နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အန်ဖီးလ်ညဟာ သွင်းဂိုးတွေနဲ့ မြိုင်ဆိုင်ဦးမှာပါ | လစ်ဗာပူးလ် – လိဒ်စ်ယူနိုက်တက် (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

လစ်ဗာပူးလ် – လိဒ်စ်ယူနိုက်တက်

အခုတစ်ပတ် ကြားရက်မှာ ပရီးမီးယားလိဂ် ပွဲကျန်တွေ ကစားဖို့ ရှိနေပြီး အမှတ်ပေးဇယား ထိပ်ပိုင်းက လစ်ဗာပူးလ်တို့ လိဒ်စ်ယူနိုက်တက်ကို အိမ်ကွင်း အန်ဖီးလ်မှာ ဧည့်ခံ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ထိပ်တိုက်တွေ့ဆုံချိန်တိုင်းမှာ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရပြီး အကြိတ်အနယ် ကစားရလေ့ ရှိတာကြောင့် ဒီတစ်ကြိမ် ဟာလည်း ပရိသတ်အကြိုက် ပွဲကောင်း တစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။

လစ်ဗာပူးလ်ရဲ့ ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဆု မျှော်လင့်ချက် အတွက် အရေးပါတဲ့ ပွဲစဉ်လို့ ပြောနိုင်ပြီး ထိပ်ဆုံးက မန်ချက်စတာစီးတီးနဲ့ ရမှတ် ကွာဟချက်ကို အတတ်နိုင်ဆုံး လျှော့ချနိုင်ဖို့ အခွင့်အရေးလည်း ဖြစ်ပါတယ်။ လက်ရှိ ခြေစွမ်းပိုင်းအရ ဆိုရင်တော့ လစ်ဗာပူးလ်တို့ အကောင်းဆုံး ပုံစံ တစ်ခု ပြန်ရနေတယ်လို့ ပြောလို့ ရပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲမှာ ၉ ပွဲနိုင်၊ ၁ ပွဲ သရေ ရလဒ် ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သွင်းဂိုး ၂၃ ဂိုး အထိ ရရှိခဲ့ပြီး ပေးဂိုး ကတော့ ၄ ဂိုးပဲ ရှိထားတာ ကလည်း လစ်ဗာပူးလ်တို့ ပုံမှန် ခြေစွမ်းကို ထိန်းထားနိုင်တယ် ဆိုတာ ပြသနေတဲ့ အချက် တစ်ချက် ဖြစ်ပါတယ်။ အဓိက ကတော့ ကလော့ပ်ရဲ့ အသင်းက ဘယ်ကစားသမားတွေကို ပွဲထွက်လူစာရင်းမှာ သုံးသုံး အဆင်ပြေနေတာ ဖြစ်ပါတယ်။ အခုလာမယ့် ပွဲမှာ ကလော့ပ် အနေနဲ့ ပြီးခဲ့တဲ့ နော့ဝှစ်ချ်စီးတီးနဲ့ ပွဲစဉ်တုန်းက အနားပေးခဲ့တဲ့ ရော်ဘတ်ဆန်နဲ့ အာနိုးလ်ကို ပြန်လည် အသုံးပြုလာဖွယ် ရှိပြီး တိုက်စစ်မှာတော့ ဂျိုတာနဲ့ ဖေမီနို ဒဏ်ရာရနေလို့ ဆာလာ၊ မာနေးနဲ့ လူးဝစ်ဒီးရာ့ဇ် တို့ကိုပဲ ပွဲထုတ်လာမယ့် သဘော ရှိပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် ပထမအကျော့ အဲလန်ရုတ်ကွင်း ပွဲစဉ် မှာတော့ လစ်ဗာပူးလ်တို့ ၃ ဂိုးပြတ် ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ လစ်ဗာပူးလ်

ပရီးမီးယားလိဂ် တန်းဆင်းဇုန် ဖိအား ရှိလာတဲ့ လိဒ်စ်ယူနိုက်တက် အတွက် ကတော့ ခက်ခဲတဲ့ ပွဲစဉ် ဖြစ်လာဦးမှာပါ။ လိဒ်စ်တို့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၄ ပြီးဆုံးချိန် အထိ နိုင်ပွဲ ၅ ပွဲသာ ရထားပြီး သရေ ၈ ပွဲ၊ ရှုံးပွဲ ၁၁ ပွဲ ရှိထားပြီး နောက်ဆုံး ၅ ပွဲမှာလည်း ဝက်စ်ဟမ်း တစ်သင်းတည်းကိုသာ အနိုင်ရထားခဲ့ပါတယ်။ အစောပိုင်း ပွဲစဉ်တွေမှာ ပြောခဲ့သလိုပဲ လိဒ်စ်ယူနိုက်တက်ရဲ့ ဒီရာသီ အဓိက အားနည်းချက်က ပွဲထွက် ကစားသမားတွေ မကြာခဏ ဒဏ်ရာ ရနေတာ ဖြစ်ပြီး ယူနိုက်တက်နဲ့ ပွဲတုန်းက အဓိက ကွင်းလယ်လူ ရော်ဘင်ကော့ချ် ထပ်ပြီး ဒဏ်ရာရသွားတာကြောင့် အခုပွဲမှာ လိဒ်စ်တို့ ကျိန်းသေပေါက် အားနည်းနေပါလိမ့်မယ်။ ဒါ့အပြင် ကယ်ဗင်ဖီးလစ်၊ ပက်ထရစ် ဘမ်းဖို့ဒ်၊ လီယမ် ကူးပါး တို့လည်း ဒဏ်ရာကြောင့် လွဲချော်ဦးမှာ ဖြစ်ပါတယ်။ ပွဲထွက်လူစာရင်း မှာတော့ ဒန်ဂျိမ်းစ်၊ ဂျက်ဟာရစ်ဆင်၊ ရာဖင်ညာ၊ ရိုဒရီဂို၊ ဒါးလက်စ်၊ ဖော်ရှော၊ ဖီယာပို၊ စတျောက်ခ်၊ ယော်ယန်းတေး၊ အေးလင်း၊ မက်စ်လေယား တို့ ပါဝင်လာဖို့ ရှိနေပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

၂၀၁၆ ခုနှစ် နောက်ပိုင်း ထိပ်တိုက်တွေ့ဆုံမှု ၄ ကြိမ် ရှိထားပြီး လစ်ဗာပူးလ်တို့ ၃ ပွဲနိုင်၊ ၁ ပွဲ သရေကျထားခဲ့ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ် ပထမအကျော့ အဲလန်ရုတ်ကွင်း ပွဲစဉ် မှာတော့ လစ်ဗာပူးလ်တို့ ၃ ဂိုးပြတ် ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
လစ်ဗာပူးလ် – လိဒ်စ်ယူနိုက်တက်အချိန်ပြည့် ဂိုးပေါ် ၃.၅၀ @ ၁.၇၈ ဆ
ဖေဖော်ဝါရီလ ၂၄ ရက်၊ မနက် ၂:၁၅ နာရီ (GMT+ ၆:၃၀)

SBOTOP 1X2 မှာ လစ်ဗာပူးလ် အတွက် ၁.၁၅ ဆ၊ လိဒ်စ် အတွက် ၁၆.၅၀ ဆ၊ သရေ အတွက် ၇.၀၀ ဆ ကြေးဖွင့်ပေးထားပါတယ်။ ထိပ်တိုက်တွေ့ဆုံချိန်တိုင်းမှာ အကြိတ်အနယ် ရှိတတ်ပေမယ့် လစ်ဗာပူးလ် တို့ပဲ ရလဒ်ကောင်း တစ်ခုကို အမြဲတမ်း ရယူနိုင်ခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။ လက်ရှိ မှာလည်း လိဒ်စ်ယူနိုက်တက်ရဲ့ အဓိကကစားသမားတချို့ ဒဏ်ရာ ရနေတာက လစ်ဗာပူးလ် အတွက် အားသာချက် တစ်ခု ဖြစ်သွားနိုင်ပြီး အန်ဖီးလ်မှာ ဂိုးပြတ် နိုင်ပွဲ ရဖို့ မခက်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါပေမယ့် ၁.၁၅ ဆ ဆိုတာ ပျော်ရွှင်စရာ မဟုတ်တဲ့ ကြေးဖွင့်မှု ဖြစ်နေလို့ ဂိုးပေါင်းကို ပိုပြီး စဉ်းစားစေချင်ပါတယ်။ နှစ်သင်းလုံးရဲ့ ပြီးခဲ့တဲ့ ၅ ပွဲ ရလဒ်တွေ အရ ဆိုရင် နှစ်သင်းပေါင်း သွင်းဂိုးတွေ များခဲ့တာကြောင့် ဂိုးပေါင်း အများကိုပဲ ရွေးချယ်ထားစေချင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်