာတော့ ရှုူံနိမ့်ခဲ့ပါတယ်။ အာဆင်နယ်ဟာ လက်ရှိ အချိန်မှာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အားပြိုင်ရာမှာ အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားပြီး ဖြစ်ပေမယ့်လည်း သူတို့ အစစအရာရာ သာလွန်နေသေးတဲ့ မန်စီးတီးကို ကျော်ဖြတ်ဖို့ ကတော့ ခက်ခဲဖို့ ရှိနေပါသေးတယ်။ 

ဒါကြောင့် မီခဲလ် အာတေးတားက ပွဲတိုင်း အနိုင်ကစားသွားဖို့ ပစ်မှတ်ထားကြောင်း အခုလိုပဲ ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။ အာတေးတားက “ကျွန်တော်တို့ ၁၁၄ မှတ် ရအောင် ယူရပါမယ်။ တကယ်လို့ ကျွန်တော်တို့သာ အဲဒီလို လုပ်နိုင်ခဲ့မယ် ဆိုရင်တော့ အမှတ်ပေး ချန်ပီယံဆု ကိုလည်း သေချာပေါက် ရယူနိုင်မှာပါ။ ဒါက ကျွန်တော် တို့ရဲ့ ရည်မှန်းချက်ပါပဲ။ အဲ့နောက်မှ ကျွန်တော်တို့ ဘာတွေ ရနိုင်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အာတေးတားက “အမှတ်ပေး ချန်ပီယံဆုကြီးကို ရယူနိုင်မယ့် အခွင့်အရေးမျိုး ရဖို့ အတွက်က ပြိုင်ဘက် အသင်းတွေထက် ကြီးမားတဲ့ အလားအလာတွေ ရှိနေရပါတယ်။ ကျွန်တော်တို့ အခက်အခဲတွေ ရှိနေတဲ့အခါ မှာတောင် ကျွန်တော် တို့က ပြိုင်ဘက် အသင်းတွေထက် ပိုကောင်းနေရပါမယ်။ ဒါက ကျွန်တော် တို့ရဲ့ တကယ့် ရည်မှန်းချက်ပါပဲ။” လို့ အာတေးတား ကြုံးဝါးသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်