နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကာလာဖီအိုရီရဲ့ အပြောင်းအရွှေ့ ပြီးရင် မာရင်နိုကို ဆက်လက် ကြိုးပမ်းသွားမယ့် အာဆင်နယ် | ပရီးမီးယားလိဂ်

လက်ရှိ နွေရာသီ အပြောင်းအရွှေ့ ကာလမှ ခြေငြိမ်နေတဲ့ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အနေနဲ့ မကြာခင်မှာတော့ ကစားသမားသစ်တွေနဲ့ တရားဝင် မိတ်ဆက်ပေးဖို့တော့ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီးတို့ ဟာ ပြီးခဲ့တဲ့ နှစ်ရာသီ ဆက်တိုက် မန်စီးတီးရဲ့ အနောက် ဒုတိယလူ အဖြစ်နဲ့ပဲ ကျေနပ်နေရမှုကို ချေဖျက်နိုင်ဖို့ အတွက် ကြီးမားတဲ့ မျှော်လင့်ချက်တွေ ထားနေတာ ဖြစ်ပါတယ်။ လက်ရှိ အာဆင်နယ် အသင်းရဲ့ လူစာရင်းဟာ အနည်းငယ် တောင့်တင်းနေတယ် ဆိုပေမယ့် တကယ်တမ်း မန်စီးတီးလို့ ကစားသမားကောင်းတွေချည်းပဲ နှစ်သင်းစာ ရှိနေတဲ့ မန်စီးတီးနဲ့ ယှဉ်ရင်တော့ အားနည်းနေဆဲ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ မနှစ်က အငှားနဲ့ ခေါ်ယူခဲ့တဲ့ ဂိုးသမား ဒါးဗစ် ရာယာကို အပြီဲးသတ် ခေါ်ယူခဲ့တာနဲ့ အေဂျက်စ်က ဆတ်ဖို့ဒ်ကို ခေါ်ယူထားတာပဲ ရှိပါတယ်။

မကြာခင်မှာတော့ အာဆင်နယ်က ဘိုလော့ဂ်နာက အီတလီ ခံစစ်မှူး ရီကာဒို ကာလာဖီအိုရီရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ ရှိနေပြီးတော့ ဒီကစားသမားလေး ပြီးရင်တော့ စပိန် ကွင်းလယ်လူ မီခဲလ် မာရင်နိုကို ထပ်မံ ခေါ်ယူသွားဖို စီစဉ်နေတယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ် ကလပ်က ကာလာဖီအိုရီကို ခေါ်ယူဖို့ အတွက် ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရထားသလို အသင်း နှစ်သင်း အကြား မှာလည်း သဘောတူညီမှု ရရှိထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် ကာလာဖီအိုရီရဲ့ ကလပ်ဟောင်း ဘေဆယ်လ်နဲ့ ဘိုလော့ဂ်နာ တို့ အကြားမှာ sell-on clause ကိစ္စ ပြေလည်ပြီ ဆိုတာနဲ့ အီတလီ ခံစစ်မှူးက မြောက်လန်ဒန်ကို ချက်ချင်း ရောက်ရှိလာတော့မှာလည်း ဖြစ်ပါတယ်။

ကာလာဖီအိုရီရဲ့ အပြောင်းအရွှေ့ ပြီးတာနဲ့ ယူရို ၂၀၂၄ ချန်ပီယံ စပိန် အသင်းနဲ့ အတူ တောက်ပခဲ့တဲ့ ဆိုစီဒက် ကွင်းလယ်လူ မီခဲလ် မာရင်နိုကို အာဆင်နယ်တို့ ချက်ချင်းပဲ ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြပါတယ်။ အသက် (၂၈)နှစ် အရွယ် စပိန် ကွင်းလယ်လူ မာရင်နိုဟာ ဒေါ့မန်နဲ့ နယူးကာဆယ် တို့မှာ ဖြတ်သန်းခဲ့ဖူးပြီး ရီးရဲလ်ဆိုစီဒက် ကိုတော့ ၂၀၁၈ ခုနှစ် မှာ ရောက်ရှိသွားခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာ မာရင်နိုက လာလီဂါ ကလပ်ရဲ့ အရေးပါတဲ့ ကစားသမား တစ်ဦး ဖြစ်နေပြီး ယူရို ၂ဝ၂၄ မှာလည်း စပိန် အတွက် အရေးပါတဲ့ သွင်းဂိုးတွေကို သွင်းယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ကို လာလီဂါ ထိပ်သီး ကလပ် ဘာစီလိုနာ ကလည်း စိတ်ဝင်စားနေတာကြောင့် အာဆင်နယ်တို့ ပြောင်းရွှေ့ကြေး အရရော၊ ဘာစီလိုနာ ကြောင့်ပါ မာရင်နိုကို ခက်ခက်ခဲခဲတော့ ကြိုးပမ်းရဖွယ် ရှိနေပါတယ်။ 

အကယ်၍ အာဆင်နယ် အနေနဲ့ ကာလာဖီအိုရီရော၊ မီခဲလ် မာရင်နို ကိုပါ ခေါ်ယူနိုင်ခဲ့ရင်တော့ ခံစစ်နဲ့ ကွင်းလယ်က တော်တော်လေး တောင့်တင်းသွားတော့မှာ ဖြစ်ပါတယ်။ မီခဲလ် အာတေးတားရဲ့ အသင်း ခံစစ်မှာ လက်တလော ဆလီဘာ၊ ဂါဘရီရယ် အတွဲအဖက်နဲ့ အတူ ဝှိုက်၊ တိုမီယာဆု၊ တင်ဘာ၊ ခီဗီယော၊ ဇင်ချန်ကို၊ တီယာနေး၊ ဆွာရေးစ် တို့ ရှိနေပါတယ်။ ကွင်းလယ် မှာတော့ ဂျော်ဂျင်ဟို၊ ပါတေး၊ အိုဒီဂတ်၊ ရိုက်စ်၊ ဟာဗက်ဇ်၊ စမစ်ရိုးဝ်၊ ဗီအဲရာ၊ ဟာဗက်ဇ် တို့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်