နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယိုကီးရက်စ်ရဲ့ အေးဂျင့်နဲ့ တွေ့ဆုံမယ့် အာတေးတား၊ ဂရီးလစ်ရှ်ကို စိတ်ဝင်စားနေတဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် နည်းပြ မီခဲလ် အာတေးတား ကတော့ စပို့တင်းလစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်ရဲ့ အေးဂျင့် ဖြစ်သူနဲ့ တရားဝင် တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ လက်ရှိမှာ ယိုကီးရက်စ် ကိုတော့ ဥရောပ ထိပ်တန်း ကလပ် များစွာက ခေါ်ယူချင်နေပါတယ်။ ဒါကြောင့် အာဆင်နယ်က မီခဲလ် အာတေးတားနဲ့ ယိုကီးရက်စ်ရဲ့ အေးဂျင့် ဖြစ်သူနဲ့ ရင်းနှီးမှုကို အခွင့်ကောင်းယူကာ လက်ဦးမှု ရယူသွားဖို့ စဉ်းစားထားတာလည်း ဖြစ်ပါတယ်။

ဆက်စပ် သတင်းတွေ အရ လာလီဂါ ကလပ် အက်တလက်တီကိုမက်ဒရစ် ကလည်း လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ယိုကီးရက်စ်ကိုကို ခေါ်ယူဖို့ အခြား အသင်းတွေနဲ့ အပြိုင်အဆိုင် ကြိုးပမ်းသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

ကိုလံဘီယာ တောင်ပံကစားသမား လူးဝစ္စ ဒီးယက်ဇ်ရဲ့ အေးဂျင့် ဖြစ်သူ ကတော့ လစ်ဗာပူးလ် အနေနဲ့ သူ့ ကစားသမားကို စာချုပ်သစ် အတွက် ဆွေးနွေးမှု မပြုလုပ်ရင် ဒီနွေရာသီမှာ အန်းဖီးလ် ကနေ ထွက်ခွာဖို့ အတွက် ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း သတိပေးထားတယ်လို့ သိရပါတယ်။ ဒီကစားသမား ကိုတော့ လာလီဂါ ကလပ် ဘာစီလိုနာ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

ဒီအင်္ဂလန် ကစားသမား ကိုတော့ ပရီးမီးယားလိဂ် ကလပ် အက်စတွန်ဗီလာ၊ နယူးကာဆယ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့က ခေါ်ယူဖို့ စိတ်အားထက်သန်နေကြပါတယ်။
မာဒူကေးကို ရောင်းပြီး ဂရီးလစ်ရှ်ကို ပြန်လည် ခေါ်ယူချင်နေတဲ့ ချဲလ်ဆီး

ဂျူဗင်တပ်စ် နောက်ခံလူ အန်ဒရီ ကမ်ဘီယာဆိုကို ခေါ်ယူဖို့ မန်စီးတီး၊ အာဆင်နယ်နဲ့ လစ်ဗာပူးလ် ၃ သင်း အကြား ရှုပ်ထွေးမှုတွေ ရှိနေကြောင်း အီတလီ သတင်းဌာန Tuttomercatoweb က ဖော်ပြပါတယ်။

လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကတော့ စတုဂတ် ကွင်းလယ်လူ အင်ဇို မီယော့ကို ခေါ်ယူဖို့ အတွက် အာဆင်နယ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့နဲ့ အပြိုင် စိတ်ဝင်စားနေကြောင်း Defensa Central က ဖော်ပြပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ အနာဂတ် အသင်းရဲ့ ကွင်းလယ်ပိုင်းကို တောင့်တင်းစေဖို့ ထိပ်တန်း ကစားသမား များစွာကို ပစ်မှတ်ထား စောင့်ကြည့်နေခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီး ကတော့ တောင်ပံ ကစားသမား နိုနီ မာဒူခေးရဲ့ ခြေစွမ်းကို စိတ်ပျက်နေပြီး အခုနွေရာသီမှာ ရောင်းချဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။ ဒီအင်္ဂလန် ကစားသမား ကိုတော့ ပရီးမီးယားလိဂ် ကလပ် အက်စတွန်ဗီလာ၊ နယူးကာဆယ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့က ခေါ်ယူဖို့ စိတ်အားထက်သန်နေကြပါတယ်။

တစ်ဆက်တည်းမှာပဲ ချဲလ်ဆီးက မာဒူခေးကို ရောင်းထုတ်ပြီးရင် မန်စီးတီး တောင်ပံ ကစားသမား ဂျက် ဂရီးလစ်ရှ်နဲ့ ပြန်လည် အစားထိုးချင်နေတယ်လို့ သိရပါတယ်။ ချဲလ်ဆီး အနေနဲ့ အသက် ၂၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဂရီးလစ်ရှ်ကို အေစီမီလန်၊ အက်စတွန်ဗီလာနဲ့ နယူးကာဆယ် တို့နဲ့ အပြိုင် ကြိုးပမ်းရဖို့ ရှိနေပြီးတော့ မန်စီးတီး ကတော့ ဒီကစားသမား အတွက် သူတို့ ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ကို တတ်နိုင်သမျှ ပြန်လည် ရရှိဖို့ မျှော်လင့်နေပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ အခု နွေရာသီတွင် အသင်းရဲ့ ဗဟိုခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယားကို ရောင်းထုတ်ပြီး အဲဗာတန်က ဂျရတ် ဘရန့်ဝိတ်နဲ့ အစားထိုးဖို့ ဆန္ဒရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်