ဒီကနေ့ မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် မြောက်လန်ဒန်ဒါဘီ ကတော့ အကြိတ်အနယ် ရှိခဲ့ပြီး အာဆင်နယ်က တော့တင်ဟမ်ဟော့စပါးကို အမ်းမရိတ်စ်မှာ ၂-၁ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ အိမ်ရှင် အာဆင်နယ်က ပွဲချိန် တလျှောက်လုံး အသာစီးနဲ့ ကစားပြီးတော့ ပထမပိုင်း သွင်းဂိုးတွေနဲ့ပဲ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ အာဆင်နယ်က လက်ရှိ အကောင်းဆုံးလို့ ပြောနိုင်တဲ့ လူစာရင်းနဲ့ ပွဲထွက်လာခဲ့ပြီး ဂိုးမှာ ရာယာ၊ နောက်တန်းမှာ ဂါဘရီရယ်၊ ဆလီဘာ၊ လီဝစ် စကယ်လီ၊ တင်ဘာ၊ ကွင်းလယ် မှာတော့ ရိုက်စ်၊ ပါတေးနဲ့ အိုဒီဂတ်၊ တိုက်စစ်မှာတော့ စတာလင်၊ ထရော့ဆက်ဒ်နဲ့ ကိုင် ဟာဗက်ဇ် တို့ပဲ ပွဲထွက်လာခဲ့ပါတယ်။ စပါး ကလည်း ကင်စကီး၊ အာချီ ဂရေး၊ ဒရာဂူဆင်၊ ပေါ်ရို၊ စပန့်စ်၊ ဘစ်ဆူးမား၊ ဆား၊ ဘာ့ဂျ်ဗဲလ်၊ ကူလူဆက်ဗ်စကီး၊ ဆွန်၊ ဆိုလန်ကီ တို့နဲ့ အာဆင်နယ်ကို ပြန်လည် ရင်ဆိုင်သွားခဲ့ပါတယ်။
ထုံးစံအတိုင်း အာဆင်နယ်က ပွဲစတာနဲ့ စပါး ဘက်ကို ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့ ထိန်းချုပ်နိုင်ခဲ့ပြီး ဂိုးရဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်က နောက်တန်းနဲ့ ကွင်းလယ်က ကမ္ဘာ့အဆင့် ရှိသလောက် တိုက်စစ် ကတော့ အပျော်တမ်း အဆင့်သာသာပဲ ရှိတာကြောင့် ဂိုးရဖို့ ခက်ခဲခဲ့ပါတယ်။ ကိုင်ဟာဗက်ဇ်၊ စတာလင် တို့ရဲ့ ခြေစွမ်း ကလည်း ဝေဖန်ချင်စရာ ဖြစ်ခဲ့ပြန်ပြီး ဖန်တီးပေးသမျှကို ဖြုန်းတီးလိုက်၊ နောက်ပြန်ပေးလိုက်နဲ့ပဲ အချိန်ကုန်နေခဲ့ရပါတယ်။ ဒါကြောင့် တိုက်စစ်ကို ထိရောက်စွာ ကစားနိုင်တဲ့ စပါးက ဦးဆောင်ဂိုး ရခဲ့ပြီး ဆွန်ဟောင်မင်ရဲ့ ကန်ချက်က ဆလီဘာနဲ့ ထိကာ ဂိုးထဲ ဝင်ခဲ့လို့ ဂိုးသမား ရာယာလည်း ဘာမှမတတ်နိုင်ခဲ့ပါဘူး။
အဲဒီနောက် အာဆင်နယ်က လျင်လျင်မြန်မြန်ပဲ ပြန်လည် ချေပနိုင်ဖို့ တိုက်စစ် ဆက်လက် တင်ကစားခဲ့ပြီး ပွဲချိန် မိနစ် ၄၀ မှတော့ ဂိုးပြန်ရခဲ့ပါတယ်။ ထုံးစံအတိုင်း အာဆင်နယ်က သူတို့ ကျွမ်းကျင်တဲ့ Set-Piece ကနေပဲ ဂိုးရခဲ့တာ ဖြစ်ပြီး နောက်ခံလူ ဂါဘရီရယ်က စပါး ခံစစ်က လိုက်ထိန်းနေတဲ့ ကြားက ခေါင်းတိုက်ရာ ကနေ ဆိုလန်ကီနဲ့ ထိပြီး ဂိုးဝင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း မှာလည်း အာဆင်နယ်က ပွဲကို ဆက်လက် ထိန်းချုပ်ထားပြီး ၄ မိနစ် အကြာ မှာတော့ အိုဒီဂတ် ခင်းပေးလိုက်တဲ့ ဘောလုံးကို ထရော့ဆက်ဒ်က ဆွဲပြေးပြီး တိုက်ရိုက် ကန်သွင်းခဲ့လို့ အနိုင်ဂိုး ရရှိခဲ့ပါတယ်။ ဒုတိယပိုင်း မှာလည်း ပွဲချိန် တချို့မှာ စပါးတို့ တိုက်စစ်ဆင်နိုင်ခဲ့ပေမယ့် ဂိုးမရခဲ့သလို အာဆင်နယ် တိုက်စစ် ကလည်း ဂိုးရနိုင်တဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ ၂-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။
ဒီနိုင်ပွဲက အာဆင်နယ်ရဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်နေမှုကို အဆုံးသတ်ပေးနိုင်ခဲ့သလို ခါးသီး ဒါဘီမှာ အနိုင်ရခဲ့တာကြောင့်လည်း ဂန်းနားတွေ အတွက် ပိုပြီး ချိုမြိန်ခဲ့ရပါတယ်။ အာဆင်နယ်ဟာ တော့တင်ဟမ်ဟော့စပါးနဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၆ ပွဲမှာ ၅ ပွဲနိုင်၊ ၁ ပွဲ သရေ ရလဒ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ်က ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးက လစ်ဗာပူးလ်ကို တစ်ပွဲ ပိုကစားကာ ၄ မှတ် အကွာနဲ့ ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒီပုံအတိုင်း ဆိုရင်တော့ ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံ တိုက်ပွဲ ကတော့ ပိုပို စိတ်ဝင်စားဖို့ ကောင်းလာခဲ့ပြီလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.