နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘင်ဂျာမင် ဆက်စ်ကို ကို ခေါ်ယူဖို့ လက်မလျှော့သေးတဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး ကလပ် အာဆင်နယ် ကတော့ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ အတွက် ဘင်ဂျာမင် ဆက်စ်ကို,ကို ပစ်မှတ်ထားနေဆဲ ဖြစ်ကြောင်း သိရပါတယ်။ အသက် ၂၁ နှစ် အရွယ် စလိုဗေးနီးယား တိုက်စစ်မှူး ကိုတော့ ဂန်းနားတွေဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ မှာ ကတည်းက ခေါ်ယူချင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဘင်ဂျာမင် ဆက်စ်ကို ကတော့ လက်ရှိမှာ ဥရောပရဲ့ အထွန်းတောက်ဆုံး လူငယ် တိုက်စစ် ကြယ်ပွင့်တွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ ဆက်စ်ကို ကို ပြီးခဲ့တဲ့ ရာသီ ကတည်းက အာဆင်နယ် အပြင် အခြားသော ဥရောပထိပ်တန်း ကလပ် များစွာက ခေါ်ယူချင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆက်စ်ကိုဟာ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရရှိခဲ့တဲ့ အထိ မြောက်လန်ဒန် ကလပ်ကို ရောက်ရှိဖို့ နီးစပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမား ကိုယ်တိုင် ကတော့ နောက်ဆုံးမှာ ဘယ်ကလပ် ကိုမှ မရွေးချယ်ခဲ့ပဲ လိုက်ပ်ဇစ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဆက်စ်ကိုဟာ အထောင်တိုက်စစ် နေရာမှာ သာမက လိုအပ်ရင် လိုအပ်သလို ကွင်းလယ် တိုက်စစ်နေရာမှာပါ ကစားနိုင်သူ ဖြစ်ပါတယ်။ ဒီတိုက်စစ်မှူးလေးဟာ ပြီးခဲ့တဲ့ ရာသီက လိုက်ပ်ဇစ် အတွက် ၄၂ ပွဲ ပါဝင်ကစားပြီးတော့ ၁၈ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဆက်စ်ကိုက ဒီရာသီမှာတော့ လိုက်ပ်ဇစ် အတွက် ပြိုင်ပွဲစုံ ၉ ပွဲ ကစားရာမှာ ၆ ဂိုး သွင်းယူထားပြီးတော့ ဂိုးဖန်တီးမှုတွေလည်း ပြုလုပ်ထားသူ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ လက်ရှိအချိန်မှာ တိုက်စစ်ပိုင်း အတွက် ကိုင် ဟာဗက်ဇ်ကို အဓိက တိုက်စစ်မှူး အဖြစ် အသုံးပြု ကစားနေရတာ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် ရာသီမှာတော့ မီခဲလ် အာတေးတားက ကိုင် ဟာဗက်ဇ်ကို ကွင်းလယ်ပိုင်းမှာ ပြန်လည် အသုံးပြုဖို့ ရည်ရွယ်ထားပြီး အထောင် တိုက်စစ် နေရာ မှာတော့ ဆက်စ်ကိုနဲ့ အစားထိုးချင်နေတာ ဖြစ်ပါတယ်။ အာဆင်နယ် ကတော့ ဆက်စ်ကို အပြင် နောက်ထပ် တိုက်စစ်မှူး တစ်ဦး အဖြစ် နယူးကာဆယ်ရဲ့ ဆွီဒင် လက်ရွေးစင် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ် ကိုလည်း ခေါ်ယူ အားဖြည့်ဖို့ စိတ်ဝင်စားနေကြောင်းလည်း သိရပါတယ်။  

အာဆင်နယ်ဟာ အထောင် တိုက်စစ်မှူးစစ်စစ် မရှိပေမယ့်လည်း ပြီးခဲ့တဲ့ ရာသီတွေမှာ နေရာစုံက ကစားသမားတွေ ဂိုးသွင်းနေနိုင်ခြင်းနဲ့ အတူ လိုအပ်နေတဲ့ သွင်းဂိုးတွေ ရရှိနေခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဒီရာသီ ပရီးမီးယားလိဂ် မှာလည်း တိုက်စစ်က သွင်းဂိုး ၁၅ ဂိုး ရရှိထားပြီး ပေးဂိုး ကလည်း ၆ ဂိုးသာ ပေးထားရပါတယ်။ ဒါပေမယ့်လည်း မီခဲလ် အာတေးတားနဲ့ အက်ဒူး တို့ကတော့ ပုံမှန် ဂိုးသွင်းနိုင်မယ့် တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ် အနေနဲ့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ ခေါ်ယူဖို့ ကျိန်းသေပေါက် ကြိုးပမ်းသွားဖွယ် ရှိနေတာပဲ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်