အက်စတွန်ဗီလာ – ချဲလ်ဆီး
ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၈ မှာ ရှုံးပွဲ ကိုယ်စီ တွေ့ထားတဲ့ နှစ်သင်းရဲ့ ဗီလာပါ့ခ်က အားပြိုင်မှုကို မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်မှာ ဗီလာဟာ ဇယားအောက်မှာ ကြမ်းတိုက်နေရတဲ့ ဝုဗ်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့သလို ချဲလ်ဆီး ကလည်း ဇယားထိပ်က အာဆင်နယ်ကို ၂-၁ ရလဒ်နဲ့ ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။
အက်စတွန်ဗီလာ
အက်စတွန်ဗီလာ ကတော့ ရလဒ်တွေ ဆိုးရွားနေဆဲ ဖြစ်ပြီး ဝုဗ်လို တန်းဆင်းရဖို့ များနေတဲ့ အသင်း ကိုတောင် ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တာ စိတ်ပျက်စရာပါ။ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိခဲ့ပြီး ဇယားထိပ်က အာဆင်နယ်နဲ့ ၁၃ မှတ်အထိ ကွာဟသွားခဲ့ပါပြီ။ ဒါကြောင့် ဗီလာရဲ့ ချန်ပီယံ မျှော်လင့်ချက်ဟာ လက်တွေ့မှာ ကုန်ဆုံးသွားပြီလို့ ဆိုနိုင်ပေမယ့် တခြားသော တိုက်ပွဲဝင်စရာတွေတော့ ကျန်ရှိနေပါသေးတယ်။ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိနိုင်ခြေ ရှိတဲ့ “ အဆင့် ၅ အတွင်း” ဝင်ဖို့အတွက် ရုန်းကန်နေရတာကြောင့် နည်းပြ အူနိုင်း အမ်မရီရဲ့ အသင်း အနေနဲ့ နိုင်ပွဲ ပြန်လည်ရရှိဖို့နဲ့ ဇယားအောက်ကို ထပ်မံ မကျဆင်းသွားဖို့က လက်ရှိမှာ အဓိက ရည်မှန်းချက် ဖြစ်လာပါတယ်။ ဒီရည်မှန်းချက် အတွက် အကောင်းဆုံး ဖြစ်နိုင်မယ့် အရာက ဗုဒ္ဓဟူးနေ့မှာ ရမှတ် ၃ မှတ်စလုံး ရယူနိုင်ဖို့ပါပဲ။ အထူးသဖြင့် ချဲလ်ဆီးဟာ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အပြိုင်အဆိုင် ဖြစ်နေတဲ့ အသင်း (၃) သင်းထဲမှာ တစ်သင်း အပါအဝင် ဖြစ်နေတာကြောင့် ဗီလာတို့ မဖြစ်မနေ ရလဒ်ကောင်းဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
ချဲလ်ဆီး
တစ်ဖက်မှာတော့ ချဲလ်ဆီး နည်းပြသစ် လီယမ် ရိုစီနီယာဟာ ပရီးမီးယားလိဂ် ပထမဆုံး ၄ ပွဲမှာ အနိုင်ရခဲ့ပေမယ့် နောက်ပိုင်းတွေ မှာတော့ ချန်ပီယံလိဂ် ဝင်ခွင့် တိုက်ပွဲမှာ အရေးကြီးတဲ့ ရမှတ်တွေ လျော့ပါးနေတာကို တွေ့ရပါတယ်။ ချဲလ်ဆီးဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲစလုံးမှာ နိုင်ပွဲ မရရှိခဲ့ဘဲ လိဒ်စ်၊ ဘန်လေ တို့နဲ့ အိမ်ကွင်းမှာ သရေကျခဲ့သလို၊ တနင်္ဂနွေနေ့ညကလည်း ဇယားထိပ်က အာဆင်နယ်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ နည်းပြ ရိုစီနီယာဟာ ချဲလ်ဆီးကို တာဝန်ယူစဉ် အတွင်း ၃ ပွဲ ရှုံးနိမ့်ထားပြီး အဲဒီ ၃ ပွဲစလုံးဟာ အာဆင်နယ်နဲ့ ကစားခဲ့ရတာ ဖြစ်ပါတယ်။ အာဆင်နယ်နဲ့ အနည်းဆုံး မေလအထိ ထပ်မတွေ့ရတော့တာကို သူ ဝမ်းသာနေမှာ ဖြစ်ပေမယ့် ရှေ့မှာ ရင်ဆိုင်ရမယ့် ပွဲစဉ်ဇယားတွေ ကတော့ လွယ်ကူဖို့တော့ မရှိပါဘူး။ ရာသီမကုန်ခင်မှာ ချဲလ်ဆီးက မန်စီးတီး၊ မန်ယူ၊ လစ်ဗာပူးလ် တို့လို အသင်းကြီးတွေနဲ့ ရင်ဆိုင်ဖို့ ကျန်ရှိနေသေးသလို၊ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် မှာလည်း လက်ရှိချန်ပီယံ ပီအက်စ်ဂျီနဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။ လက်ရှိမှာ အဆင့် ၆ နေရာမှာ ရှိနေပြီး ဗုဒ္ဓဟူးနေ့မှာ ရင်ဆိုင်ရမယ့် ဗီလာနဲ့ ၆ မှတ်သာ ကွာဟတာကြောင့် ဒီပွဲမှာ အနိုင်ရဖို့က ချဲလ်ဆီး အတွက် အလွန်အရေးကြီးနေပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကိုတော့ ဗီလာ ဘက်က ဂါစီယာ၊ ကာမာရာ၊ အဲလီယော့တ်၊ မက်ဂင်းန်၊ တေးလီမန့်စ် တို့ လွဲချော်ဖို့ ရှိနေပါတယ်။ ချဲလ်ဆီး ဘက်မှာတော့ ကိုးလ်ဝဲလ်၊ ကူကာရယ်လာ၊ အက်ဆူဂို၊ အက်စ်တီဗာအို၊ ဂစ်တန်စ်၊ နတ်တို (ပွဲပယ်) တို့ လွဲချော်မှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း

အက်စတွန်ဗီလာ – မာတီနက်ဇ်၊ ကတ်ရှ်၊ ကွန်ဆာ၊ တောရက်စ်၊ မတ်ဆန်၊ လူးဝစ်ဇ်၊ အိုနာနာ၊ ဘူအန်ဒီယာ၊ ရော်ဂျာစ်၊ ဆန်ချို၊ အေဘရာဟမ်
ချဲလ်ဆီး – ဆန်းချက်ဇ်၊ ဂျိမ်းစ်၊ ချာလိုဘာ၊ ဖိုဖာနာ၊ ဟာတို၊ ကိုင်စီဒို၊ ဆန်းတို့စ်၊ ပါးလ်မား၊ ဖာနန်ဒက်ဇ်၊ ဂါနာချို၊ ယာအို ပက်ဒရို
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ပြီးခဲ့တဲ့ ဒီဇင်ဘာလက စတန်းဖို့ဒ်ဘရစ်ချ်မှာ အိုလီ ဝက်ကင်န်ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် အိမ်ရှင် ဗီလာက ချဲလ်ဆီးကို ထပ်မံ အနိုင်ယူဖို့ ယုံကြည်မှုအပြည့် ရှိနေမှာပါ။ အကယ်၍ နိုင်ခဲ့ရင်တော့ နှစ်ပေါင်း ၃၀ အတွင်း ချဲလ်ဆီးကို ပထမဆုံးအကြိမ် အဖြစ် တစ်ရာသီအတွင်း အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စလုံး အနိုင်ရတဲ့ (League Double) မှတ်တမ်းကို ရရှိမှာ ဖြစ်ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ အက်စတွန်ဗီလာ နိုင်ရင် ၂.၅၂ ဆ၊ ချဲလ်ဆီး နိုင်ရင် ၂.၅၃ ဆ၊ သရေ ဆိုရင်တော့ ၃.၂၃ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ ဒဲ့ကြေးနဲ့ နှစ်ဖက်စလုံးက ကြေးဖွင့်ပေးထားလို့ ရွေးချယ်ရခက်တဲ့ အခြေအနေ ဖြစ်ပါတယ်။ အမ်မရီရဲ့ ဗီလာက ဗီလာပါ့ခ်မှာ ဆိုရင် ထိပ်သီး အသင်းကြီးတွေနဲ့ ရင်ဆိုင်ရတိုင်း အမြဲတမ်း ခြေစွမ်းပြလေ့ ရှိပါတယ်။ ဒါပေမယ့် သူတို့ရဲ့ နောက်ဆုံး ရလဒ်တွေ ကတော့ တကယ်ကို စိုးရိမ်စရာဖြစ်နေပြီး၊ အထူးသဖြင့် အသင်းငယ်တွေနဲ့ ကစားခဲ့ရတာတောင် ရလဒ်ဆိုးနေတာကို သတိပြုရမှာပါ။ တစ်ဖက်မှာလည်း ချဲလ်ဆီးက အားလုံး ပြီးပြည့်စုံနေတာမျိုး မဟုတ်ပေမယ့် နည်းပြသစ် ရိုစီနီယာ လက်ထက် မှာတော့ အလားအလာကောင်းတွေ ပြသထားနိုင်ပါတယ်။ သူ တာဝန်ယူခဲ့တဲ့ ပထမဆုံး လိဂ် ပွဲစဉ် ၇ ပွဲမှာတင် ၁၄ မှတ် အထိ ရယူပေးထားနိုင်ခဲ့တာပါ။ ဒီပွဲက သရေရလဒ်နဲ့ ပြီးဆုံးနိုင်ခြေ ရှိနေပြီး အပြန်အလှန် သွင်းဂိုးတွေကို မျှော်လင့်ရင်း ဂိုးပေါ် ၃.၀၀ ကို ရွေးချယ်ထားချင်ပါတယ်။
ခန့်မှန်းရလဒ်
အက်စတွန်ဗီလာ ၂-၂ ချဲလ်ဆီး
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


