နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အာဆင်နယ် – လိဒ်စ်ယူနိုက်တက် | ပရီးမီးယားလိဂ် ပွဲစဉ် ၃၆ (ပွဲကြိုသုံးသပ်ချက်)

အာဆင်နယ် vs လိဒ်စ်ယူနိုက်တက်

အခုတစ်ပတ် စူပါဆန်းဒေး မှာတော့ ပရီးမီးယားလိဂ် ပွဲကောင်းတွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိပြီး အာဆင်နယ်တို့ လိဒ်စ်ယူနိုက်တက်ကို အန်းမရိတ်စ်မှာ ဧည့်ခံ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အာဆင်နယ်တို့ အဆင့် ၄ နေရာ အတွက် အမှားခံလို့ မရသေးသလို လိဒ်စ် ကလည်း တန်းဆင်းဇုန် ဖိအားတွေ အောက်ကနေ ရုန်းထွက်ဖို့ အမှတ် လိုအပ်နေတာကြောင့် အကြိတ်အနယ် ရှိတဲ့ ပွဲစဉ် ဖြစ်လာဦးမှာ သေချာပါတယ်။

အာဆင်နယ်တို့ အဆင့် ၄ နေရာနဲ့ ရာသီသိမ်းနိုင်ဖို့ အခုပွဲ ရလဒ်ဟာ အတိုင်းအတာ တစ်ခု အထိ အရေးပါနေတယ်လို့ ပြောလို့ ရပါတယ်။ ဝက်စ်ဟမ်းကို အနိုင်ရပြီးနောက် ယူရိုပါလိဂ် ဝင်ခွင့် အာမခံချက် ရခဲ့ပေမယ့် ဒီရာသီ မီခယ် အာတေးတား အသင်းရဲ့ အဓိက ရည်ရွယ်ချက်က ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့ ဖြစ်လို့ လက်ကျန် ပွဲစဉ် အားလုံးကို အမှားမခံစတမ်း ကစားရဦးမှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အပြိုင် ဖြစ်နေတဲ့ စပါးတို့ ဒီတစ်ပတ်မှာ လစ်ဗာပူးလ်နဲ့ တွေ့ဆုံနေတာကြောင့်လည်း အာဆင်နယ်တို့ မဖြစ်မနေ အခွင့်ကောင်းယူဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ အပွင့်လင်းဆုံး ပြောရရင် မီခယ် အာတေးတားရဲ့ အသင်းဟာ အဓိက ကစားသမားတွေ ဒဏ်ရာရသွားတဲ့နောက် ခြေစွမ်းပိုင်း အားရစရာ မရှိပေမယ့် ချဲလ်ဆီး၊ ယူနိုက်တက်နဲ့ ဝက်စ်ဟမ်း တို့ကို ဆက်တိုက် အနိုင်ယူပြီး အရေးပါတဲ့ ရမှတ်တွေ ရှာဖွေထားနိုင်ပါတယ်။ ပါတေး မရှိတဲ့ ကွင်းလယ် ယိုပေါက်ကို အဲလ်နန်နီနဲ့ ဖာထေးထားနိုင်သလို ဟိုးလ်ဒင်း ကလည်း ဘန်ဝှိုက် နေရာမှာ အကောင်းဆုံး အားဖြည့်ထားနိုင်ပါတယ်။ ဒါပေမယ့် တီယာနီ နေရာမှာ ကစားနေတဲ့ တာဗာရက်စ် ကတော့ အခုချိန် အထိ စိတ်မချရသေးပါဘူး။ ဂန်းနားတို့ရဲ့ ဒီနှစ် ပရီးမီးယားလိဂ် အိမ်ကွင်း ရလဒ်တွေ ကတော့ တကယ်ကို အားရစရာ ကောင်းပြီး လစ်ဗာပူးလ်၊ မန်စီးတီး တို့ပြီးရင် တတိယမြောက် အိမ်ကွင်း စွမ်းဆောင်ရည် အကောင်းဆုံး အသင်းလည်း ဖြစ်နေခဲ့တာပါ။ အခုလာမယ့် ပွဲကိုလည်း တီယာနီနဲ့ ပါတေးတို့ ကျိန်းသေပေါက် လွဲချော်ဖို့ ရှိပြီး ဘန်ဝှိုက် ကလည်း ပွဲထွက် လူစာရင်းမှာ ပါဝင်လာဖို့ မသေချာသေးဘူးလို့ သိရပါတယ်။

လိဒ်စ်ယူနိုက်တက် ကတော့ ပရီးမီးယားလိဂ်ကို ပြန်လည် တက်လှမ်းလာပြီးနောက် ဒုတိယမြောက် ရာသီမှာပဲ တန်းမဆင်းရရေး ရုန်းကန်နေခဲ့ရတာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၇ နေရာမှာ ရပ်တည်နေတဲ့ ဆောက်သမ်တန်

ဖြစ်နိုင်ဖွယ်လူစာရင်း – ရမ်းစ်ဒေးလ်၊ ဟိုးလ်ဒင်း၊ ဂါဘရီရယ်၊ တိုမီယာဆု၊ တာဗာရက်စ်၊ ချာကာ၊ အဲလ်နန်နီ၊ အိုဒီဂတ်၊ ဆာကာ၊ မာတင်နယ်လီ၊ အန်ကတ်တီးယား

လိဒ်စ်ယူနိုက်တက် ကတော့ ပရီးမီးယားလိဂ်ကို ပြန်လည် တက်လှမ်းလာပြီးနောက် ဒုတိယမြောက် ရာသီမှာပဲ တန်းမဆင်းရရေး ရုန်းကန်နေခဲ့ရတာ ဖြစ်ပါတယ်။ ပွဲစဉ် ၃၄ ပွဲ ကစားပြီးချိန် အထိ နိုင်ပွဲ ၈ ပွဲသာ ရထားခဲ့သလို ၁၀ ပွဲ သရေ၊ ၁၆ ပွဲ ရှုံးထားတာကြောင့် လိဒ်စ်ယူနိုက်တက်တို့ ဒီနှစ် ပရီးမီးယားလိဂ်မှာ စွမ်းဆောင်ရည် တော်တော်လေး ကျဆင်းသွားတယ်လို့ ပြောလို့ ရပါတယ်။ နည်းပြကြီး မာဆယ်လို ဘီရဲယ်ဆာနဲ့ လမ်းခွဲပြီးနောက် ဂျက်ဆီ မက်ရှ် လက်အောက်မှာ ခြေစွမ်းပိုင်း အနည်းငယ် တည်ငြိမ်စပြုလာခဲ့ပေမယ့် အရင်လို တိုက်ပွဲဝင်စိတ် အပြည့်နဲ့ သူတိုက် ကိုယ်တိုက် ကစားတတ်တဲ့ ဟန်တစ်ခုတော့ ပျောက်ဆုံးနေခဲ့တာ ကြာပါပြီ။ ပရီးမီးယားလိဂ် ပွဲစဉ် ၂၉ ကနေ ၃၀ အထိ တောက်လျောက် ရလဒ်တွေ ကောင်းခဲ့ပေမယ့် နောက်ဆုံး ပွဲမှာ မန်စီးတီး ကို ၄-၀ ရလဒ်နဲ့ အရေးနိမ့်လိုက်ခြင်းက လိဒ်စ်ကို အဆင့် ၁၇ နေရာ အထိ ရောက်သွားစေခဲ့ပါတယ်။ လက်တလော အဆင့် ၁၈ နေရာက အဲဗာတန်ထက် တစ်ပွဲ ပိုကစားထားပြီး ၂ မှတ်သာ ဖြတ်ထားနိုင်တာကြောင့် အချိန်မရွေး တန်းဆင်းဇုန်ထဲ ရောက်သွားနိုင်ချေ ရှိတာကြောင့်လည်း လိဒ်စ်တို့ လက်ကျန် ပွဲစဉ်တွေမှာ တတ်နိုင်သမျှ ရမှတ် ရှာဖွေဖို့ လိုအပ်ပါတယ်။ အခုလာမယ့် ပွဲကိုတော့ ပက်ထရစ် ဘမ်းဖို့ဒ်၊ တိုင်လာ ရောဘတ်စ်၊ ဒါးလက်စ်၊ ဖော်ရှော၊ ဆမ်းမားဗီးလ် တို့ လွဲချော်ဖို့ ရှိပြီး ဒူးဒဏ်ရာရထားတဲ့ လီယမ် ကူပါး ကတော့ ပါဝင်ကစားနိုင်ဖို့ မသေချာသေးဘူးလို့ သိရပါတယ်။
ဖြစ်နိုင်ဖွယ်လူစာရင်း – မက်လေးယာ၊ အေးလင်း၊ ကော့ချ်၊ ကူပါး၊ ဖီယာပို၊ ကလစ်ချ်၊ ဖီးလစ်၊ ရာဖင်ညာ၊ ရိုဒရီဂို၊ ဟာရစ်ဆင်၊ ဂျိမ်းစ်

ပရီးမီးယား လိဂ်
လီဗာပူးလ်
ဆောက်သမ်တမ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြိုင်ပွဲစုံ နောက်ဆုံး တွေ့ဆုံမှု ၈ ကြိမ်စလုံး အာဆင်နယ်တို့ လိဒ်စ်ယူနိုက်တက်ကို လုံးဝ ရှုံးနိမ့််ထားခြင်း မရှိသလို ၆ ပွဲနိုင်ပြီး ၂ ပွဲ သရေကျထားပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲ တွေ့ဆုံမှု မှာတော့ အာဆင်နယ်က ၂ ပွဲနိုင်၊ ၁ ပွဲ သရေ ဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။ အခုနှစ် ပရီးမီးယားလိဂ် ပထမအကျော့ အဲလန်ရုတ်ဒ်မှာ ကစားခဲ့တဲ့ ပွဲမှာတော့ အာဆင်နယ်တို့ လူငယ် ကစားသမားတွေရဲ့ ခြေစွမ်းပြ သွင်းဂိုးတွေနဲ့ အတူ ၁-၄ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ အာဆင်နယ် အတွက် ၁.၄၅ ဆ၊ လိဒ်စ်ယူနိုက်တက် အတွက် ၆.၄၀ ဆ၊ သရေ အတွက် ၄.၅၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ အာဆင်နယ်က ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အားစိုက် ရုန်းပြီး လိဒ်စ် ကတော့ တန်းမဆင်း ရရေး အတွက် ဖောင်ဖျက် ကစားရမှာပါ။ ဒါ့အပြင် တွေ့ဆုံချိန်တိုင်းမှာ အကြိတ်အနယ် ရှိတတ်ပြီး နောက်ပိုင်း ကစားတဲ့ ပွဲတော်တော်များများမှာ အပြန်အလှန် ဂိုးတွေ သွင်းပြီး နှစ်သင်းပေါင်း သွင်းဂိုးလည်း များတတ်လို့ ဒီပွဲ မှာတော့ Form မိနေတဲ့ အိမ်ရှင်နဲ့ ဂိုးပေါ် ၃.၀၀ ကို ရွေးချယ်ထားချင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်