နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နယူးကာဆယ်မှာပဲ ပျော်ရွှင်နေကြောင်း ပြောလာတဲ့ အာဆင်နယ် ပစ်မှတ် အိဆက်ခ် | ပရီးမီးယားလိဂ်

နယူးကာဆယ် တိုက်စစ်မှူး အလက်ဇန္တား အိုဆက်ခ် ကိုတော့ ပရီးမီးယားလိဂ် ပြိုင်ဘက် အာဆင်နယ်က စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမား ကိုယ်တိုင် ကတော့ မြောက်လန်ဒန် ကလပ်ကို ပြောင်းရွှေ့ဖို့ထက် နယူးကာဆယ် အသင်းမှာသာ ပျော်ရွှင်နေကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

အသက် ၂၄ နှစ် အရွယ် ဆွီဒင် လက်ရွေးစင် တိုက်စစ်မှူးက ပြီးခဲ့တဲ့ ၂၀၂၃/၂၄ ဘောလုံးရာသီ အတွင်း ပြိုင်ပွဲစုံ ပွဲ ၄၀ ကစားရာမှာ ၂၅ ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ဥရောပထိပ်တန်း အသင်းတွေရဲ့ စိတ်ဝင်စားခြင်း ခံနေရသူ ဖြစ်ပါတယ်။ ဒီကစားသမားရဲ့ စွမ်းဆောင်ရည် ကိုတော့ ဒီနွေရာသီမှာ တိုက်စစ်မှူး တစ်ဦး ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ အာဆင်နယ် အသင်းက စိတ်အဝင်စားဆုံး ဖြစ်ပြီဂ နည်းပြ မီခဲလ် အာတေးတား ကလည်း တော်တော်လေး သဘောကျနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အိဆက်ခ်ဟာ ငှက်ကြားတွေနဲ့ပဲ ဆက်နေချင်နေကြောင်း ပြောကြားလာခဲ့တာပါ။

“ကျွန်တော် နယူးကာဆယ်မှာ ပျော်နေပြီး ကျွန်တော့် ကစားသမားဘ၀မှာ အကောင်းဆုံး ရာသီကို လျှော့တွက်လို့ မရပါဘူး။ ကလပ်၊ ပရိသတ်တွေ၊ မြို့နဲ့ ပတ်သက်တဲ့ အရာအားလုံးကို ကျွန်တော် နှစ်သက်ပါတယ်” လို့ အိဆက်ခ်က Fotballskanalen ကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး အိဆက်ခ်က “ဒါဟာ ကျွန်တော့်ရဲ့ အနာဂတ် အတွက် မှန်းဆရဦးမယ့် အရာ မဟုတ်ပါဘူး၊ ကျွန်တော် ထွက်ခွာဖို့ စိတ်ကူး မရှိပါဘူး။ ကလပ်မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောဆိုထားတာ မရှိသေးသလို အသင်းက ကျွန်တော့်ကို ရောင်းထုတ်ရမယ် ဆိုတဲ့ သတင်းအချက်အလက်လည်း မရရှိခဲ့ပါဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။

တစ်ဖက်မှာ မန်ချက်စတာယူနိုက်တက် ကလည်း အိဆက်ခ်ကို စိတ်ဝင်စားနေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ယူနိုက်တက်ဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ မန်စီးတီးကို အနိုင်ရရှိခဲ့ပြီးနောက် ယူရိုပါလိဂ် ဝင်ခွင့် ရထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဥရောပ ပြိုင်ပွဲ ကစားဖို့ ရှိနေတဲ့ ယူနိုက်တက် အနေနဲ့ ကစားသမား အင်အား ဖြည့်တင်းဖို့ ရှိနေပြီး တိုက်စစ်ပိုင်း အတွက် အိဆက်ခ်ကို မျက်စိကျနေတာ ဖြစ်နိုင်ပါတယ်။ အဓိက ကတော့ အိဆက်ခ်ဟာ ဥရောပ ပြိုင်ပွဲတွေမှာ အတွေ့အကြုံ ရှိပြီး စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်တဲ့ ကစားသမား ဖြစ်တာကြောင့် ယူနိုက်တက်ရော၊ အာဆင်နယ် ကပါ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

အိဆက်ခ်ဟာ ၂၀၂၂ ခုနှစ်မှာ ရီးရဲလ်ဆိုစီဒက် ကနေ ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ်ကို ပြောင်းရွှေ့လာသူ ဖြစ်ပါတယ်။ ပေါင် ၆၃ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး ကလပ် စံချိန်တင်ကြေးနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒီ ဆွီဒင် ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီက အင်္ဂလန် လက်ရွေးစင် ကစားသမားတွေ ဖြစ်တဲ့ အန်တိုနီ ဂေါ်ဒွန်နဲ့ ကယ်လမ် ဝီလ်ဆင် တို့ထက် ဂိုးပိုသွင်းနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်က တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ ခေါ်ယူဖို့ ရှိနေပြီး ကစားသမား အများအပြား ကိုလည်း ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ သတင်းတွေအရ ဆိုရင်တော့ အာဆင်နယ်ရဲ့ တိုက်စစ်မှူး ပစ်မှတ် စာရင်းထဲမှာ ဘင်ဂျာမင် ဆက်စ်ကို၊ အိုင်ဗန် တိုနေး၊ ဗစ်တာ အိုဆင်မ်ဟန်၊ အလက်ဇန္တား အိဆက်ခ် တို့ ပါဝင်နေပါတယ်။ ဒီထဲမှာမှ ဆက်စ်ကိုနဲ့ အိုဆင်မ်ဟန် တို့ဟာ အာဆင်နယ်နဲ့ သတင်းတွေ အထွက်ဆုံး ဖြစ်ပြီး အိဆက်ခ် ကတော့ သူကိုယ်တိုင်က နယူးကာဆယ်မှာ ဆက်နေချင်သလို ပြောင်းရွှေ့ကြေး ကလည်း များပြားဖို့ ရှိနေတာကြောင့် ဖြစ်နိုင်ချေ အနည်းဆုံး ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်