နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အာဆင်နယ် အနိုင်သေချာပေမယ့် ဂိုးတော့ မပေါ်နိုင်ဘူး | ဝက်ဖို့ဒ် – အာဆင်နယ် (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

ဝက်ဖို့ဒ် – အာဆင်နယ်

တနင်္ဂနွေနေ့ ညမှာ ပရီးမီးယားလိဂ် ပွဲစဉ် ၂ ပွဲ ဆက်လက် ယှဉ်ပြိုင် ကစားဖို့ ရှိနေပြီး အာဆင်နယ်တို့ ဝက်ဖို့ဒ်ရဲ့ အိမ်ကွင်း ဗီကာရေ့ဂျ်ရုတ်ဒ်ကို သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အဓိက ပြိုင်ဘက်တွေထက် ပိုပြီး အခွင့်အရေး ရှိနေတဲ့ အာဆင်နယ်တို့ တန်းဆင်းဇုန်ထဲက ဝက်ဖို့ဒ်ကို အသာအယာ အနိုင်ယူပြီး ၃ မှတ် အပြည့် ရသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

နည်းပြ ရိုင်းဟော့ဆန်ရဲ့ လမ်းပြမှုနဲ့ အတူ ဝက်ဖို့ဒ်တို့ ပရီးမီးယားလိဂ် မှာ တင်ကျန်စေရေး အတွက် အစွမ်းကုန် ကြိုးစားနေပေမယ့် ရလဒ်ပိုင်း ကတော့ တက်မလာသေးပါဘူး။ ပြီးခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ပွဲမှာ ခံစစ် ကစားပုံ သိသိသာသာ တိုးတက်လာခဲ့ပေမယ့် တိုက်စစ် ကတော့ အရင်လိုပဲ အသက်မဲ့နေတုန်းပဲ ဖြစ်ပါတယ်။ ရွိုင်းဟော့ဆန် စတင် ကိုင်တွယ်ချိန်က စလို့ ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲမှာ သွင်းဂိုး ၂ ဂိုးသာ ရှိထားတာကို ကြည့်ခြင်းအားဖြင့် ဝက်ဖို့ဒ်တို့ တိုက်စစ် ဘယ်လောက်အထိ အားနည်းနေတယ် ဆိုတာ သိနိုင်ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် ၂၆ ပွဲ ကစားပြီးချိန်အထိ ၅ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၁၇ ပွဲ ရှုံးနိမ့်ထားတဲ့ ဝက်ဖို့ဒ်တို့ ရမှတ် ၁၉ မှတ်သာ ရရှိထားပါတယ်။ ဒါ့အပြင် ဝက်ဖို့ဒ်ဟာ အဝေးကွင်းထက် အိမ်ကွင်း စွမ်းဆောင်ရည် ပိုညံ့တဲ့ အသင်း ဖြစ်ပြီး အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၇ ပွဲဆက် ရှုံးနိမ့်ထားသလို ဗီကာရော့ဂျ်ရုတ်ဒ်မှာ စုစုပေါင်း ရှုံးပွဲ ၁၀ ပွဲ ရှိထားခဲ့ပြီလည်း ဖြစ်ပါတယ်။ တန်းဆင်းရဖို့ သေချာသလောက် ရှိနေပေမယ့် ရွိုင်းဟော့ဆန် အနေနဲ့ လက်ကျန် ပွဲစဉ်တွေမှာ ရရင် ရသလောက် အမှတ်ယူဖို့ သူ့ရဲ့ အသင်းကို ညွှန်ကြားထားပြီး အခုပွဲမှာလည်း အာဆင်နယ်ကို ဒုက္ခပေးနိုင်ဖို့ အသေအချာ ပြင်ဆင်လာပါလိမ့်မယ်။ ဒီပွဲမှာ အီတီဘို ပြန်လည် ပါဝင်လာနိုင်ဖွယ် ရှိနေပေမယ့် အဓိက ကစားသမားတွေ ဖြစ်တဲ့ အန်ကူလူ၊ အစ္စမေလာ ဆား၊ ဒန်နီရို့စ် ကတော့ ဒဏ်ရာကြောင့် ကျိန်းသေပေါက် လွဲချော်ဖို့ ရှိနေပါတယ်။ ဖြစ်နိုင်ဖွယ် လူစာရင်း အရ ဆိုရင်တော့ ကင်းန်၊ ဒန်းနစ်၊ ဆီမာ တိုက်စစ် အတွဲနဲ့ အတူ ကွင်းလယ်မှာ လိုဇာ၊ ကလီဗာလေ၊ ဆစ်ဆိုခို၊ ခံစစ်မှာ ကာမာရာ၊ ကတ်သ်ကတ်၊ ဆာမီရာ၊ အန်ဂါကီရာ၊ ဖော်စတာ တို့ ပါဝင်လာဖွယ် ရှိနေပါတယ်။

နည်းပြ ရိုင်းဟော့ဆန်ရဲ့ လမ်းပြမှုနဲ့ အတူ ဝက်ဖို့ဒ်တို့ ပရီးမီးယားလိဂ် မှာ တင်ကျန်စေရေး အတွက် အစွမ်းကုန် ကြိုးစားနေပေမယ့် ရလဒ်ပိုင်း ကတော့ တက်မလာသေးပါဘူး။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၉ နေရာမှာ ရပ်တည်နေတဲ့ ဝက်ဖို့ဒ်

ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အားစိုက်နေတဲ့ အာဆင်နယ် အတွက် လွယ်မယောင်နဲ့ ခက်တဲ့ ပွဲစဉ် ဖြစ်လာဖို့ ရှိနေပါတယ်။ ပထမအကျော့ အန်းမရိတ်စ်မှာ ခက်ခက်ခဲခဲ ကစားပြီးမှ စမစ်ရိုးဝ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရထားခဲ့တဲ့ အာဆင်နယ်တို့ လက်တလော ဝက်ဖို့ဒ်ရဲ့ တိုးတက်လာတဲ့ ခံစစ် ကစားပုံကြောင့် ဂိုးရဖို့ ရုန်းကန်ရဦးမယ့် သဘော ရှိနေတာပါ။ လက်ရှိ ခြေစွမ်းပိုင်း အရ ဆိုရင်တော့ အာဆင်နယ်တို့ တိုက်စစ် အနည်းငယ် အားနည်းနေတာက လွဲရင် ကျန်အပိုင်းတွေ မှာတော့ အပြစ်ပြောစရာ သိပ်ပြီး မရှိတာ တွေ့ရပါတယ်။ ပါတေးနဲ့ ချာကာ ကွင်းလယ်က တစ်ပွဲထက် တစ်ပွဲ တည်ငြိမ်လာခဲ့သလို မာတင် အိုဒီဂတ်ရဲ့ ဖန်တီးမှုတွေကြောင့် အာဆင်နယ်တို့ တိုက်စစ် မထက်မြတ်ပေမယ့် သွင်းဂိုးတွေ ရှာဖွေထားနိုင်ထားနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အဓိက ယှဉ်ပြိုင်နေရတဲ့ အသင်းတွေ အားလုံးထက် ပွဲလျော့ ကစားထားတဲ့ အချက်က အာဆင်နယ် အတွက် အားသာချက် ဖြစ်နေပြီး အချိန်အတန်ကြာ ဝေးကွာနေတဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ပြန်ရဖို့ အတွက် အခြေအနေ ကောင်းနေတယ်လို့ ပြောလို့ ရပါတယ်။ ဒါကြောင့် မီခယ်အာတေးတားရဲ့ အသင်းက ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ်တိုင်းမှာ ၃ မှတ် အပြည့်ယူနိုင်ဖို့ အားစိုက်နေတာ ဖြစ်ပါတယ်။ အခုလာမယ့်ပွဲ မှာလည်း အာဆင်နယ်တို့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ဝက်ဖို့ဒ်ကို ရင်ဆိုင်သွားဖို့ ရှိနေပြီး မာတင်နယ်လီ သို့မဟုတ် စမစ်ရိုးဝ် ပါဝင်လာနိုင်တာ ကလွဲရင် အပြောင်းအလဲ မရှိနိုင်ပါဘူး။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ဘိုင်ယန်မြူးနစ်
ရက်ဒ် ဘူးလ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး ၁၂ ကြိမ်မှာ ဝက်ဖို့ဒ်တို့ ၃ ကြိမ်သာ အနိုင်ရခဲ့ပြီး အာဆင်နယ် ကတော့ ၈ ကြိမ် ပြန်လည် အနိုင်ရထားခဲ့ပါတယ်။ နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ်မှာလည်း ဝက်ဖို့ဒ်တို့ ၂၀၁၉ ဘောလုံးရာသီက ၁ ကြိမ်သာ သရေ ကစားနိုင်ခဲ့ပြီး ကျန် ၄ ကြိမ်စလုံးမှာ အာဆင်နယ်ကို အရှုံးပေးထားခဲ့ရပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP 1X2 မှာတော့ ဝက်ဖို့ဒ် အတွက် ၆.၀၀ဆ၊ သရေ အတွက် ၃.၇၅ ဆ၊ အာဆင်နယ် အတွက် ၁.၅၇ ဆ ကြေးဖွင့်ထားပါတယ်။ အထက်မှာ ပြောခဲ့သလိုပဲ ဝက်ဖို့ဒ်ရဲ့ ခံစစ်ကြောင့် အာဆင်နယ် တိုက်စစ်က ဂိုးရဖို့ ရုန်းကန်ရနိုင်ပါတယ်။ ဒါပေမယ့် လုံးဝ ဂိုးမရနိုင်ဘူးလို့ ပြောချင်တာ မဟုတ်ပါ။ အာဆင်နယ် အနိုင်သေချာပြီး ၀-၂ ရလဒ် က အလွန်ဆုံးပါပဲ။ အဲ့တော့ အာဆင်နယ်နဲ့ အတူ ဂိုးအောက် ၂.၅၀ ကို ရွေးချယ်ထားတာ အပြည့်အဝ ပျော်ရွှင်ခွင့်ရနိုင်မယ် ထင်ပါတယ်။

ခန့်မှန်းရလဒ် (၀-၂)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်