နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အန်းမရိတ်စ်မှာ ဘရန့်ဖို့ဒ်ကို လှလှပပ လက်စားပြန်ချေနိုင်ခဲ့တဲ့ အာဆင်နယ် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

အာဆင်နယ် ၂ – ၁ ဘရန့်ဖို့ဒ်

ပရီးမီးယားလိဂ် ပွဲစဉ် ၂၆ ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ အာဆင်နယ်တို့ အိမ်ကွင်း အန်းမရိတ်စ်မှာ လူငယ် ကစားသမား နှစ်ဦးရဲ့ သွင်းဂိုးတွေနဲ့အတူ ဘရန့်ဖို့ဒ်ကို ၂-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ မီခယ်အာတေးတားရဲ့ အသင်းက တစ်ပွဲလုံး အမှားနည်းနည်းနဲ့ စိတ်ကြိုက် ကစားသွားခဲ့ပြီး ဘရန့်ဖို့ဒ် အိမ်ကွင်းတုန်းက အရှုံးကို အကောင်းဆုံး လက်စားပြန်ချေသွားခဲ့တာလည်း ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

အိမ်ရှင် အာဆင်နယ်တို့ ပွဲထွက်နေကျ လူစာရင်း၊ ကစားကွက်နဲ့ပဲ ဘရန့်ဖို့ဒ်ကို ရင်ဆိုင်သွားခဲ့တာ ဖြစ်ပြီး တိုက်စစ်မှာ အသင်းခေါင်းဆောင် လာကာဇက် တစ်ဦးတည်းကို အထောင်ထားကာ တောင်ပံ နှစ်ဖက်မှာ ဘူကာယို ဆာကာနဲ့ စမစ်ရိုးဝ်၊ ကွင်းလယ်မှာ အိုဒီဂတ်၊ ပါတေး၊ ချာကာ၊ နောက်တန်းမှာ စီဒရစ်၊ ဂါဘရီရယ်၊ ဘန်ဝှိုက်၊ ကီရင် တီယာနီ၊ ဂိုးမှာတော့ ရမ်းစ်ဒေးလ်ပဲ ပွဲထွက်လာခဲ့ပါတယ်။ ဘရန့်ဖို့ဒ် ကတော့ ခံစစ် အသားပေး ၃-၅-၂နဲ့ ပြန်လည် ရင်ဆိုင်သွားခဲ့ပြီး ဝစ်ဆာ၊ အမ်ဘူအမ်မို၊ ကေးနော့စ်၊ နောဂတ်၊ ဂျန်ဆန်၊ ဟင်နရီ၊ ရာယာ တို့လို အမာခံတွေကို ထုတ်သုံးလာခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
ဝက်ဖို့ဒ်
ခရစ္စတယ်ပဲလေ့စ်
1X2 ဝက်ဖို့ဒ် @ 3.20
ခရစ္စတယ်ပဲလေ့စ် ပထမပိုင်း အာရှ ဟန်းဒီးကပ် -0.25 @ 2.28
ဂိုးပေါ် 2.50 @ 2.11
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အာဆင်နယ်တို့ ပထမပိုင်း တစ်ပိုင်းထဲမှာတင် အခွင့်အရေး ၁၂ ကြိမ် ရခဲ့တဲ့ အထိ ကစားပုံက အားရစရာ ကောင်းခဲ့ပြီး ဘရန့်ဖို့ဒ်ကို ခံစစ်မှာပဲ အချိန်ကုန်စေခဲ့တဲ့ အထိ မောင်းကစားနိုင်ခဲ့ပါတယ်။ ကွင်းလယ်က အိုဒီဂတ်ရဲ့ အမှားအယွင်း မရှိတဲ့ ဘောလုံး ပေးပို့မှုတွေနဲ့ အတူ ပါတေး၊ ချာကာ၊ အိုဒီဂတ်၊ စမစ်ရိုးဝ်၊ ဆာကာနဲ့ လာကာဇက်တို့ ချိတ်ဆက် ကစားနိုင်မှုတွေက ပွဲကို တော်တော်လေး မြိုင်ဆိုင်စေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် တိုက်စစ် အဆုံးသတ် အားနည်းချက်တွေကြောင့် ပထမပိုင်းမှာ ဂိုးတွေ မရခဲ့ပဲ လာကာဇက်ရဲ့ သွင်းဂိုး လူကျွံနေတာ ကလည်း အာဆင်နယ် အတွက် နစ်နာစရာ ဖြစ်ခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲအစ မှာတော့ စမစ်ရိုးဝ်ရဲ့ တစ်ကိုယ်တော် ထိုးဖောက်မှုကနေ အာဆင်နယ်တို့ ဦးဆောင်ဂိုး ရသွားခဲ့ပါတယ်။ လာကာဇက် ခင်းပေးလိုက်တဲ့ ဘောလုံးကို စမစ်ရိုးဝ်က တောက်လျောက် ဆွဲယူသွားပြီး ဘရန့်ဖို့ဒ် နောက်ခံလူတွေ တားဆီးနေတဲ့ကြားက တစ်ချက် ပြန်ခေါက်ပြီး ဂိုးသမား ရာယာရဲ့ အဝေးတိုင်ဘက်ကို ပါးပါးနပ်နပ် သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ဦးဆောင်ဂိုး ရသွားပြီးချိန် မှာလည်း မီခယ်အာတေးတားရဲ့ အသင်းက ဘရန့်ဖို့ဒ် ကို ဆက်လက် ဖိအားပေးထားနိုင်ခဲ့ပေမယ့် တစ်ချက် တစ်ချက်မှာ ဘရန့်ဖို့ဒ်ရဲ့ တန်ပြန် တိုက်စစ် ကနေ ဂိုးရဖို့ ကြိုးပမ်းမှုတွေကြောင့် အာဆင်နယ်တို့ သတိထား ကစားခဲ့ရပါတယ်။ အခွင့်အရေး တချို့ ထပ်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ ပွဲချိန် ၇၅ မိနစ် ကျော်တဲ့ အထိ ၁-၀ ပဲ ဖြစ်နေခဲ့ပါတယ်။ အဲ့နောက် လူစားဝင် တောင်ပံ ကစားသမား ပေပေရဲ့ မွှေနှောက်မှုတွေကြောင့် ဘရန့်ဖို့ဒ်တို့ ခံစစ်မှာပဲ အလုပ်ပြန်ရှုပ်နေခဲ့ရပါတယ်။ ပွဲချိန် ၇၉ မိနစ် မှာတော့ အာဆင်နယ် အတွက် အနိုင်သေချာစေမယ့် ဂိုးကို ဆာကာက သွင်းယူပေးခဲ့ပြီး အာဆင်နယ် တို့ ၂ ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။ အဲ့နောက် ဘရန့်ဖို့ဒ်ရဲ့ ကြိုးပမ်းမှု တချို့က ထိရောက်ခဲ့ပြီး နာကျင် အချိန်ပို မှာတော့ ဘရန့်ဖို့ဒ်တို့ တစ်လုံးတည်းသော ချေပဂိုးကို ရယူနိုင်ခဲ့ပါတယ်။ ဒီဂိုး ကိုတော့ နော့ဂတ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၈ ပွဲမှာ ၁ ပွဲသရေ၊ ၇ ပွဲ ရှုူံးနိမ့်ခဲ့တဲ့ သောမက်စ် ဖရန့်ခ်ရဲ့ အသင်းက လက်ရှိမှာ တန်းဆင်းဇုန် ဖိအားတွေပါ ရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေတဲ့ ဘရန့်ဖို့ဒ်

အာဆင်နယ်တို့ တချို့ အပိုင်းတွေမှာ အားနည်းချက် အနည်းငယ် ရှိခဲ့တာက လွဲလို့ တစ်ပွဲလုံး အတိုင်းအတာနဲ့ ခြေစွမ်းပိုင်း အားရစရာ ကောင်းခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ကွင်းလယ် ဗိုလ်ချုပ် အိုဒီဂတ်ရဲ့ ဖန်တီး ပေးပို့မှုတွေက ဒီနေ့ပွဲ မှာလည်း ထိပ်တန်း အဆင့် ရှိခဲ့သလို ချာကာနဲ့ ပါတေး ကစားနိုင်ရင် အာဆင်နယ်တို့ နိုင်ပွဲ ရဖို့ မခက်ဘူး ဆိုတာ ထပ်မံ မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် အိုဒီဂတ် အနေနဲ့ ဘောလုံး ဖန်တီးမှု သပ်သပ်ထက် ဂိုးပါ သွင်းနိုင်ရင်တော့ ဒီထက်ပိုပြီး အားရစရာ ကောင်းမယ်လို့ ထင်ပါတယ်။ ထုံးစံအတိုင်း စီနီယာကြီး လာကာဇက် ကတော့ အဆုံးသတ် အပိုင်းမှာ ပရိသတ်တွေကို စိတ်ပျက်စေခဲ့ပြန်ပြီး ဒီပုံ အတိုင်းသာ ဆိုရင် အာဆင်နယ်တို့ အထောင်တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ ခေါ်ယူနိုင်မှကို ဖြစ်မယ့် အခြေအနေကို ရောက်နေပါပြီလို့ ပြောရပါမယ်။

ဘာပဲပြောပြော ဒီနိုင်ပွဲကြောင့် အာဆင်နယ်တို့ ရာသီအကုန်မှာ ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ နေရာ ဝင်ရေး အိမ်မက်ကို ဆက်လက် အသက်သွင်းနိုင်ခဲ့ပြီး လက်တလော မှာတော့ အာတေးတာရဲ့ အသင်းက အဆင့် ၆ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။ ဘရန့်ဖို့ဒ် အတွက် ကတော့ နောက်ထပ် စိတ်ပျက်စရာ ခြေစွမ်းနဲ့ စိတ်ပျက်စရာ ရလဒ် ဖြစ်ခဲ့မယ် ဆိုတာ အထွေအထူး ပြောဖို့ လိုမယ် မထင်ပါဘူး။ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၈ ပွဲမှာ ၁ ပွဲသရေ၊ ၇ ပွဲ ရှုူံးနိမ့်ခဲ့တဲ့ သောမက်စ် ဖရန့်ခ်ရဲ့ အသင်းက လက်ရှိမှာ တန်းဆင်းဇုန် ဖိအားတွေပါ ရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

အာဆင်နယ်တို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ကြားရက်မှာ ဝုဗ်နဲ့ ပွဲကျန် ဆက်လက် ကစားရဖို့ ရှိပြီး ဘရန့်ဖို့ဒ် ကတော့ စနေနေ့မှာ နယူးကာဆယ်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်