နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နယူးကာဆယ်နဲ့ ပွဲမှာ အဓိက နောက်ခံလူ နှစ်ဦး လွဲချော်မယ်လို့ အာတေတာ အတည်ပြု၊ EA Sports က ထုတ်ပြန်လိုက်တဲ့ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး အသင်း (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

နယူးကာဆယ်နဲ့ ပွဲမှာ အဓိက နောက်ခံလူ နှစ်ဦး လွဲချော်မယ်လို့ အာတေတာ အတည်ပြု၊ EA Sports က ထုတ်ပြန်လိုက်တဲ့ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး အသင်း စတဲ့ သတင်းတွေ အပါအဝင် မေလ ၆ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


နယူးကာဆယ်နဲ့ ပွဲမှာ အဓိက နောက်ခံလူ နှစ်ဦး လွဲချော်မယ်လို့ အာတေတာ အတည်ပြု

နယူးကာဆယ်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ် အရေးကြီး ပွဲစဉ်မှာ အသင်းရဲ့ အားထားရတဲ့ နောက်ခံလူတွေ ဖြစ်တဲ့ ဂါဘရီရယ်နဲ့ ဆလီဘာတို့ လွဲချော်လိမ့်မယ်လို့ အာဆင်နယ် နည်းပြ မီခဲလ် အာတေတာက ဖွင့်ဟလိုက်ပါတယ်။ ဂါဘရီရယ်ဟာ ချဲလ်ဆီးကို အနိုင်ရရှိခဲ့တဲ့ ပွဲအပြီးမှာ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ဆလီဘာ ကတော့ ဒဏ်ရာကြောင့် အနားယူနေရတာ အနည်းငယ် ကြာနေပြီ ဖြစ်ပြီး သူတို့ နှစ်ဦး မပါဝင်ရင်တော့ အာဆင်နယ်ရဲ့ ဗဟိုခံစစ်မှူး နှစ်ဦး စလုံးကို ဆုံးရှုံးရမှာ ဖြစ်ပါတယ်။ ဒါဟာ အမှတ်ပေးဖလား အတွက် မန်ချက်စတာစီးတီးကို အမှီလိုက်ဖို့ ကြိုးစားနေရတဲ့ အာဆင်နယ် အတွက်လည်း ကြီးမားတဲ့ ထိခိုက်မှုပါပဲ။

အာတေတာက “ သူ ဘယ်လိုရှိလဲ ဆိုတာ မနက်ဖြန် အထိတော့ စောင့်ကြည့်ရပါလိမ့်မယ်၊ ဒါပေမယ့် သူ ချဲလ်ဆီးနဲ့ ပွဲကို ပြီးအောင် မကစားနိုင်ခဲ့ပါဘူး၊ ဒါကြောင့် အရေးကြီးတယ်လို့ ထင်ပါတယ်၊ ဆာလီဘာ ကလည်း တိုးတက်မှု အများကြီး မရှိပါဘူး၊ အသင်း အတွက် သူ ကစားပေးနိုင်မှာ မဟုတ်သေးပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။

ပရီးမီးယား လိဂ်
ခရစ္စတယ်ပဲလေ့စ်
အာဆင်နယ်
1X2 ခရစ္စတယ်ပဲလေ့စ် @ 2.46
အာဆင်နယ် အာရှ အကျောပေး 0.00 @ 2.05
ဂိုး‌အောက် 2.75 @ 2.09
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အသင်းမှာ ဆက်နေချင်ရင် သူ့ကို သက်သေပြဖို့ ကယ်ဗင် ဖီးလစ်ကို သတိပေးလိုက်တဲ့ ဂွာဒီယိုလာ

ဒီရာသီကမှ လိဒ်ယူနိုက်တက် ကနေ မန်ချက်စတာစီးတီးကို ပေါင် ၄၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ်လူ ကယ်ဗင် ဖီးလစ်ကို နည်းပြ ပပ် ဂွာဒီယိုလာက သတိပေးမှုတွေ ပြုလုပ်လိုက်ပါပြီ။ အင်္ဂလန် ကွင်းလယ်လူဟာ ဒီရာသီမှာ ဒဏ်ရာတွေကြောင့် အနားယူနေခဲ့ရပြီး မန်စီးတီး အတွက် ကစားပေးနိုင်ခဲ့ခြင်း မရှိခဲ့သလို လက်ရှိ မှာလည်း ပွဲထွက် ကစားခွင့် ဆုံးရှုံးနေရပါတယ်။

ဂွာဒီယိုလာက “ ကစားခွင့်ရဖို့ ဆိုတာက ကစားသမားတွေ အပေါ်မှာပဲ မူတည်ပါတယ်၊ တခါတလေမှာ ကျနော့် ခံစားချက်တွေ ကလည်း ပြောင်းလဲတတ်ပါတယ်၊ သူတို့က ကျနော့်ရဲ့ ယုံကြည်မှုကို ရအောင် ယူရပါမယ်၊ ကယ်ဗင် ဖီးလစ်တင် မဟုတ်ဘဲ အားလုံးက ဘယ်လိုလုပ်ကြမလဲ ဆိုတာကို တွေးရမှာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။

ကယ်ဗင် ဖီးလစ်ဟာ ဒီရာသီမှာ မန်စီးတီး အတွက် ၁၇ ပွဲသာ ကစားထားရပြီး ပွဲအများစု ကတော့ လူစားဝင် ကစားခဲ့ရတာ ဖြစ်ပါတယ်။ လိဒ်ယူနိုက်တက်မှာ ခြေစွမ်းပြနိုင်ခဲ့လို့ အင်္ဂလန်နဲ့ အတူ ကမ္ဘာ့ဖလား ကိုလည်း လိုက်ပါ ခွင့်ရခဲ့ပေမယ့် မန်စီးတီး မှာတော့ သူ့ရဲ့ အခန်းကဏ္ဍက မှေးမှိန်နေခဲ့ပါတယ်။


EA Sports က ထုတ်ပြန်လိုက်တဲ့ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး အသင်း

EA Sports ဟာ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ တနှစ်တာ အကောင်းဆုံး အသင်းကို မနေ့ကပဲ ရွေးချယ် ထုတ်ပြန်လိုက်ပါတယ်။
မန်စီးတီးနဲ့ အာဆင်နယ် ကစားသမား အများစု ပါဝင်ခဲ့တဲ့ EA Sports တစ်နှစ်တာ အကောင်းဆုံး အသင်း

EA Sports ဟာ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ တနှစ်တာ အကောင်းဆုံး အသင်းကို မနေ့ကပဲ ရွေးချယ် ထုတ်ပြန်လိုက်ပါတယ်။ အကောင်းဆုံး အသင်း မှာတော့ ဒီရာသီ ဇယား ထိပ်ပိုင်း အသင်းတွေက ကစားသမား အများစု ပါဝင်လာခဲ့ကြပြီး ပါသင့်ပါထိုက်သူ အားလုံး ပါဝင်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ဂိုးသမား နေရာ မှာတော့ အာဆင်နယ်က ရမ်းစ်ဒေးလ်၊ ခံစစ်ပိုင်းမှာ ထရစ်ပီယာ၊ ဆလီဘာ၊ ဒီးယက်စ်၊ ဇင်ချန်ကိုတို့ ရွေးချယ်ခံခဲ့ရပြီး ကွင်းလယ်ပိုင်း မှာတော့ ကက်စ်မဲရိုး၊ ကီဗင် ဒီဘရိုင်းနားနဲ့ အိုဒီဂတ်၊ တိုက်စစ်ပိုင်းမှာ ဆာလာ၊ ဟာလန်းနဲ့ ရက်ရှ်ဖို့ဒ်တို့ ပါဝင်ခဲ့ကာ စုစုပေါင်း အသင်း ၅ သင်းတည်းက ကစားသမားတွေသာ ပါဝင်ခဲ့ကြပါတယ်။

အာဆင်နယ်နဲ့ မန်စီးတီးက ကစားသမား ပါဝင်မှု အများဆုံး ဖြစ်ပြီး အဲဒီနောက်မှာ မန်ချက်စတာ ယူနိုက်တက်၊ နယူးကာဆယ်နဲ့ လစ်ဗာပူးလ်တို့ ရှိနေခဲ့ကြပါတယ်။ ဒီကစားသမားတွေ အားလုံးဟာ သက်ဆိုင်ရာ အသင်း အတွက် ခြေစွမ်းပြခဲ့ကြသူတွေ ဖြစ်ပြီး ပရီသတ်တွေရဲ့ ဆန္ဒနဲ့ ထပ်တူကျခဲ့တယ်လို့ သိရပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်