နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူနိုက်တက်တို့ အမှန်တကယ်ပဲ ပြန်လာခဲ့ပြီလား | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

ပရီးမီးယားလိဂ် ပွဲစဉ် (၂၃) တနင်္ဂနွေနေ့ရဲ့ အစောပိုင်း ပွဲစဉ် တစ်ပွဲ မှာတော့ မန်ချက်စတာယူနိုက်တက်က ဝက်စ်ဟမ်းကို တိုက်စစ် အစွမ်းပြပြီး ၃-၀ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ လူငယ်ကစားသမားတွေရဲ့ ခြေစွမ်းပြမှုနဲ့ နိုင်ပွဲတွေ ဆက်နေခဲ့တာ ဖြစ်ပြီး အခုဆိုရင် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာ အထိ တက်လှမ်းလာနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ယူနိုက်တက်က အိုနာနာ၊ မက်ဂွိုင်းယား၊ မာတီနက်ဇ်၊ ဒါးလော့တ်၊ ရှော၊ မိန်းနူး၊ ကတ်စ်မဲရိုး၊ ဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ်၊ ဂါနာချို၊ ရက်စ်မက်စ် ဟွိုက်ဂျ်လန်းတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဝက်စ်ဟမ်း ဘက်မှာတော့ အာရီယိုလာ၊ အဂူရတ်ဒ်၊ ဇူးမား၊ ကူဖယ်၊ အီမာဆင်၊ ဆိုချက်ခ်၊ အဲလ်ဗာရက်ဇ်၊ ဝက်ဒ် ပရောက်စ်၊ ဂျွန်ဆင်၊ ကူဒု့စ်၊ ဘိုဝင် တို့ ပါဝင်လာခဲ့ပါတယ်။

ရှုံးနိမ့်ခဲ့တဲ့ ဝက်စ်ဟမ်း ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ရပြီး အဆင့် ၇ နေရာအထိ ဆင်းပေးခဲ့ရပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၇ နေရာကို ဆင်းခဲ့ရတဲ့ ဝက်စ်ဟမ်း

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ပွဲတွေတုန်းက ခြေစွမ်းအတိုင်းပဲ ဝက်စ်ဟမ်းကို ရင်ဆိုင်သွားနိုင်ခဲ့ပြီး ဂိုးပြတ် အနိုင်ရလဒ်နဲ့လည်း ထိုက်တန်ခဲ့ပါတယ်။ ယူနိုက်တက်တို့ ဟွိုက်ဂျ်လန်းရဲ့ ၂၃ မိနစ်မှာ သွင်းယူခဲ့တဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ပထမပိုင်း အပြီးမှာတော့ ၁-၀ ရလဒ်နဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဟွိုက်ဂျ်လန်း အတွက်တော့ မွေးနေ့မှာ ဂိုးသွင်းနိုင်ခဲ့တဲ့ အတွက် ပျော်ရွှင်စရာ ဖြစ်ခဲ့သလို မှတ်တမ်းတွေ အရလည်း ဒီကစားသမားဟာ ယူနိုက်တက်ရဲ့ သမိုင်းမှာ အသက်အငယ်ဆုံး ပရီးမီးယားလိဂ် ၄ ပွဲဆက် ဂိုးသွင်းသူ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ယူနိုက်တက် ပရိသတ်တွေ ကတော့ ဟာလန်း နားထားလိုက်၊ ဟွိုက်ဂျ်လန်း လာပြီ ဆိုပြီးတော့ ချီးကျူးနေကြတာလည်း တွေ့ရပါတယ်။ ဒုတိယပိုင်းမှာလည်း ယူနိုက်တက်တို့ ပုံစံကောင်း ဆက်လက် ပြသနိုင်ခဲ့ပြီးတော့ ၄၉ မိနစ်နဲ့ ၈၄ မိနစ်မှာ ဂါနာချို က သွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်
မန်ချက်စတာစီးတီး
အဲဗာတန်
1X2 မန်ချက်စတာစီးတီး @ 1.20
ဂိုးပေါ် 3.25 @ 1.88
ဂိုးပေါင်း 2-3 @ 2.24
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ အကုန်မှာ နော့တင်ဟမ်ဖောရက်စ်ကို ရှုံးပြီးကတည်းက နောက်ဆုံး ၅ ပွဲဆက် ရှုံးပွဲ မရှိခဲ့တာ ဖြစ်ပါတယ်။ စပါး တစ်သင်းတည်းကို သရေကစားပြီး ကျန် ၄ ပွဲ ကတော့ နိုင်ပွဲ ရခဲ့တဲ့ ယူနိုက်တက်က Form ပြန်မှန်လာပြီလို့ ဆိုနိုင်ပြီး ဘယ်အချိန်ထိ ဒီလို ပုံစံကောင်း တစ်ခုနဲ့ ဆက်သွားနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ လူငယ် ကွင်းလယ် ကြယ်ပွင့်တွေ ဖြစ်တဲ့ မိန်းနူးနဲ့ ဂါနာချိုတို့ ဘရူနို ဖာနန်ဒက်စ်နဲ့ တစ်ပွဲထက် တစ်ပွဲ အတွဲအဖက် ပိုမိလာခဲ့ပြီး တိုက်စစ်က ဟွိုက်ဂျ်လန်း အတွက်လည်း ဖန်တီးမှုတွေလည်း ပြုလုပ်လာနိုင်ခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်လည်း ပုံမှန် ခြေစွမ်းပြန်ရလာပေမယ့် လိုအပ်ချက်တွေတော့ ရှိနေပါသေးတယ်။ ဒီပွဲမှာ မာတီနက်ဇ် ဒဏ်ရာပြန်ရသွားခဲ့လို့ တန်ဟက်ဂ် အတွက်တော့ စိတ်ညစ်စရာ ဖြစ်ခဲ့ပြီး လာမယ့် ပွဲတွေမှာ ယူနိုက်တက် ခံစစ် အတွက် စိုးရိမ်စရာ ရှိလာခဲ့ပါပြီ။

ဒီနိုင်ပွဲကြောင့် ယူနိုက်တက်တို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာ အထိ ပြန်လည် တက်လှမ်းလာနိုင်ခဲ့ပေမယ့် အဆင့် ၅ နေရာက စပါးနဲ့ ၆ မှတ်အထိ ကွာဟနေပါသေးတယ်။ ရှုံးနိမ့်ခဲ့တဲ့ ဝက်စ်ဟမ်း ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ရပြီး အဆင့် ၇ နေရာအထိ ဆင်းပေးခဲ့ရပါတယ်။ ယူနိုက်တက်ဟာ လာမယ့်‌ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ အက်စတွန်ဗီလာ ကစားဖို့ ရှိပြီး ဝက်စ်ဟမ်း ကတော့ အာဆင်နယ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်