နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စမစ်ရိုးဝ်ရဲ့ အပြောင်းအရွှေ့ အတွက် သဘောတူညီမှု ရဖို့ နီးစပ်တဲ့ အာဆင်နယ်နဲ့ ဖူလ်ဟမ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်နဲ့ ဖူလ်ဟမ် အသင်း တို့ကတော့ အီမိုင်းလ် စမစ်ရိုးဝ်ရဲ့ အပြောင်းအရွှေ့ အတွက် သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ သိရပါတယ်။ ဒါကြောင့် အင်္ဂလန်သားက အာဆင်နယ် အသင်းရဲ့ သမိုင်းတလျှောက် ပြောင်းရွှေ့ကြေး အများဆုံး ရတဲ့ ကစားသမား ဖြစ်လာတော့မှာလည်း ဖြစ်ပါတယ်။

ဒီသတင်းကိုတော့ အပြောင်းအရွှေ့ သတင်းထောက် ဒေးဗစ် အွန်စတိန်းက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဟေးလ်အန့် အကယ်ဒမီထွက် သူတို့ရဲ့ ကစားသမား အတွက် ဖူလ်ဟမ် ဆီကနေ ပေါင်သန်း ၃၀ နဲ့ ကမ်းလှမ်းမှုကို ပယ်ချထားခဲ့တာပါ။ ဒါပေမယ့်လည်း ဖူလ်ဟမ် ဘက်က ပေါင် ၃၅ သန်း အထိ တိုးမြှင့် ကမ်းလှမ်းခဲ့တဲ့နောက်မှာတော့ ဂန်းနားတွေ ဘက်က လက်ခံလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီအပြောင်းအရွှေ့ဟာ ဖူလ်ဟမ် အသင်း အတွက်လည်း စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူမှု ဖြစ်လာဖို့ ရှိနေခဲ့ပါတယ်။

လက်ရှိ အချိန်ထိတော့ စမစ်ရိုးဝ်ရဲ့ အပြောင်းအရွှေ့ အတွက် အသင်း နှစ်သင်းအကြား သဘောတူညီမှု ရရှိထားရုံသာ ရှိပြီး မကြာခင်တော့ ဆေးစစ်မှုတွေ ပြုလုပ်သွားဖို့ ရှိနေပါတယ်။ ဟေးလ်အန့် အကယ်ဒမီထွက် ဒီကစားသမားဟာ ပြီးခဲ့တဲ့ နှစ်ပိုင်း အတွင်း နည်းပြ မီခဲလ် အာတေးတား လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့် ရဖို့ ရုန်းကန်ခဲ့ရသူပါ။ စမစ်ရိုးဝ်ဟာ ၂၀၂၃/၂၄ ဘောလုံးရာသီက ပရီးမီးယားလိဂ် ကလပ် အတွက် ၁၉ ပွဲသာ ကစားခွင့်ရခဲ့ပြီး ဖန်တီးမှု ၂ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ အဓိက ကတော့ သူ့နေရာမှာ တခြားသော ကစားသမားတွေ အများအပြား ရှိနေတာကြောင့် စမစ်ရိုးဝ် အနေနဲ့ နေရာရဖို့ ခက်ခဲလာခဲ့ပြီး အသင်းပြောင်းမှပဲ အဆင်ပြေမယ့် အခြေအနေလည်း ဖြစ်ပါတယ်။

 
စမစ်ရိုးဝ်ဟာ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ရဲ့ အကယ်ဒမီထွက် ကစားသမား ဖြစ်နေတာကြောင့် သူ့ အတွက် ရတဲ့ ပြောင်းရွှေ့ကြေးဟာ အာဆင်နယ် အတွက် အမြတ်အစွန်းလည်း ဖြစ်ခဲ့ပါတယ်။
စမစ်ရိုးဝ်ရဲ့ အပြောင်းအရွှေ့ ကနေ အမြတ်အစွန်း ရခဲ့တဲ့ အာဆင်နယ်

အစောပိုင်းမှာ စမစ်ရိုးဝ်က အာဆင်နယ်မှာ ပွဲထွက်ခွင့်ရဖို့ တိုက်ပွဲဝင်သွားချင်ကြောင်း ပြောကြားခဲ့ဖူးပေမယ့် အခုလက်ရှိမှာတော့ သူ့ရဲ့ အခြေအနေကို စိတ်ပျက်ပြီး အသင်းပြောင်းဖို့ပဲ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက စမစ်ရိုးဝ်ကို ဖူလ်ဟမ် အပြင် ခရစ္စတယ်ပဲလေ့စ် ကလည်း စိတ်ဝင်စားခဲ့ပေမယ့် သေသေချာချာ ကမ်းလှမ်းလာတာ ကတော့ ဖူလ်ဟမ်ပဲ ဖြစ်ပါတယ်။ စမစ်ရိုးဝ်ဟာ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ရဲ့ အကယ်ဒမီထွက် ကစားသမား ဖြစ်နေတာကြောင့် သူ့ အတွက် ရတဲ့ ပြောင်းရွှေ့ကြေးဟာ အာဆင်နယ် အတွက် အမြတ်အစွန်းလည်း ဖြစ်ခဲ့ပါတယ်။

မာကို ဆေးလ်ဗားရဲ့ ဖူလ်ဟမ်က ပေါ်လင်ဟာကို ရောင်းထုတ်ခဲ့သလို ဘော်ဘီဒီ ကော်ဒိုဗာ ရိဒ် ကိုလည်း လက်စတာစီးတီး အသင်းထံ ပြောင်းရွှေ့ခွင့်ပေးခဲ့ရတာကြောင့် ကွင်းလယ် ကစားသမား တစ်ဦး မဖြစ်မနေ ခေါ်ယူရဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဝီလျံ ကလည်း အနာဂတ် မသေချာတာကြောင့် ဖူလ်ဟမ်တို့ စမစ် ရိုးဝ်ကို အရ ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ် ကတော့ စမစ်ရိုးဝ်ရဲ့ အပြောင်းအရွှေ့ အဆင်ပြေပြီ ဖြစ်တာကြောင့် သူတို့ ခေါ်ယူချင်နေတဲ့ မီခဲလ် မာရင်နို အတွက် ကိုလည်း စတင် ကြိုးပမ်းနိုင်တော့မှာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဒီရာသီမှာ အသင်းနဲ့ အံမဝင်တဲ့ ကစားသမား တချို့ကို ရောင်းထုတ်ထားနိုင်ခဲ့ပြီးတော့ အခုဆိုရင်လည်း ဟေးလ် အန့် အကယ်ဒမီထွက်ပဲ ဖြစ်တဲ့ ရီးလ် နဲလ်ဆင်ကို လက်စတာစီးတီး ကလည်း စိတ်ဝင်စားနေပြန်ပါတယ်။ အက်ဒီ အန်ကတ်တီးယား ကလည်း လီဂူးဝမ်း ကလပ် မာဆေးလ်နဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်နေပေမယ့် ထူးခြားမှုတော့ မရှိသေးပါဘူး။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်