နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

၂၂ နှစ်ကြာ ဝေးကွာနေတဲ့ အောင်မြင်မှု အတွက် အခက်အခဲတွေကြားက ထိုးထွက် ရှေ့ဆက်နေဆဲ အာဆင်နယ် | ပရီးမီးယားလိဂ်

ညက ကစားခဲ့တဲ့ လန်ဒန် ဒါဘီ ပွဲစဉ် အပြီး မှာတော့ အာဆင်နယ်နဲ့ ချဲလ်ဆီး တို့ဟာ မတူညီတဲ့ ပရီးမီးယားလိဂ် စံချိန်သစ်တွေ ကိုယ်စီ ရရှိခဲ့ကြပါတယ်။ ဒီပွဲမှာ နှစ်သင်းစလုံးက Set Pieces တွေ ကနေ ဂိုး‌တွေ ရခဲ့ကြပြီး ဂန်းနားတွေက ခြင်္သေ့ပြာတွေကို ၂-၁ ရလဒ်နဲ့ အနိုင်ရကာ အမှတ်ပေးဇယား ထိပ်ကနေ ၅ မှတ််ဖြတ် ဆက်လက် ဦးဆောင်နေခဲ့ပါတယ်။ ဒါကြောင့် ဒီပွဲနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားစရာ အချက်အလက်တွေနဲ့ သုံးသပ်ချက်တွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးချင်ပါတယ်။

 

၁။ အာဆင်နယ်ရဲ့ မျိုးဆက်တစ်ခုစာ အားသာချက်နဲ့ ချဲလ်ဆီးရဲ့ အားနည်းချက်

ဘောလုံးပွဲဟာ ခန့်မှန်းရခက်တယ် ဆိုပေမယ့် ဒီပွဲရဲ့ အဖွင့်ဂိုး ကတော့ ဘယ်သူမဆို ကြိုတင်သိနိုင်တဲ့ အနေအထားပါ။ အာဆင်နယ်ဟာ Set-piece (ပြစ်ဒဏ်ဘော၊ ထောင့်ကန်ဘော) တွေမှာ ကမ္ဘာ့အဆင့် အစွမ်းထက်နေချိန်မှာ ချဲလ်ဆီး ကတော့ ဒီနေရာမှာ သိသိသာသာ အားနည်းနေတာကို တွေ့ရပါတယ်။

ဝီလီယမ် ဆာလီဘာရဲ့ အဖွင့်ဂိုးဟာ အာဆင်နယ် အတွက် ဒီရာသီ ထောင့်ကန်ဘော ကနေ တစ်ဆင့် (၁-၀) ဆိုတဲ့ ရလဒ်နဲ့ ဦးဆောင်နိုင်ခဲ့တဲ့ (၉) ကြိမ်မြောက် သွင်းဂိုး ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် သမိုင်းမှာ ၁၉၉၄-၉၅ ခုနှစ်က ဆောက်သမ်တန် ပြီးရင် ဒီလိုအခြေအနေမျိုး ကနေ အကြိမ် အများဆုံး ဦးဆောင်နိုင်တဲ့ အသင်း ဖြစ်လာပါတယ်။

ဂျူရီယန် တင်ဘာရဲ့ ဒုတိယဂိုး အပါအဝင် အာဆင်နယ်ဟာ ဒီရာသီ ထောင့်ကန်ဘော ကနေ စုစုပေါင်း (၁၆) ဂိုးအထိ ရရှိထားပြီး ဒါဟာ ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီ အတွင်း အများဆုံး စံချိန်ကို အမီလိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် တစ်ရာသီ အတွင်း ထောင့်ကန်ဘော ကနေ ဂိုးအများဆုံး သွင်းထားတဲ့ အသင်းတွေ ကတော့

  • ၁၉၉၂-၉၃ – အိုးလ်ဟမ်း (၁၆ ဂိုး)
  • ၂၀၁၆-၁၇ – ဝက်စ်ဘရွန်း (၁၆ ဂိုး)
  • ၂၀၂၃-၂၄ – အာဆင်နယ် (၁၆ ဂိုး)
  • ၂၀၂၅-၂၆ – အာဆင်နယ် (၁၆ ဂိုး)
 

၂။ ချဲလ်ဆီးရဲ့ အလားအလာကောင်းတွေကို ဖုံးလွှမ်းသွားတဲ့ အမှားဟောင်းများ

ဒီတော့ အာဆင်နယ် အနေနဲ့ ၂၂ နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကိုင်မြှောက်သွားနိုင်မလား။
ပရီးမီးယားလိဂ် ချန်ပီယံ အိမ်မက် အတွက် ဆက်လက် ရှေ့ဆက်နေတဲ့ အာဆင်နယ်

ပွဲချိန် မိနစ် ၇၀ ကျော် အထိ ၁-၁ ရလဒ်နဲ့ ချဲလ်ဆီးဟာ အနိုင်ဂိုး ရဖို့ အာဆင်နယ်ထက် ပိုနီးစပ်ခဲ့ပါတယ်။ ဒါပေမယ့် ပုံမှန်အတိုင်းပဲ Set Piece တွေကို တားဆီးတာ အားနည်းမှုနဲ့ ဒေါသရှေ့ထားမိတာက သူတို့ကို ဒုက္ခပေးသွားခဲ့ပြန်ပါတယ်။ ပတ်ဒရို နတ်တိုရဲ့ အနီကတ်ဟာ ချဲလ်ဆီး အတွက် ဒီရာသီ (၉) ကတ်မြောက် အနီကတ် ဖြစ်ပြီး ဒါဟာ ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီ အတွင်း အနီကတ် အများဆုံး ရတဲ့ စံချိန်ကို ပူးတွဲတင်ရှိသွားတာပါ။ ထူးခြားချက်က အဲဒီ အနီကတ် ၉ ကတ်ဟာ မတူညီတဲ့ ကစားသမား (၉) ဦးကြောင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ချဲလ်ဆီးဟာ တစ်ဦးချင်းစီရဲ့ အမှားထက် အသင်းလိုက် စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာ ဖြစ်နေပြီး ဒီအခြေအနေကို မဖြစ်မနေ ပြင်ဆင်နိုင်ဖို့ လိုအပ်နေပါပြီ။

တဖက် မှာလည်း နည်းဗျူဟာ အပြောင်းအလဲ တချို့ မြင်တွေ့ခဲ့ရပြီး နည်းပြ လီယမ် ရိုစီနီယာဟာ ဒီပွဲမှာ အရင်ပွဲတွေလို ခံစစ်မကစားဘဲ ကိုးလ် ပါးလ်မားကို ရှေ့တန်းအထိ တက်ကစားခိုင်းပြီး အာဆင်နယ် ခံစစ်ကို ဒုက္ခပေးနိုင်ခဲ့တာ ကတော့ ချီးကျူးစရာပါ။

ပရီးမီးယားလိဂ် တစ်ရာသီ အတွင်း အနီကတ် အများဆုံး ပြခံခဲ့ရတဲ့ အသင်းတွေ ကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ၂၀၀၈-၀၉ – ဆန်းဒါးလန်း (၉ ကတ်)
  • ၂၀၁၁-၂၀၁၂ – ကျူပီအာ (၉ ကတ်)
  • ၂၀၂၅-၂၆ – ချဲလ်ဆီး (၉ ကတ်)
 

၃။ အာဆင်နယ်အတွက် စိုးရိမ်စရာ “ Open Play” တိုက်စစ်

အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ဇယားထိပ်မှာ (၅) မှတ်ဖြတ် ဦးဆောင်နေပေမဲ့ တိုက်စစ်ပိုင်း ကတော့ ပုံမှန် အနေအထား ကနေ ဂိုးရဖို့ (Open Play) အတော်လေး ရုန်းကန်နေရပါတယ်။ Set-piece ကို အလွန်အမင်း အားကိုးနေရမှုက ထင်ရှားပြီး အာဆင်နယ်ရဲ့ ဒီရာသီ သွင်းဂိုး စုစုပေါင်းရဲ့ ၃၇ ရာခိုင်နှုန်း (ပယ်နယ်တီမပါ) ဟာ Set-piece တွေကနေ ရထားတာ ဖြစ်ပါတယ်။ ဒါဟာ လိဂ်မှာ အမြင့်မားဆုံးထဲက တစ်ခုပါ။ မန်စီးတီးက ပွဲစဉ်တိုင်းမှာ Open Play ကနေ ဂိုးရနိုင်ခြေ (xG) ၁.၄ ရှိပေမယ့် အာဆင်နယ် ကတော့ ၁.၁ သာ ရှိပါတယ်။ ဒီပွဲမှာ ဆိုရင် ချဲလ်ဆီးရဲ့ လူငယ် ခံစစ်က အာဆင်နယ်ကို Open Play ကနေ ဂိုးရနိုင်ခြေ ၀.၅၉ အထိပဲ ရှိအောင် ကောင်းကောင်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။

 

၄။ ဂိုးသမား ဆန်းချက်ဇ်ရဲ့ ကောင်းကွက်နဲ့ ဆိုးကွက်များ

ချဲလ်ဆီး ဂိုးသမား ရောဘတ် ဆန်းချက်ဇ်ဟာ ဒီပွဲမှာလည်း ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူဟာ ဒီပွဲမှာ အထင်ကရ ကာကွယ်မှု တချို့ ပြုလုပ်ခဲ့ပေမယ့် ဆုံးဖြတ်ချက် မပိုင်နိုင်ခြင်းနဲ့ အတူ အမှား များစွာလည်း လုပ်မိခဲ့တာ တွေ့ရပါတယ်။ ဆန်းချက်ဇ်က အာဆင်နယ်ရဲ့ ဒုတိယဂိုးမှာ ဘောလုံးကို ထွက်မဖမ်းနိုင်ခဲ့သလို၊ ပထမပိုင်းမှာလည်း နည်းပြခိုင်းတဲ့ “ ဂိုးသမား ပါဝင်တဲ့ ကစားကွက် တည်ဆောက်မှု” (Build-up) မှာ ဘောလုံးဆွဲထားလွန်းလို့ အန္တရာယ်များတဲ့ အနေအထားတွေ ခဏခဏ ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်လည််း နည်းပြ ရိုစီနီယာ ကတော့ ဆန်းချက်ဇ်ကို သူအရင်က မလုပ်ဖူးတဲ့ ပုံစံအသစ်တွေ (Build-up တွင် ပါဝင်ခိုင်းခြင်း) ခိုင်းထားတာကြောင့် အမှားရှိရင် သူ့တာဝန်သာ ဖြစ်ကြောင်း ကာကွယ် ပြောဆိုသွားခဲ့ပါတယ်။

အချုပ်အားဖြင့် ဆိုရရင်တော့ အာဆင်နယ်ဟာ ဒီပွဲမှာ အသုံးဝင်လှတဲ့ Set Piece တွေကြောင့် နိုင်ပွဲ ရခဲ့ပေမဲ့ Open Play အပိုင်းမှာ များစွာ တိုးတက်ဖို့ လိုအပ်နေပါသေးတယ်။ ချဲလ်ဆီး ကတော့ နည်းဗျူဟာပိုင်း တိုးတက်လာပေမယ့် အနီကတ် ပြဿနာနဲ့ Set-piece တွေကို တားဆီးနိုင်မှု အားနည်းချက်တွေကို အမြန်ဆုံး မဖြေရှင်းနိုင်သရွေ့ အခုလိုပဲ “ ကောင်းပေမဲ့ ရှုံး” ဆိုတဲ့ ပွဲစဉ်တွေနဲ့ ဆက်လက် ရင်ဆိုင်နေရဦးမှာ ဖြစ်ပါတယ်။

တစ်ဖက် မှာလည်း အာဆင်နယ် ကတော့ သူတို့ အတွက် ပွဲကြပ်ကာလလို့ ပြောရမယ့် လန်ဒန် မြို့ခံ နှစ်သင်းနဲ့ ဆက်တိုက် တွေ့ဆုံရမှုကို ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မန်စီးတီးကို ၅ မှတ် ဖြတ်ထားနိုင်ပြီ ဆိုပေမယ့် ပပ် ဂွါဒီယိုလာရဲ့ အသင်း လက်ထဲမှာ တစ်ပွဲ ကိုင်ထားဆဲ ဖြစ်လို့ အာဆင်နယ်တို့ လက်ကျန် ၉ ပွဲကို လုံးဝ ပေါ့ဆလို့ မရသေးပါဘူး။ ဒီတော့ အာဆင်နယ် အနေနဲ့ ၂၂ နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကိုင်မြှောက်သွားနိုင်မလား။ ချဲလ်ဆီး ကရော နည်းပြသစ်နဲ့ Top 5 ဝင်ခွင့်ကို အရယူသွားနိုင်မလား ဆိုတာ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ကြောင်း ပြောကြားရင်း…။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်