ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ နယူးကာဆယ်ရဲ့ ဆွီဒင် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်ကို ခေါ်ယူဖို့ အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ထားတဲ့ အသင်း ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ ဒီကစားသမား တန်ကြေးက မြင့်မားလွန်းနေတာကြောင့် ဖရန့်ဖတ် တိုက်စစ်မှူး ဟူဂို အစ်ကီတီကီ ကိုသာ ပြောင်းလဲ ပစ်မှတ်ထားလာခဲ့ကြောင်း သတင်းတွေမှာ ဖော်ပြလျက် ရှိပါတယ်။
လက်ရှိမှာ အသက် ၂၂ နှစ် အရွယ်သာ ရှိနေသေးတဲ့ ပီအက်စ်ဂျီ ကစားသမားဟောင်း အစ်ကီတီကီဟာ ပီအက်စ်ဂျီ ကနေ ဖရန့်ဖတ်ကို ကာလတို အငှားစာချုပ်နဲ့ အရင်ဆုံး ပြောင်းရွှေ့လာခဲ့သူပါ။ ဒါပေမယ့်လည်း ခြေစွမ်းခြေစ ရှိတဲ့ သူ့ကို ဖရန့်ဖတ်က အပြီးသတ် ခေါ်ယူခဲ့ပြီးတော့ သူက ဒီရာသီ မှာလည်း ဘွန်ဒက်စ်လီဂါ ကလပ် အတွက် ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။ အစ်ကီတီကီဟာ အသင်း အတွက် ပြိုင်ပွဲစုံမှာ ၁၉ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှုလည်း ၈ ကြိမ်အထိ ပြုလုပ်ထားပါတယ်။ ဒါ့အပြင် ပြင်သစ်သားက ဒီရာသီ ဘွန်ဒက်စ်လီဂါ မှာလည်း ၁၃ ဂိုး သွင်းယူကာ ၄ ဂိုး ဖန်တီးပေးထားပါတယ်။
ဒီလို အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်တဲ့ အစ်ကီတီကီကို ပရီးမီးယားလိဂ် ကလပ်တွေက အပြိုင်အဆိုင် စိတ်ဝင်စားနေကြပြီးတော့ ယူနိုက်တက်၊ ဝက်စ်ဟမ်းနဲ့ လက်ရှိမှာ အာဆင်နယ်လည်း ပါဝင်လာပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဖရန့်ဖတ် ကတော့ သူတို့ရဲ့ ကစားသမား အတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၆၀ လောက် အထိ အလိုရှိနေပါတယ်။ ဒါ့အပြင် ဖရန့်ဖတ်ဟာ အိုမာ မာမွတ်ရှ်ကို လက်လွှတ်ခဲရစဉ် ကလည်း များပြားတဲ့ ပြောင်းရွှေ့ကြေးကို တောင်းဆိုခဲ့တာကို ကြည့်ခြင်း အားဖြင့် အစ်ကီတီကီကို လိုချင်တဲ့ အသင်းတွေ အနေနဲ့လည်း အလွယ်တကူတော့ ခေါ်ယူနိုင်ဖို့ မရှိပါဘူး။ တစ်ခုရှိတာက ပေါင်သန်း ၆၀ ဆိုတဲ့ ပမာဏဟာ အိဆက်ခ် အတွက် အသုံးပြုရမယ့် ပြောင်းရွှေ့ကြေးထက် တစ်ဝက်လောက်သာ ရှိတာကြောင့် အာဆင်နယ် အတွက် စဉ်းစားစရာ အခြေအနေပါ။

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ဟာ အထောင် တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ လိုအပ်နေတာကြောင့် ဆွီဒင် ဂိုးသွင်းစက် အလက်ဇန္တား အိဆက်ခ်ကို အသည်းအသန် လိုချင်နေတာ ဖြစ်ပါတယ်။ တစ်ဖက် မှာလည်း နယူးကာဆယ်က သူတို့ရဲ့ ကြယ်ပွင့် တိုက်စစ်မှူးကို အသင်း ကနေ အလွယ်တကူ ရောင်းချလိုခြင်း မရှိသလို လက်လွှတ်ရမယ် ဆိုရင်လည်း ပေါင်သန်း ၁၅၀ လောက် အထိပါ တောင်းဆိုလာဖို့ ရှိနေတာပါ။ ဗြိတိန်က လာတဲ့ သတင်းတွေ မှာတော့ အာဆင်နယ်ဟာ အိဆက်ခ် တစ်ဦးတည်း အတွက် ပေါင် သန်း ၁၅၀ အသုံးပြုမယ့် အစား တခြားသော တိုက်စစ် ရွေးချယ်စရာတွေကို ပြောင်းလဲ စဉ်းစားဖို့ ရှိနေတယ်လို့ ခန့်မှန်းသုံးသပ်နေကြပါတယ်။
အခုနောက်ဆုံး ရတဲ့ သတင်းမှာတော့ အိဆက်ခ်က နယူးကာဆယ်နဲ့ စာချုပ်သက်တမ်း တိုးဖို့ ဆွေးနွေးနေမှုကို ခတ္တ ရပ်နားထားတယ်လို့ သိရပြီး ဒီအခြေအနေကြောင့် အာဆင်နယ်ရဲ့ စိတ်ဝင်စားမှုတွေကို ပိုပြီး တိုးလာဖို့ ရှိနေကြောင်း ဖော်ပြကြပါတယ်။ ဒါ့အပြင် အိဆက်ခ်ဟာ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ကို ပြောင်းရွှေ့ချင်တာကြောင့် ဘာစီလိုနာ၊ လစ်ဗာပူးလ်၊ ချဲလ်ဆီး တို့ရဲ့ စိတ်ဝင်စားမှုတွေ ကိုတောင် ငြင်းဆန် ပယ်ချထားတယ်လို့လည်း သိရပါတယ်။
တစ်ဖက် မှာလည်း ဖရန့်ဖတ် တိုက်စစ်မှူး အစ်ကီတီကီ ကိုယ်တိုင် ကလည်း သူရဲ့ ကစားသမား ဘဝကို နောက်တစ်ဆင့် မြှင့်တင်ချင်နေသူ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို စိတ်ဝင်စားနေတဲ့ အသင်းတွေ အထဲ ကမှ ချန်ပီယံလိဂ် ဝင်ခွင့် ရတဲ့ ကလပ် တစ်ခုဆီ ပြောင်းရွှေ့ချင်နေပြီး ဖရန့်ဖတ်ကို စွန့်ခွာဖို့လည်း စဉ်းစားနေကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.