နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နူညက်ဇ် ပုံမှန် ခြေစွမ်းပြန်ရဖို့ ကူညီပေးနေတဲ့ အာနေး ဆလော့တ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် နည်းပြ အာနေး ဆလော့တ် ကတော့ အသင်းရဲ့ တိုက်စစ်မှူး ဒါဝင် နူညက်ဇ် ခြေစွမ်းပြနိုင်ဖို့ ကြိုးပမ်းပေးလျက် ရှိတယ်လို့ သိရပါတယ်။ လစ်ဗာပူးလ်ရဲ့ နည်းပြသစ် အာနေး ဆလော့တ်ဟာ ဒါဝင် နူညက်ဇ် ပုံမှန် ခြေစွမ်းတွေ ပြန်လည် ရရှိလာဖို့ အတွက် အထူး လေ့ကျင့်မှု အစီအစဉ်တွေတောင် ပြုလုပ်ပေးနေတာ ဖြစ်ကြောင်းလည်း သိရသည်။

နည်းပြဟောင်း ယာဂင် ကလော့ပ် လက်ထက် ၂၀၂၂ ခုနှစ်မှာ ဘင်ဖီကာ ကနေ ပေါင် ၈၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဒါဝင် နူးညက်ဇ်ဟာ ဆလော့တ် လက်အောက်မှာတော့ ပုံမှန် ပွဲကစားခွင့်ရရှိဖို့ ရုန်းကန်နေရသူလည်း ဖြစ်ပါတယ်။ ဒါဝင် နူညက်ဇ် ကတော့ ဘင်ဖီကာမှာ အံ့အားသင့်စရာ ခြေစွမ်းမျိုး ပြသနိုင်ခဲ့ပေမယ့် လစ်ဗာပူးလ် အရောက်မှာတော့ အံ့အားသင့်စရာ ဂိုးပေါက် လွဲချော်မှုတွေကြောင့် မကြာခဏ ဆိုသလို ဝေဖန် လှောင်ပြောင်မှုတွေ ခံနေရသူ ဖြစ်ပါတယ်။ 

အသက် ၂၅ နှစ် အရွယ် ဥရုဂွေး တိုက်စစ်မှူးဟာ ဥရုဂွေး ကလပ် အက်တလက်တီကို ပနာရိုလ်မှာ ကစားသမားဘဝ စတင်ခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက် စပိန် ကလပ် အဲလ်မီးရီးယားမှာ တစ်ရာသီ ဖြတ်သန်းကာ ၃၂ ပွဲ ကစားပြီး ၁၆ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ပေါ်တူဂီ ကလပ် ဘင်ဖီကာက ခေါ်ယူခဲ့ပါတယ်။ နူညက်ဇ်ဟာ ဘင်ဖီကာ မှာလည်း ၈၅ ပွဲ ကစားကာ ၄၈ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီနောက် ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်က ဒါဝင် နူညက်ဇ်ကို သန်း ၁၀၀ နီးပါး အသုံးပြုကာ ခေါ်ယူခဲ့ပါတယ်။ 

နူညက်ဇ် အနေနဲ့ ပြိုင်ပွဲစုံမှာ ၇ ပွဲ ဝင်ကစားထားရပေမယ့် ပရီးမီးယားလိဂ် မှာတော့ မိနစ် အားဖြင့် ၁၃၄ မိနစ်သာ ကစားခွင့်ရထားတာ ဖြစ်ပါတယ်။
အဆုံးသတ် အားနည်းချက်တွေကြောင့် ဝေဖန် လှောင်ပြောင်မှုတွေ ခံနေရတဲ့ နူညက်ဇ်

နူညက်ဇ်ဟာ လစ်ဗာပူးလ်နဲ့ ပွဲဦးထွက် ရာသီမှာ ၄၂ ပွဲ ကစားပြီး ၁၅ ဂိုး သွင်းယူနိုင်ခဲ့သလို ဒုတိယမြောက် ရာသီမှာတော့ ၅၄ ပွဲ အထိ ပွဲထွက်ခွင့်ရပြီး ၁၈ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အချက်အလက်တွေ အရတော့ နူညက်ဇ်ရဲ့ ခြေစွမ်းဟာ မဆိုးလှပေမယ့် အဆုံးသတ်ပိုင်း ညံ့ဖျင်းမှုတွေကြောင့် ပရိသတ်တွေက သည်းခံနိုင်စွမ်း ကုန်ဆုံးခဲ့ပြီး နူညက်ဇ် အနေနဲ့လည်း ဒီရာသီမှာတော့ ၇ ပွဲသာ ကစားခွင့်ရတဲ့ အထိ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ နူညက်ဇ် အနေနဲ့ ပြိုင်ပွဲစုံမှာ ၇ ပွဲ ဝင်ကစားထားရပေမယ့် ပရီးမီးယားလိဂ် မှာတော့ မိနစ် အားဖြင့် ၁၃၄ မိနစ်သာ ကစားခွင့်ရထားတာ ဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း ဆလော့တ် အနေနဲ ဒါဝင် နူညက်ဇ်ကို အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ပြန်လည် အသုံးပြုဖို့ စဉ်းစားထားပြီး ကစားသမားရဲ့ စွမ်းဆောင်ရည်တွေ တိုးတက်လာဖို့ အတွက် တစ်ဦးချင်း လေ့ကျင့်ခန်း အပါအဝင် နည်းလမ်းမျိုးစုံနဲ့ သင်ကြားလျက် ရှိနေကြောင်း Daily Mail က ဖော်ပြခဲ့လာခဲ့ပါတယ်။ 

ဒါဝင် နူညက်ဇ် အနေနဲ့ လစ်ဗာပူးလ်မှာ ပုံမှန်နေရာ မရရှိတာကြောင့် အပြောင်းအရွှေ့ သတင်းတွေလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပြီး ဘာစီလိုနာက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့လည်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်