နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မာတင်နယ်လီ၊ စမစ်ရိုးဝ် တို့ရဲ့ သွင်းဂိုးတွေနဲ့ ပေးဂိုးမရှိ အိမ်ကွင်း နိုင်ပွဲ ဆက်ခဲ့တဲ့ အာဆင်နယ် (ပရီးမီးယားလိဂ်ပွဲပြီးသုံးသပ်ချက်)

အာဆင်နယ် ၂ – ၀ ဝက်စ်ဟမ်း

မနေ့ညကယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် လန်ဒန်ဒါဘီမှာတော့ အာဆင်နယ်တို့ လူငယ် ကစားသမားတွေရဲ့ သွင်းဂိုးတွေနဲ့ ဝက်စ်ဟမ်းကိုအနိုင်ယူပြီးအိမ်ကွင်းရလဒ်ကောင်းတစ်ခုကိုထပ်မံရှာဖွေသွားနိုင်ခဲ့ပါတယ်။အာဆင်နယ်တို့ အိမ်ကွင်းပွဲစဉ် ၄ ပွဲဆက် ပေးဂိုးမရှိအနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းနဲ့ အတူအမှတ်ပေးဇယားအဆင့် ၄ နေရာကိုယာယီတက်လှမ်းနိုင်ခဲ့ပေမယ့် ဝက်စ်ဟမ်းကတော့ ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့လို့ အဆင့် ၅ နေရာကိုဆင်းပေးခဲ့ရပါတယ်။

ပရီးမီးယား လိဂ်
ချဲလ်ဆီး
အဲဗာတန်
1X2 ချဲလ်ဆီး @ 1.28
အဲဗာတန် အာရှ ဟန်းဒီးကပ် +1.25 @ 2.42
ဂိုး‌အောက် 2.75 @ 2.08
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာမီခယ်အာတေးတားရဲ့ အသင်းကဆောက်သမ်တန်ကိုအနိုင်ရခဲ့တဲ့ ပွဲကလူစာရင်းနဲ့ ကစားကွက် အတိုင်းပွဲထွက်လာခဲ့ပြီးဝက်စ်ဟမ်းကလည်းအဓိကကစားသမားအစုံအလင်နဲ့ အန်းမရိတ်စ်မှာလာရောက် ရင်ဆိုင်သွားခဲ့ပါတယ်။ ပထမပိုင်းပွဲကစားချိန် မှာထဲကတစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် ထိုးဖောက်မှုတွေပြုလုပ်နိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းလိုအပ်ချက်တွေကြောင့် သွင်းဂိုးတွေမရရှိခဲ့ပဲဂိုးမရှိသရေရလဒ်ထွက်ပေါ်နေခဲ့ပါတယ်။တီယာနေးရဲ့ အဝေးကန်ချက် တိကျပြီးကောင်းမွန်ခဲ့ပေမယ့် ဂိုးသမားဟောင်းဖေဘီယန်စကီးကအကောင်းဆုံးပုတ်ထုတ် ကာကွယ်သွားခဲ့လို့ အာဆင်နယ်တို့ ဦးဆောင်ဂိုးရမယ့် အခွင့်အရေးဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ အာဆင်နယ် ဘက်ကလူငယ် ကစားသမားတွေရဲ့ ရုန်းအားကြောင့် ဝက်စ်ဟမ်းနောက်တန်းကအမှားများလာခဲ့ပြီးပွဲချိန် ၄၈ မိနစ် မှာတော့ ဂန်းနားတို့ ဦးဆောင်ဂိုးစတင် ရရှိသွားခဲ့ပါတယ်။ လာကာဇက်ရဲ့ အကွက်မြင်မြင် ထိုးပေးလိုက်တဲ့ ဘောလုံးကိုမာတင်နယ်လီကတောက်လျောက် ဆွဲပြေးပြီးအဝေးတိုင် ဘက်ကိုလှလှပပကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။မီခယ် အာတေးတားရဲ့ အသင်းကနောက်ထပ် သွင်းဂိုးတွေထပ်ရဖို့ ကြိုးပမ်းခဲ့ပြီးအိုဒီဂတ် အစားစမစ်ရိုးဝ်ကိုလူစားလဲခဲ့တဲ့ နောက်မှာတော့ အာဆင်နယ်တို့ တန်ပြန် တိုက်စစ် ကစားပုံပိုပြီးသွက်လာခဲ့ပါတယ်။ ပွဲကစားချိန် ၆၇ မိနစ် မှာတော့ ဂိုးဧရိယာထဲမှာလာကာဇက်ကိုကြမ်းတမ်းစွာတားမိတဲ့ ဗလာဒီမာကူဖယ် နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပြီးပင်နယ်တီလည်းကန်ခွင့်ပေးခဲ့ရပါတယ်။ သို့ပေမယ့်လည်း Fresh ဖြစ်မနေတဲ့ လာကာဇက် အနေနဲ့ ဂိုးဝင်အောင် မကန်နိုင်ခဲ့လို့ အာဆင်နယ်တို့ ဒုတိယဦးဆောင်ဂိုးနဲ့ လွဲချော်ခဲ့ရပါတယ်။ အဲ့နောက် အာဆင်နယ်တို့ တစ်ယောက် အသာနဲ့ ကစားခဲ့ရတာကြောင့် ဝက်စ်ဟမ်းဘက်ကိုထိရောက်တဲ့ ထိုးဖောက်မှုတွေပိုမိုပြုလုပ်နိုင်ခဲ့ပြီးပွဲချိန် ၈၇ မိနစ်မှာဒုတိယဂိုးထပ်မံရရှိသွားခဲ့ပါတယ်။ တန်ပြန် တိုက်စစ်ကတစ်ဆင့် ဆာကာပေးတဲ့ ဘောလုံးကိုစမစ်ရိုးဝ်ကဆွဲပြေးပြီးဧရိယာထိပ် ကနေအပြင်းကန်သွင်းပေးခဲ့တာဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေမှာအာဆင်နယ်တို့ အနိုင်ရလဒ်ကိုထိန်းကစားသွားခဲ့လို့ ၂-၀ ရလဒ် နဲ့ပဲပွဲပြီးဆုံးသွားခဲ့ပြီးလှပတဲ့ အိမ်ကွင်းနိုင်ပွဲတစ်ပွဲထပ်မံရရှိသွားခဲ့ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာရှုံးနိမ့်သွားခဲ့တဲ့ဝက်စ်ဟမ်းတို့ပရီးမီးယားလိဂ်နောက်ဆုံး၂ပွဲဆက်နိုင်ပွဲပျောက်ဆုံးခဲ့ခြင်းနဲ့အတူအမှတ်ပေးဇယားအဆင့်၅နေရာကိုဆင်းခဲ့ရပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၅ နေရာကိုဆင်းခဲ့ရတဲ့ ဝက်စ်ဟမ်း

ဒီနေ့ပွဲမှာအာဆင်နယ်တို့ ဝက်စ်ဟမ်းကိုဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ကစားသွားနိုင်ခဲ့ပြီးဂိုးပေါက် ခြိမ်းခြောက်မှု၊ ဂိုးပေါက်တည့်မှုတွေမှာလည်းအပြတ်အသတ် အသာစီးရခဲ့တာတွေ့ရပါတယ်။ ဝက်စ်ဟမ်းခံစစ်ကကူဖယ် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့်လည်းဒီလိုရလဒ်နဲ့ ပွဲပြီးဆုံးဖို့ အကြောင်းရင်းတစ်ခုဖြစ်ခဲ့ပေမယ့် ဒီနေ့ပွဲမှာမီခယ်အာတေးတားရဲ့ လူငယ် ကစားသမားတွေကြိုးစားအားထုတ်မှုနဲ့ ခြေစွမ်းကောင်းမွန်ခဲ့လို့သာအနိုင် ၃ မှတ်ကိုထိုက်ထိုက်တန်တန် ရရှိသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ် အနေနဲ့ ဒီရာသီမှာပရီးမီးယားလိဂ်သွင်းဂိုး ၂၃ ဂိုးရယူထားနိုင်ခဲ့ပြီးအဲ့ထဲကမှ ၁၆ ဂိုးကိုတော့ အသက် ၂၃ နှစ်နဲ့အောက် လူငယ် ကစားသမားတွေကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အာရွန် ရမ်းစ်ဒဲလ် ကတော့ ပရီးမီးယားလိဂ်မှာအာဆင်နယ် အတွက် ပေးဂိုးမရှိပွဲစဉ် ၈ ပွဲရယူပေးနိုင်ခဲ့ပြီးသူ့ရဲ့ အထက် မှာတော့ လစ်ဗာပူးလ်ကအလီဆွန် ဘက်ကာနဲ့ မန်စီးတီးကအီဒါဆင် တို့ပဲရှိတော့တာတွေ့ရပါတယ်။ရမ်းစ်ဒဲလ် အနေနဲ့ ၁၄ ပွဲပြီး ၈ ပွဲပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပြီးအလီဆွန် ကတော့ ၁၆ ပွဲကစား ၉ ပွဲပေးဂိုးမရှိ၊ အီဒါဆင် ကတော့ ၁၇ ပွဲကစား ၉ ပွဲပေးဂိုးမရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် မှတ်တမ်းဆိုးတစ်ခုကတော့ အာဆင်နယ်တို့ ဒီနှစ် ပရီးမီးယားလိဂ်မှာရရှိခဲ့တဲ့ ပင်နယ်တီ ၃ ကြိမ်လုံးကိုဝင်အောင် ကန်သွင်းနိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

ဒီနေ့ပွဲမှာရှုံးနိမ့်သွားခဲ့တဲ့ ဝက်စ်ဟမ်းတို့ ပရီးမီးယားလိဂ်နောက်ဆုံး ၂ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ခြင်းနဲ့ အတူအမှတ်ပေးဇယားအဆင့် ၅ နေရာကိုဆင်းခဲ့ရပါတယ်။

 

လာမယ့်ပွဲစဉ်များ

အာဆင်နယ်တို့ လာမယ့် ဒီဇင်ဘာလ ၁၉ ရက်နေ့မှာလိဒ်စ်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၈ ကစားဖို့ ရှိပြီးဝက်စ်ဟမ်းကတော့ နော့ဝှစ်ချ်စီးတီးနဲ့ ကစားရမှာဖြစ်ပါတယ်။

 

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်