ဖေဖော်ဝါရီ ၆ ရက် နေ့လည်ခင်း အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းထူးတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
အိုင်းထရက် ဖရန့်ဖတ်ရဲ့ အရှိန်အဟုန် ပြင်းပြင်းနဲ့ နာမည်ကြီးလာတဲ့ နောက်ခံလူ နေသန်နီရယ် ဘရောင်း အတွက် လစ်ဗာပူးလ်က ယူရို သန်း ၆၀ ဝန်းကျင်နဲ့ ကမ်းလှမ်းထားပါတယ်။ ဒီအပြောင်းအရွှေ့မှာ အာဆင်နယ် ကလည်း အနီးကပ် စောင့်ကြည့်နေပါတယ်။
အဲလီယော့တ် အန်ဒါဆန် ကတော့ နော့တင်ဟမ်ဖောရက်စ် ကနေ ပရီးမီးယားလိဂ် ထိပ်သီး မန်စီးတီးကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိသွားပြီလို့ သိရပါတယ်။ ဒါဟာ ကစားသမားကို ရေရှည် ပစ်မှတ်ထားခဲ့တဲ့ ယူနိုက်တက် အတွက်တော့ စိတ်ပျက်စရာပါပဲ။
ဘရိုက်တန် အသင်းရဲ့ နေရာစုံ ကစားနိုင်တဲ့ ကွင်းလယ်လူ ဒီယေဂို ဂိုးမက်ဇ်ကို ခေါ်ယူဖို့ မန်စီးတီးက စိတ်ဝင်စားလာပါတယ်။
ဘာစီလိုနာ နည်းပြ ဟန်ဆီ ဖလစ်ခ်က ရာဖင်ညာကို ရောင်းထုတ်ပြီး ရရှိလာတဲ့ ငွေကြေးနဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ စီစဉ်နေပါတယ်။

ဒေါ့မန် တိုက်စစ်မှူး ကာရင်မ် အဒီယီမီကို ချဲလ်ဆီးက အသည်းအသန် စိတ်ဝင်စားနေပါတယ်။ နည်းပြ လီယမ် ရိုစီနီယာက သူ့ကို အလက်ဟန်ဒရို ဂါနာချိုထက် ပိုသာတဲ့သူလို့ သတ်မှတ်ထားပါတယ်။
ဘေယန်မြူးနစ် ကွင်းလယ်လူ အလက်ဆန်းဒါး ပက်ဗလိုဗစ်ကို ခေါ်ယူဖို့ ချဲလ်ဆီး ဘက်က ပြင်းပြင်းထန်ထန် စိတ်ဝင်စားနေပါတယ်။
စပါး ကတော့ ချဲလ်ဆီး ဂိုးသမားလေး မိုက် ပန်ဒါးစ်ကို ကမ်းလှမ်းခဲ့ပေမယ့် လန်ဒန် ကလပ် ဘက်က ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပါတယ်။ ကစားသမား ကိုယ်တိုင် ကလည်း ရုန်းကန်နေရတဲ့ စပါးကို ပြောင်းရွှေ့လိုခြင်း မရှိကြောင်း သိရပါတယ်။
ရိုဒရီကို ပစ်မှတ်ထားနေရုံတင် မကဘဲ ရီးရဲလ်မက်ဒရစ်ဟာ မန်စီးတီးရဲ့ လူငယ် ကြယ်ပွင့် နီကို အိုရွိုင်လီ ကိုပါ ယူရို သန်း ၄၀ နဲ့ ကမ်းလှမ်းပြီး ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။
ဒန်နီ ကာဗာဟယ်ရဲ့ နေရာမှာ အစားထိုးဖို့ စပါး နောက်ခံလူ ပက်ဒရို ပေါ်ရို အတွက် ရီးရဲလ်မက်ဒရစ်က ယူရို သန်း ၃၀ နဲ့ စတင် ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ အကယ်၍ စပါးသာ ရာသီကုန်မှာ ပရီးမီးယားလိဂ် ကနေ တန်းဆင်းခဲ့ရရင်တော့ေနာမည်ကြီး ကစားသမားတွေကို အလွယ်တကူ လက်လွှတ် ဆုံးရှုံးရဖွယ် ရှိနေပါတယ်။
ရော်နယ် အာရူဟို ကတော့ သူ ဘာစီလိုနာ ကနေ ထွက်ခွာတော့မယ် ဆိုတာ အသင်းဖော်တွေကို ပြောပြထားပြီး ဖြစ်ပါတယ်။ ဘာစီလိုနာက သူ့ အတွက် ယူရို ၃၅ သန်း ဝန်းကျင် ရရင် ရောင်းထုတ်မယ်လို့ သိရပါတယ်။
ဘာစီလိုနာဟာ ဒေါ့မန် နောက်ခံလူ ရိုင်ယာဆင်ကို ဒေါ်လာ ၃၄.၉ သန်းနဲ့ မျက်စိကျနေပေမယ့် ယူနိုက်တက်၊ နယူးကာဆယ် တို့နဲ့ အပြိုင်လုရဖို့ ရှိနေပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်ပ်က လီယွန်နယ် မက်ဆီနဲ့ အင်တာမိုင်ယာမီ အသင်းကို မနေ့က အိမ်ဖြူတော်မှာ ကြိုဆိုဂုဏ်ပြုခဲ့ကြောင်း သိရပါတယ်။ အင်တာမိုင်ယာမီက ၂၀၂၅ ခုနှစ်မှာ MLS Cup ကို အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဆုံးအဖြစ် ရယူနိုင်ခဲ့တာကြောင့် ဒေါ်နယ် ထရန့်ပ်က အခုလို ဖိတ်ခေါ် ဂုဏ်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ မက်ဆီ အနေနဲ့ အိမ်ဖြူတော်ကို ပထမဆုံးအကြိမ် လည်ပတ်ခွင့်ရခဲ့တာ ဖြစ်ပြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ညစာစားပွဲ တက်ရောက်ခွင့်ရခဲ့တာကြောင့် ဒေါ်နယ် ထရန့်ပ်က ကမ္ဘာ့အကောင်းဆုံး ကစားသမား နှစ်ဦးကို ၄ လ အတွင်း တွေ့ဆုံခဲ့ခြင်းလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


