နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရီးရဲလ်မက်ဒရစ်ကို ပြောင်းဖို့ထက် လစ်ဗာပူးလ်နဲ့ပဲ စာချုပ်သက်တမ်းတိုးချင်နေတဲ့ အာနိုးလ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ညာနောက်ခံလူ ထရန့် အလက်ဇန္တား အာနိုးလ် ကိုတော့ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်က ပစ်မှတ်ထားနေကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့် အားနိုးလ် ကတော့ သူ့ အနေနဲ့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ထက် အန်ဖီးလ်မှာပဲ ဆက်ရှိနေဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

အသက် ၂၅ နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ညာနောက်ခံလူဟာ လစ်ဗာပူးလ် အကယ်ဒမီထွက် ကစားသမား တစ်ဦး ဖြစ်ပါတယ်။ အာနိုးလ်ဟာ လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ်နဲ့ စာချုပ် သက်တမ်းက ၁ နှစ်သာ ကျန်ရှိနေပြီး သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ကောလဟာလတွေ ဆက်တိုက် ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ အာနိုးလ်ရဲ့ အနာဂတ် ကိုတော့ အနီးကပ် စောင့်ကြည့်နေတာက ရီးရဲလ်မက်ဒရစ် ဖြစ်ပြီး သူတို့ အသင်းရဲ့ ညာနောက်ခံလူ နေရာကို ရေရှည် အတွက် ခေါ်ယူအားဖြည့်ချင်နေတာ ဖြစ်ပါတယ်။

လာလီဂါ ကလပ်ဟာ အသက် ၃၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဒန်နီ ကာဗာဟယ် နေရာမှာ အစားထိုးဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စပိန်သားက လက်ရှိမှာ အကောင်းဆုံး ပုံစံ တစ်ခုကို ထိန်းထားနိုင်ဆဲ ဖြစ်သလို ယူရို ၂၀၂၄ မှာလည်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ လက်ရှိမှာ ကာဗာဟယ်က ရီးရဲလ်မက်ဒရစ်နဲ့ အတူ ချန်ပီယံဆုတွေ ရရှိထားသလို စပိန်နဲ့လည်း ယူရို ၂၀၂၄ ချန်ပီယံ ဖြစ်ထားလို့ ဘယ်လွန်ဒေါဆု အတွက်တောင် မျှော်မှန်းထားနိုင်ပြီ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် ဘက်ကလည်း အာနိုးလို အကယ်ဒမီထွက် ကစားသမားကို အသင်းရဲ့ အနာဂတ် အသင်းခေါင်းဆောင် အဖြစ် သတ်မှတ်ထားပြီး ဆက်လက် ထိန်းသိမ်းထားဖို့ အစွမ်းကုန် ကြိုးစားမယ့် သဘော ရှိပါတယ်။
ညာနောက်ခံလူ နေရာ အတွက် အားနိုးလ်ကို စောင့်ကြည့်နေတဲ့ ရီးရဲလ်မက်ဒရစ်

တစ်ဖက်မှာလည်း အာနိုးလ်ကို ရီးရဲလ်မက်ဒရစ် အပြင် ဥရောပ ထိပ်သီး ကလပ် တော်တော်များများ ကလည်း စိတ်ဝင်စားကြောင်း ပြသထားခဲ့ပါတယ်။ အစောပိုင်း သတင်းတွေရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်ဟာ အာနိုးလ်ကို ပြီးခဲ့တဲ့လ ကတည်းက ဆက်သွယ်ခဲ့ထားခဲ့ပြီး လစ်ဗာပူး ကြယ်ပွင့် ကလည် ဆန်တီယာဂို ဘာနေဗျူးကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားကြောင်း ပြသထားတယ်လို့ သိခဲ့ရတာပါ။ ဒါ့အပြင် အာနိုးလ်က အင်္ဂလန်နဲ့ ယူရို ၂၀၂၄ ခရီးစဉ် ပြီးဆုံးခဲ့ပြီးနောက် သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ လစ်ဗာပူးလ်နဲ့ လွတ်လပ်စွာ ပြောဆိုဖို့ ရှိနေတယ်လို့လည်း ဖော်ပြခဲ့ကြပါသေးတယ်။ လစ်ဗာပူးလ် ကတော့ အာနိုးလ်ရဲ့ စာချုပ် နောက်ဆုံး ခြောက်လ အတွင်း မရောက်ခင်မှာ ခပ်မြန်မြန် ဆုံးဖြတ်ချက်ချဖို့ ရှိနေတာ ဖြစ်ပါတယ်။ အလက်ဇန္တား အာနိုးလ်ရဲ့ လစ်ဗာပူးလ်နဲ့ အနာဂတ်က လက်ရှိ အချိန်ထိ ရှင်းရှင်းလင်းလင်း မရှိသေးပေမယ့် မေလက ကလပ် မီဒီယာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာတော့ အာနိုးလ်က လစ်ဗာပူးလ်နဲ့ လာမယ့် ရာသီ အတွက် စဉ်းစားထားပြီးသား ဖြစ်တယ်လို့ ပြောဆိုထားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ် ကတော့ အာနိုးလ်ကို အခုနွေရာသီ အပြောင်းအရွှေ့ ကာလမှာ မခေါ်နိုင်ခဲ့ရင် လစ်ဗာပူးလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားချိန်မှသာ အမ်ဘာပေး၊ ရူဒီဂါနဲ့ အာလာဘာ တို့ကို ခေါ်ယူခဲ့သလိုမျိုး အလွတ်နဲ့ ခေါ်ယူသွားဖို့ ကြိုးပမ်းဖွယ် ရှိပါတယ်။ ဒါပေမယ့် အာနိုးလ် အနေနဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားနေမှုကို စိတ်ယိုင်မှာ မဟုတ်ပဲ လစ်ဗာပူးလ် နဲ့သာ စာချုပ်သက်တမ်း တိုးမြှင့်သွားဖို့ လိုလားနေတယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ် ကလပ် ဘက်ကလည်း အာနိုးလို အကယ်ဒမီထွက် ကစားသမားကို အသင်းရဲ့ အနာဂတ် အသင်းခေါင်းဆောင် အဖြစ် သတ်မှတ်ထားပြီး ဆက်လက် ထိန်းသိမ်းထားဖို့ အစွမ်းကုန် ကြိုးစားမယ့် သဘော ရှိပါတယ်။

သတင်းတွေ အရ ဆိုရင် လစ်ဗာပူးလ်က အာနိုးလ် အပြင် အသင်း ခေါင်းဆောင် ဗာဂျယ် ဗန်ဒိုက်ခ်နဲ့ အဓိက တောင်ပံ တိုက်စစ် ကစားသမား မိုဟာမက် ဆာလာ တို့ကို စာချုပ်သက်တမ်း တိုးမြှင့်သွားဖိုလည်း ရှိနေသေးတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်