နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အေဂျက်စ် ကြယ်ပွင့် ဂိုးသမားကို ယူရို ၁ သန်းထဲနဲ့ ခေါ်ယူနိုင်ခဲ့တဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်း ကတော့ အေဂျက်စ် လူငယ် ကြယ်ပွင့် ဂိုးသမားလေး တော်မီ ဆတ်ဖို့ဒ်ကို ပြောင်းရွှေ့ကြေး ယူရို ၁ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ သိရပါတယ်။ ဒီကစားသမားလေးဟာ မကြာခင်မှာ အာဆင်နယ်နဲ့ အတူ ဆေးစစ်မှုခံယူတော့မှာ ဖြစ်ပြီး လာမယ့် ရက်ပိုင်း အတွင်း တရားဝင် ကြေညာမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ်ဟာ လက်ရှိ နွေရာသီ ဈေးကွက် အတွင်း ကစားသမားသစ် ခေါ်ယူမှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေပေမယ့် လက်ရှိ အချိန်ထိတော့ ဘယ်ကစားသမား ကိုမှ ခေါ်ယူထားရခြင်း မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ရာသီက ဘရန့်ဖိုဒ် ကနေ အငှားနဲ့ ခေါ်ယူထားတဲ့ စပိန် ဂိုးသမား ဒါးဗစ် ရာယာ ကိုသာ အပြီးသတ် စာချုပ်ချုပ်ဆိုထားခဲ့ပြီး အခြား ကစားသမားတွေ ကိုတော့ ပစ်မှတ်ထားနေဆဲ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ လတ်တလောမှာ ဘိုလော့ဂ်နာ အသင်းရဲ့ အီတလီ နောက်ခံလူ ရီကာဒို ကာလာဖီအိုရီကို ခေါ်ယူဖို့ အတွက် ကစားသမားနဲ့ သဘောတူညီမှု ရရှိထား ပေမယ့် စီးရီးအေ ကလပ် ဘိုလော့ဂ်နာနဲ့တော့ သဘောတူညီမှု မရရှိသေးပါဘူး။ ဒါ့အပြင် သူတို့ အသင်းရဲ့ ပစ်မှတ် ဖြစ်ခဲ့တဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်လူ အမာဒူ အိုနာနာ ကလည်း အက်စတွန်ဗီလာ အသင်းထံ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက် အရ ဆိုရင် ကာလာဖီအိုရီနဲ့ အာဆင်နယ် တို့ရဲ့ အပြောင်းအရွှေ့က အနည်းငယ် ကြာမြင့်ဦးမယ်လို့လည်း သိရပါတယ်။

အာဆင်နယ်က အခုနွေရာသီ အပြောင်းအရွှေ့မှာ ခံစစ်၊ ကွင်းလယ်၊ တိုက်စစ် ကစားသမား တစ်ဦးစီ အနည်းဆုံး ခေါ်ယူဖို့ ရှိနေပေမယ့် လက်ရှိမှာတော့ ဂိုးသမား နေရာ အတွက် ကစားသမားသစ်ကို အရင်ဆုံး ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ အသက် ၁၈ နှစ် အရွယ်သာ ရှိနေသေးတဲ့ အင်္ဂလန်နွယ်ဖွား နယ်သာလန် ဂိုးသမား တမ်မီ ဆတ်ဖို့ဒ်ကို မကြာခင် မှာပဲ တရားဝင် ကြေညာသွားဖို့ ရှိပေမယ့် အသင်းရဲ့ ပထမ ဂိုးသမား အဖြစ်တော့ ဒါးဗစ် ရာယာ ကိုပဲ ဆက်လက် နေရာပေးသွားဖို့ သေချာပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ်က အက်စတိုးနီးယား ဂိုးသမား ကားလ်ဟိန်း ကိုလည်း စာချုပ်သက်တမ်း တိုးမြှင့်ထားပါသေးတယ်။ ဒါကြောင့် ဒုတိယဂိုးသမား ဖြစ်တဲ့ အာရွန် ရမ်းစ်ဒေးလ် အနေနဲ့ အသင်း ကနေ ထွက်ခွာသွားဖို့ သေချာသလောက် ရှိလာခဲ့ပြီလို့ ပြောလို့ ရပါတယ်။

အာဆင်နယ်က အေဂျက်စ် အကယ်ဒမီထွက် ဂိုးသမားလေး ဆတ်ဖို့ဒ်ကို ပေါင် ၁ သန်း မပြည့်တဲ့ ပမာဏနဲ့ ခေါ်ယူဖို့ အေဂျက်စ်နဲ့ သဘောတူညီမှု ရရှိထားခဲ့ပြီး ၂၀၂၈ ခုနှစ် အထိ ၄ နှစ် သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုသွားမှာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ အာဆင်နယ်က ကွင်းလယ်လူ လိုကွန်ညာကို အပြီးသတ် ဝယ်ယူခွင့် ပါဝင်တဲ့ ယူရို ၁၂ သန်းတန် စာချုပ်နဲ့ အငှား အရင်ချခဲ့သလို တာဗာရက်စ် ကိုတော့ လာဇီယို အသင်းထံ ပေါင် ၉ သန်း ၅ နှစ် စာချုပ်နဲ့ ရောင်းထုတ်ထားခဲ့ပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်