လစ်ဗာပူးလ် ကတော့ ဒီရာသီမှာ ရလဒ်ကောင်းတွေ ဆက်တိုက် ရရှိနေခြင်းနဲ့ အတူ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို အမှတ်ဖြတ် ဦးဆောင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာနေး ဆလော့တ်က သူတို့ အသင်း အနေနဲ့ ဂရုမစိုက်ရင် လက်ရှိ ချန်ပီယံ မန်စီးတီး လိုမျိုး ပြိုလဲသွားနိုင်ဖွယ် ရှိကြောင်း ကစားသမားတွေကို သတိပေး စကားပြောကြားလာခဲ့ပါတယ်။
လစ်ဗာပူးလ်ဟာ ပြီးခဲ့တဲ့ ရက်က ကစားခဲ့တဲ့ Boxing Day ပွဲစဉ်မှာ လက်စတာစီးတီးကို အိမ်ကွင်းမှာ ၃-၁ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ လစ်ဗာပူးလ်ဟာ ပွဲချိန် ၆ မိနစ်မှာ လက်စတာစီးတီးကို မထင်မှတ်ဘဲ ဦးဆောင်ဂိုး ပေးခဲ့ရတာကြောင့် နောက်ကနေ လိုက်ကစားခဲ့ရပြီး ကိုဒီ ဂတ်ခ်ပို၊ ကာတစ် ဂျုံးစ်နဲ့ မိုဟာမက် ဆာလာ တို့ရဲ့ သွင်းဂိုးတွေကြောင့် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲ အပြီးမှာ လစ်ဗာပူးလ်က ပွဲစဉ် ၁၇ ပွဲ ကစားပြီး ရမှတ် ၄၂ မှတ်နဲ့ အမှတ်ပေးဇယား ဒုတိယနေရာက အာဆင်နယ်ကို ၆ မှတ် ဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် လစ်ဗာပူးလ်ဟာ တစ်ပွဲလျော့ ကစားထားတာကြောင့် လက်ကျန် ပွဲစဉ် တစ်ပွဲကိုသာ အနိုင်ကစားနိုင်ခဲ့ရင်တော့ ၉ မှတ် အထိ ဖြတ်ထားနိုင်မှာလည်း ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အခုလို ရမှတ်တွေ ဖြတ်ထားနိုင်သည့် တိုင်အောင် လစ်ဗာပူးလ် နည်းပြ အာနေး ဆလော့တ်က ချန်ပီယံဆု အကြောင်းကို မပြောနိုင်သေးကြောင်း မကြာခဏ ဆိုသလို ပြောကြားထားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သူရဲ့ အသင်းက ဒီရာသီမှာတင် မန်စီးတီးလို ပြိုလဲသွားတာကြောင့် ကစားသမားတွေ သတိထားဖို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
“ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲ ပြီးဆုံးဖို့က အများကြီး လိုပါသေးတယ်။ အဲဒီ အချိန်ကာလ အတွင်းမှာ အရာအားလုံး ဖြစ်ပျက်သွားနိုင်ပါတယ်။ ပြီးခဲ့တဲ့ တစ်လကျော်လောက်ကပဲ ကျွန်တော်တို့ အသင်းဟာ မန်စီးတီး အနောက်မှာ တစ်မှတ် အကွာနဲ့ ရပ်တည်နိုင်ခဲ့တာပါ။ အခု မန်စီးတီး ဘာတွေ ဖြစ်သွားသလဲ ဆိုတာ ခင်ဗျားတို့ မြင်ပါလိမ့်မယ်။ မန်စီးတီး အသင်း လိုမျိုး အသင်းတိုင်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ အတွက် အောင်ပွဲခံဖို့ စောလွန်းနေပါသေးတယ်။ ခင်ဗျား အနေနဲ့ ကျွန်တော်တို့ ပွဲတွေကို ကြည့်ဖြစ်မယ် ဆိုရင် ဘယ်ပွဲမှ လွယ်လွယ်ကူကူနဲ့ အနိုင်မရခဲ့တာကို မြင်တွေ့ရမှာပါ။ ကစားသမား အစုံအလင် ရှိနေတာတောင် ပွဲတွေကို အနိုင်ရဖို့ ခက်ခဲပါတယ်။ ကျွန်တော်တို့ အနေနဲ့ ကစားမယ့် ပွဲစဉ် တစ်ပွဲချင်းစီကို အာရုံစိုက် ချဉ်းကပ်သွားရမှာပါ” လို့ အာနေး ဆလော့တ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာစီးတီး ကတော့ ရသီအစပိုင်းမှာ ရလဒ်တွေ ကောင်းမွန်ခဲ့ပေမယ့် ပရီးမီးယားလိဂ် နောက်ဆုံး ၉ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရခဲ့ပြီး ၆ ပွဲ အထိ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် မန်စီးတီး ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၈ အပြီးမှာ ရမှတ် ၂၈ မှတ်နဲ့ အဆင့် ၇ နေရာ အထိ ကျဆင်းသွားပြီး အမှတ်ပေးဇယား ထိပ်က လစ်ဗာပူးလ်နဲ့ ၁၄ မှတ် အထိ ကွာဟသွားခဲ့ပြီ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.