နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၀က်ဖိုဒ့်အတွက် ပရီးမီးယားလိဂ် တန်းဆင်းအိမ်မက်ဆိုးဖြစ်လာဦးမယ့် မန်ချက်စတာစီးတီး

၀က်ဖို့ဒ် vs မန်ချက်စတာစီးတီး

လာမယ့် ဇူလိုင်လ ၂၁ရက်နေ့မှာတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ် ၃၇အဖြစ် ၀က်ဖိုဒ်အသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားဖို့ရှိနေပြီးတော့ အိမ်ရှင်၀က်ဖိုဒ့်အတွက် တန်းဆင်းဇုန်ထဲ ကရုန်းထွက်နိုင်‌ဖို့  ဖောင်ဖျက်ကစားရမယ့် ပွဲဖြစ်နေတာကြောင့် ပရိသတ်ကြိုက်ပွဲစဉ်တစ်ပွဲဖြစ်လာဦးမှာပါ။

 

အဓိကအကြောင်းအရာ

ပထမဆုံးစပြောရရင်တော့ ၀က်ဖိုဒ့်အကြောင်းပါ။၀က်ဖိုဒ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဖျက်မြင်းအသင်းတစ်သင်းအဆင့်လောက်ရှိခဲ့ပေမယ့် လက်ရှိရာသီမှာတော့ အသင်းပုံစံသိသိသာသာပျက်ယွင်းသွားခဲ့တာကြောင့် တန်းမဆင်းရဖို့အရေးရုံးကန်နေရတဲ့အသင်းဖြစ်နေပါတယ်။ရာသီအစကတည်းက ရလဒ်တွေဆိုးရွားခဲ့လို့ နည်းပြ အပြောင်းအလဲ‌တောင် ပြလုပ်ခဲ့ပေမယ့် ပုံမှန်ခြေစွမ်းပြန်မရသေးတာ အခုထိပါပဲ။၃၆ပွဲကစားထားပြီးတဲ့အချိန်မှာ ၁၉ပွဲထိရှုံးနိမ့်ထားပြီး သရေပွဲ၁၀ပွဲထိရှိသလို ၈ပွဲပဲအနိုင်ရထားပါတယ်။ တန်းဇင်းဇုံရဲ့အထက် ၃မှတ်အကွာနဲ့ အဆင့်၁၇နေရာမှာရပ်တည်နေတယ်ဆိုပေမယ့် လက်ကျန်နှစ်ပွဲက မန်စီးတီး၊အာဆင်နယ်တို့နဲ့ဖြစ်လို့ အခန့်မသင့်ရင် တန်းဆင်းသွားနိုင်ပါတယ်။

မန်စီးတီးတို့ကတော့ အမှတ်မလိုတော့တဲ့အသင်းဆိုပြီးတောင် ပြောလို့ရပါတယ်။ လစ်ဗာပူးလ်ချန်ပီယံဖြစ်ခဲ့လို့ မျှော်လင့်ချက်မရှိတော့သလို လာမယ့်ရာသီချန်ပီယံလိဂ်၀င်ခွင့်ရဖို့အတွက်ကလည်း အဆင့်၃နေရာကအသင်းကို ၁၂မှတ်ထိဖြတ်ထားနိုင်တာကြောင့် အဆင့်၂ နေရာနဲ့ ပန်း၀င်ခဲ့ပြီလို့ပြောရမှာဖြစ်ပါတယ်။သူတို့အတွက် အက်ဖ်အေဖလား မျှော်လင့်ချက်ကလည်း ကုန်သွားပြီဖြစ်လို့ ချန်ပီယံလိဂ်တစ်ခုပဲ အာရုံစိုက်ဖို့ကျန်ပါတော့တယ်။

ဒီပွဲမှာလည်း ထုံးစံအတိုင်း မန်စီးတီးရဲ့ တိုက်စစ်က ဂျီးဆပ်၊ဘရာနာဒိုဆေးလ်ဗား၊စတာလင် တို့ကသိသိသာသာခြေစွမ်းပြပြီး ဂိုးတွေသွင်းယူနိုင်ဦးမယ်လို့ ကျိန်းသေပေါက်တွက်ဆလို့ရပါတယ်။၀က်ဖိုဒ်ရဲ့ လက်ရှိလူစာရင်းကိုကြည့်မယ်ဆိုရင်တော့ သိပ်များများစားစား ပြောစရာမရှိပဲ တိုက်စစ်က ထရွိုင်ဒီနေး၊ကွင်းလယ်က ကလီဗာလေနဲ့ အစ်စမယ်လာ ဆား တို့ဘယ်လောက်ထိရုန်းအားကောင်းကောင်းနဲ့ မန်စီးတီးလို အသင်းကိုဘယ်လို တုံ့ပြန်ဖို့ကြိုးစားလာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ မန်စီးတီးအနေနဲ့ ပြီးခဲ့တဲ့ရက်က အာဆင်နယ်နဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ကစားထားရလို့ ပွဲပန်းနေတယ်ဆိုပေမယ့် နည်းပြဂွာဒီယိုလာ နဲ့ အသင်းသားတွေရဲ့ ပေါက်ကွဲအားကိုတော့ အိမ်ရှင်တို့ ခံနိုင်မယ်မထင်ပါဘူး။

ပရီးမီးယားလိဂ်မှာသွင်းဂိုး ၉၃ ဂိုးရရှိထားတဲ့ မန်စီးတီးတိုက်စစ်ကို ခံကစားနိုင်ဖို့ နည်းပြ နီဂဲလ် ပီယာဆင် ဘယ်လိုပြင်ဆင်လာမလဲဆိုပဲ စောင့်ကြည့်ရမှာပါ။
၀က်ဖိုဒ့်ကို ပထမအကျောမှာ ၈ဂိုးသွင်းပြီး ၂၀၁၉/၂၀၂၀ ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံးနိုင်ပွဲရခဲ့တဲ့မန်စီးတီး

၀က်ဖိုဒ့်ရဲ့နောက်တန်းကတော့ ဒီရာသီမှာ ပေးဂိုး အများဆုံးအသင်းတွေမှာပါနေပြီးတော့ ပေးဂိုး၅၇ဂိုးထိရှိထားလို့ ဂျီးဆပ်၊စတာလင် တို့လို ဂိုးသွင်းသေချာတဲ့ တိုက်စစ်မှူးတွေ အကြိုက်‌တွေ့မယ့်ပွဲဆိုတာ သေချာနေပါတယ်။ဂျီးဆပ်ဂိုးသွင်းတိုင်း မန်ချက်စတာစီးတီးအသင်းအနေနဲ့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲ‌ ပေါင်း၃၀ ရှုံးပွဲမရှိသေးပါဘူး။

 

ထိပ်တိုက်တွေ့ဆုံမှု နဲ့ အစဉ်အလာ

၀က်ဖိုဒ့်ဟာ ၁၉၈၉ခုနှစ် နောက်ပိုင်းပရီးမီးယားလိဂ်အပါအ၀င် ပြိုင်ပွဲစုံမှာ မန်ချက်စတာစီးတီးကို အနိုင်မရတော့တာ နှစ်ပေါင်း ၃၀ကျော်သွားခဲ့ပါပြီ။ မ န်ချက်စတာစီးတီးတို့ ၀က်ဖိုဒ့်နဲ့တွေ့တိုင်း ဂိုးသွင်းကြမ်းတယ်ဆိုတာကိုလည်း နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု ၅ကြိမ်မှာ ၂၂ဂိုးထိ သွင်းယူထားတဲ့မှတ်တမ်းကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ ပထမ‌အကျော့မန်စီးတီးအိမ်ကွင်းမှာလည်း ၈ဂိုးပြတ်ရှုံးနိမ့်ထားခဲ့တဲ့ ၀က်ဖိုဒ့်တို့ ဒီတစ်ကြိမ်မှာလည်း ပရီးမီးယားလိဂ်မှာသွင်းဂိုး ၉၃ ဂိုးရရှိထားတဲ့ မန်စီးတီးတိုက်စစ်ကို ခံကစားနိုင်ဖို့ နည်းပြ နီဂဲလ် ပီယာဆင် ဘယ်လိုပြင်ဆင်လာမလဲဆိုပဲ စောင့်ကြည့်ရမှာပါ။ဒါပေမယ့် မေ့လို့မရတဲ့အချက်တစ်ချက်ကတော့ ၀က်ဖိုဒ့်ဟာ အသင်းကြီးတွေကို အိမ်ကွင်းမှာ လက်ခံကစားတိုင်းမှာ မာမာထန်ထန် တုံ့ပြန်ကစားတတ်တဲ့ အသင်းဖြစ်ပါတယ်။ ဒီရာသီမှာလည်း ထိပ်သီးအသင်းတွေထဲ ချဲလ်ဆီးတစ်သင်းထဲကိုပဲ အိမ်ကွင်းမှာ ရှုံးနိမ့်ထားပြီးတော့ မန်ယူနိုက်တက်၊လစ်ဗာပူးလ် တို့လိုအသင်းတွေကို ဂိုးပြတ်အနိုင်ယူထားတာကိုတော့ ထည့်စဉ်းစားရမှာဖြစ်ပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
၀က်ဖိုဒ့် vs မန်ချက်စတာစီးတီး ဂိုးပေါင်း 4-6 @ 2.48
ဇူလိုင်လ ၂၁ရက်, ည ၁၁:၃၀ (GMT + ၆:၃၀)

အမှတ်မလိုတော့တဲ့ အသင်းနဲ့ တန်းဆင်းဇုန်ဖိအားအပြည့်ရင်ဆိုင်နေရတဲ့ အသင်းတို့ တွေ့ဆုံနေတာဖြစ်ပေမယ့် လက်ရှိ ၀က်ဖို့ဒ်ရဲ့ ခြေစွမ်းပိုင်းအရ မန်ချက်စတာစီးတီးကို ဘယ်လိုမှခံကစားဖို့ မဖြစ်နိုင်ပါဘူး။မန်ချက်စတာစီးတီးအနေနဲ့ကလည်း ၀က်ဖို့ဒ်နဲ့ဆိုရင် ဂိုးမြူးလေ့ရှိတာကြောင့် လူစုံထုတ်မကစားရင်တောင် ကျိန်းသေပေါက် အနိုင်ယူနိုင်စွမ်းရှိပါတယ်။1X2ရဲ့ ပေါက်ကြေးတွေကိုကြည့်မယ်ဆိုရင်‌တော့အိမ်ရှင်အနိုင်ဆိုရင် 8.00ဆ ဖြစ်ပြီး ဧည့်သည်ဘက်ကနေမယ်ဆိုရင်တော့ ၁.၃ဆ နဲ့ သရေအတွက်ကိုတော့ ၅.၂၀ဆဖြစ်ပါတယ်။စိတ်ကြိုက်ဆိုရင်တော့  အရနည်းပေမယ့် သေချာမယ့် မန်ချက်စတာစတီးနဲ့ ဂိုးပေါင်း ၄ဂိုးနဲ့ အထက်ကို ရွေးချယ်ချင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်