ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ ကတော့ မန်ချက်စတာယူနိုက်တက်ရဲ့ ဘရာဇီးလ် ဝါရင့် ကွင်းလယ်လူ ကက်စ်မဲရိုးကို ခေါ်ယူဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပြန်ပါတယ်။ အဲလ်နာဆာက ကက်စ်မဲရိုးကို အခုရာသီ မစတင်ခင် ကတည်းက ခေါ်ယူချင်ခဲ့တာ ဖြစ်ပြီး သတင်းတွေလည်း တော်တော်လေး ထွက်ခဲ့တာပါ။
လက်ရှိမှာ အသက် ၃၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ကက်စ်မဲရိုးက ရီးရဲလ်မက်ဒရစ်မှာ ဆုဖလား အောင်မြင်မှုရော၊ တစ်ကိုယ်ရည် အောင်မြင်မှု များစွာ ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘရားဇီးလ်သားဟာ ယူနိုက်တက် ပြောင်းရွှေ့ခဲ့ချိန်မှာတော့ အစောပိုင်းမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် နောက်ပိုင်း မှာတော့ သူ့ရဲ့ ဆိုးရွားလှတဲ့ အမှားတွေကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရသူ ဖြစ်ပါတယ်။ တစ်ချိန်က ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ခံစစ်ကစားသမား တစ်ဦး ဖြစ်ခဲ့တဲ့ ကက်စ်မဲရိုးဟာ ယူနိုင်တက် မှာတော့ ခြေစွမ်းတွေ ပျက်စီးခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။
ကက်စ်မဲရိုးဟာ မန်ချက်စတာယူနိုက်တက်ကို စတင်ရောက်ရှိခဲ့တဲ့ ပထမဦးဆုံး နှစ်မှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ရာသီက စပြီး ခြေစွမ်း ကျဆင်းသွားတာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ၂၀၂၆ ခုနှစ် အထိ စာချုပ် သက်တမ်း ကျန်ရှိနေပြီးတော့ တစ်နှစ် ထပ်မံ သက်တမ်း တိုးနိုင်တဲ့ သဘောတူချက်လည်း ပါဝင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်ရှိမှာ ယူနိုက်တက်က လုပ်ခ လစာ များစွာ ပေးချေနေရတဲ့ ကက်စ်မဲရိုးကို ရောင်းထုတ်ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ အဲလ်နာဆာ အသင်းခေါင်းဆောင် ရော်နယ်ဒိုက သူကစားနေတဲ့ ဆော်ဒီပရိုလိဂ် ကလပ်ဆီ ပြောင်းရွှေ့ဖို့ တိုက်တွန်းထားပါသေးတယ်။ အကယ်၍ အဲလ်နာဆာ အနေနဲ့ ကက်စ်မဲရိုးကို ခေါ်ယူမယ် ဆိုရင်တော့ ပေါင် သန်း ၃၀ ဝန်းကျင်နဲ့ ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။ အဲလ်နာဆာဟာ လက်ရှိမှာ ဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်ခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒို ဦးဆောင်ပြီး ဆာဒီယို မာနေး၊ မာဆယ်လို ဘရိုဇိုဗစ်၊ အမ်းမရစ်ခ် လာပေါ့တ်၊ အော့တာဗီယို၊ တယ်လစ္စကာ တို့လို အရည်အသွေးမြင့် ကစားသမားကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ အသင်း ဖြစ်ပါတယ်။ လက်ရှိ လူစာရင်းအရ ဆိုရင် အဲလ်နာဆာက တော်တော်လေး တောင့်တင်းနေပေမယ့် သူတို့ရဲ့ ခါးသီး ပြိုင်ဘက် အဲလ်ဟီလယ်၊ အဲလ် အစ်တီဟတ် တို့ကို မယှဉ်နိုင်တာကြောင့် အင်အား ထပ်မံ ဖြည့်တင်းဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။ အဲလ်နာဆာဟာ ပြီးခဲ့တဲ့ ရာသီ ကလည်း ဆော်ဒီပရိုလိဂ်မှာ အဲလ်ဟီလယ်နဲ့ အမှတ်တော်တော်ပြတ်ပြီး အဆင့် ၂ နေရာမှာသာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲလ်နာဆာက ဒီရာသီ ဆော်ဒီပရိုလိဂ် မှာလည်း ရုန်းကန်နေရပြီးတော့ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် မှာလည်း အဲလ် အစ်တီဟတ်ကို ရှုံးနိမ့်ထားပါတယ်။ အဲလ်နာဆာက လက်ရှိ ဆော်ဒီပရိုလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်ပြီး ဇယား ထိပ်က အဲလ် အစ်တီဟတ်က ၁၁ မှတ် ပြတ်တောက်နေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.