နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နွေရာသီ အပြောင်းအရွှေ့ ပြီးမှ စာချူပ်သစ် အတွက် ဆွေးနွေးမယ့် အာတေးတား | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်း နည်းပြ မီခဲလ် အာတေးတားက နွေရာသီ အပြောင်းအရွှေ့ကာလ ပြီးမှပဲ သူ့ရဲ့ စာချုပ်သစ် ကိစ္စကို ဆွေးနွေးသွားမယ်လို့ အတည်ပြု ပြောကြားလာခဲ့ပါတယ်။ အသက် ၄၂ နှစ် အရွယ် အတေးတားဟာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပြီး လာမယ့်နှစ် နွေရာသီမှာ သက်တမ်း ကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။ 

လက်ရှိမှာ ၂၀၂၄/၂၀၂၅ ဘောလုံးရာသီသစ် စတင်နေပြီ ဖြစ်ပေမယ့်လည်း စာချုပ်သစ်ကိစ္စ ဆွေးနွေးထားခြင်း မရှိသေးတာကြောင့် သတင်းထောက်တွေက မေးမြန်းရာမှာ အာတေးတားက အခုလိုပဲ ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။ အာတေးတားက “ဟုတ်ပါတယ်။ အပြောင်းအရွှေ့ကာလ ကိုပဲ အပြည့်အဝ အာရုံစိုက်ထားပါတယ်။ ကျွန်တော် တို့မှာ လုပ်စရာတွေ၊ ဆွေးနွေးစရာတွေ အများကြီး ရှိနေပါသေးတယ်။ အဲဒီအတွက် ကျွန်တော်တို့ ကြိုးစား လုပ်ဆောင်နေကြပြီးတော့ မှန်ကန်တဲ့ အခိုက်အတန့်မှာ ဒါကို ကျွန်တော်တို့ အလေးအနက်ထားရပါမယ်။ ပထမဆုံး အနေနဲ့ ကျွန်တော် ထိုင်နေတဲ့ ဒီနေရာမှာ နေ့စဉ်နေ့တိုင်း ကျွန်တော်နဲ့ အတူ အလုပ်လုပ်နေသူတွေကို အရမ်းကို ကျေးဇူးတင်ပါတယ်။ ဘာလို့လဲ ဆိုတော့ သဟဇာတ ဖြစ်မှု၊ ယုံကြည်မှု၊ ယုံကြည်ချက်နဲ့ မျှော်မှန်းချက်တွေ လိုက်လျောညီထွေရှိမှုတွေကို ရှာဖွေဖို့ အတွက် တကယ်ကို ခက်ခဲလို့ပါ။ ဒါက ကျွန်တော် အမြဲတမ်း ပြောနေတဲ့ အရာပါ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ ရှေ့မှာ မယုံနိုင်စရာ ကောင်းတဲ့ အချိန်တွေ ရှိနေတုန်းပဲလို့ ယုံကြည်ပါတယ်။ ဒါက အရမ်းကို စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ အဲဒီအတွက် ကျွန်တော် အရမ်းပဲ စိတ်လှုပ်ရှားပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီး ပပ် ဂွါဒီယိုလာနဲ့ ယာဂန် ကလော့ပ် တို့လို အာဆင်နယ် ကိုလည်း ကာလရှည် ကိုင်တွယ်ဖို့ ရည်မှန်းထားခြင်း ရှိမရှိ မေးမြန်းရာမှာတော့ အာတေးတား က “ကျွန်တော်က ဒီနေ့နဲ့ မနက်ဖြန် အကြောင်းပဲ စဉ်းစားထားပါတယ်။ ဒါက မန်နေဂျာတွေ အတွက် အဖြစ်မှန်ပါပဲ။ ကျွန်တော် တို့က ဒီလို အရေးပေါ် အခြေအနေမျိုးနဲ့ နေထိုင်ရမှာပါ။ လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်လောက်ကို ကြည့်ရင် ခင်ဗျားဆီမှာ အစီအစဉ်ရှိမှာပါ။ ဘာလို့လဲ ဆိုတော့ နောက်ပိုင်းမှာ အသင်းက ဘာဖြစ်မလဲ ဆိုတာ ရလဒ် ဘယ်လောက် ကောင်းလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ ဒါက အမှန်တရားပါ။ ဒီကာလမှာ တတ်နိုင်သလောက် အကောင်းဆုံး လုပ်ပြီး ပျော်ရွှင်အောင် လုပ်ပါ” လို့ ဆက်လက် ပြောကြားသွားခဲ့ပါတယ်။ 

စပိန်လူမျိုး နည်းပြ မီခဲလ် အာတေးတားဟာ ၂၀၁၁ ခုနှစ် ကနေ ၂၀၁၆ ခုနှစ် အထိ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်မှာ ကစားခဲ့သူ ဖြစ်ပါတယ်။ အဲ့နောက် ကစားသမားဘဝ ကနေ အနားယူပြီးတော့ မန်စီးတီးမှာ ၃ နှစ်ကြာ ပပ် ဂွာဒီယိုလာရဲ့ လက်ထောက် နည်းပြ အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ အဲ့ကနေမှ ၂၀၁၉ ခုနှစ် မှာတော့ အာဆင်နယ် နည်းပြ အဖြစ် စတင် လုပ်ကိုင်ခဲ့ပြီး အသင်းနဲ့ အတူ အက်ဖ်အေဖလား နှစ်ကြိမ်၊ ကွန်မြူနတီဒိုင်း နှစ်ကြိမ် ရရှိထားခဲ့ပါတယ်။ 

လက်ရှိ ရာသီမှာတော့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၂ ပွဲ ကစားထားပြီး ၂ ပွဲနိုင်၊ ၂ ပွဲနိုင် ရမှတ် ၆ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်