နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ဆုံးရ ပရီးမီးယားလိဂ် သတင်းများ (စက်တင်ဘာလ ၂၄၊ ၂၀၂၁)

အခုတစ်ခါ မှာတော့ SBOTOP ဘောလုံးဝါသနာရှင် ပရိသတ်တွေ အတွက် စက်တင်ဘာလ ၂၄ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားတဲ့ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
 

“ဘာစိတ်ကူးနဲ့များ ဘန်ဝှိုက် အတွက် ပေါင်သန်း ၅၀ သုံးခဲ့သလဲ စဉ်းစားလို့ မရဘူး” – ဂါးလက်စ်

တစ်ချိန်က ဂန်းနားဟောင်း ဝီလီယံ ဂါးလက်စ် ကတော့ အာဆင်နယ် အသင်းကို အထိနာစေမယ့် ဝေဖန် သုံးသပ်မှု ပြုလုပ်ခဲ့ပြန်ပါတယ်။ ဂါးလက်စ်က အာဆင်နယ်တို့ ဘာကြောင့်များ ဘန်ဝှိုက်ကို ပေါင်သန်း ၅၀ အထိ ပေးပြီး ခေါ်ယူခဲ့သလဲ ဆိုတာ စဉ်းစားရခက်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်က ဗာရန်းကို ပေါင် သန်း ၄၀ နဲ့ ခေါ်ယူပြီး အဆင်ပြေနေချိန်မှာ ဘန်ဝှိုက် ကိုတော့ အခုချိန်ထိ ထိပ်တန်း အဆင့် ခြေစွမ်းမျိုးနဲ့ မြင်တွေ့ရခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။ ဆက်လက်ပြီး ဂါးလက်စ်က “ဗာရန်းဟာ ဘန်ဝှိုက်နဲ့ မတူညီတဲ့ အရည်အချင်း ရှိတဲ့ ကစားသမား ဖြစ်ပါတယ်။ ဘန်ဝှိုက် ကတော့ ငယ်ပါသေးတယ်။ ပြီးတော့ အခုထိလည်း ဘာဆို ဘာမှကို သက်သေ မပြရသေးပါဘူး။ ဘာကြောင့်များ ပေါင်သန်း ၅၀ ပေးခေါ်ခဲ့လဲ မသိပါဘူး” လို့ ဆိုပါတယ်။ နောက်ဆုံး မှာတော့ ဘန်ဝှိုက်ကို လေးစားကြောင်း အကောင်းဆုံး ကစားသမား ဖြစ်လာဖို့လည်း မျှော်လင့်ကြောင်း ဒါပေမယ့် ဘန်ဝှိုက်ဟာ ဗာရန်းနဲ့ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရဘူးလို့ ပြောကြားသွားခဲ့ပါတယ်။ ဂါးလက်စ် ဟာ လန်ဒန် အခြေစိုက် ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ ချဲလ်ဆီး၊ အာဆင်နယ်၊ တော့တင်ဟမ်ဟော့စပါး တို့မှာ နှစ်ပေါင်း များစွာ ကစားခဲ့သူ တစ်ဦး ဖြစ်ပါတယ်။
 

ကာရင်တန် လေ့ကျင့်ရေးကွင်းဆီ သက်တော်စောင့်တွေနဲ့ လာတဲ့ စီရော်နယ်ဒို

ခရစ္စတီယာနို ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ မနက်က ယူနိုက်တက်ရဲ့ ကယ်ရင်တန် လေ့ကျင့်ရေးကွင်း ဆီကို သက်တော်စောင့်တွေနဲ့ လာရောက်ခဲ့တယ်လို့ သိရပါတယ်။ စီရော်နယ်ဒိုလို ကမ္ဘာ့အကောင်းဆုံး ကစားသမား တစ်ဦး အတွက် သက်တော်စောင့် ငှားရမ်းထားတာ အထူးအဆန်း မဟုတ်ပေမယ့် သူမောင်းနှင်လာတဲ့ ဘန်တလီ ကားရဲ့ အနောက် သိပ်မဝေးတဲ့ အနေအထား ကနေ ကပ်လျက် လိုက်ပါလာတာ ဖြစ်လို့ ဗြိတိန် မီဒီယာတွေရဲ့ ထုံးစံအတိုင်း သို့လော၊ သို့လော မေးခွန်းတွေ ထုတ်ပြီး သတင်းတွေမှာ အကျယ်တဝင့် ဖော်ပြနေကြတာ ဖြစ်ပါတယ်။ ရော်နယ်ဒို အနေနဲ့ ယူနိုက်တက်တို့ ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့တဲ့ လိဂ်ဖလား ပွဲစဉ်အပြီး နောက်တစ်နေ့ မနက်မှာ အခုလို သက်တော်စောင့် နှစ်ဦးနဲ့ လာရောက်ခဲ့တာ ဖြစ်ပါတယ်။ အမှန်တကယ်တော့ အခုလ အစောပိုင်းက ရော်နယ်ဒို မန်ချက်စတာ လေယာဉ်ကွင်းကို ရောက်ရှိလာချိန်နဲ့ ယန်းဘွိုင်းစ်နဲ့ ချန်ပီယံလိဂ် ကစားဖို့ ဆွစ်ဇာလန်ကို သွားတဲ့ အချိန်မှာ ထဲက သက်တော်စောင့် နှစ်ဦးကို မြင်တွေ့နေရတာ ဖြစ်ပါတယ်။ လက်ရှိမှာ စီရော်နယ်ဒို ဟာ မန်ချက်စတာ ယူနိုက်တက် အတွက် ၃ ပွဲ ကစား၊ ၄ ဂိုး သွင်းယူ ပေးထားပြီး ခြေစွမ်းပြနေပေမယ့် ပြီးခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ လိဂ်ဖလား ပွဲထွက် လူစာရင်း မှာတော့ ပါဝင်ခဲ့ခြင်းတော့ မရှိပါဘူး။ ဒါပေမယ့် စီရော်နယ်ဒို အနေနဲ့ စနေနေ့မှာ ကစားမယ့် အက်စတွန်ဗီလာနဲ့ အရေးကြီးတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ပထမ လူစာရင်း မှာတော့ ကျိန်းသေပေါက် ပြန်လည် ပါဝင်လာဖို့ များနေတယ်လို့ သိရပါတယ်။
 

 

ဂူဒီဆင်ပါ့ခ်ကို နှုတ်ဆက်ပြီး ကာတာ ကလပ်ဆီ ပြောင်းရွှေ့သွားတဲ့ ဂျိမ်းစ် ရိုဒရီဂွက်ဇ်

ကိုလံဘီယာ လက်ရွေးစင် ဂျိမ်းစ် ရိုဒရီဂွက်ဇ် ကတော့ ပြီးခဲ့တဲ့ ရက်ကပဲ ပရီးမီးယားလိဂ် ကလပ် အဲဗာတန် အသင်းကို စွန့်ခွာပြီး ကာတာ ကလပ် အဲလ်ရေယန်ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ ရိုဒရီဂွက်ဇ်ဟာ ပြီးခဲ့တဲ့ နွေရာသီက အဲဗာတန် အသင်းထံ ၂ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပေမယ့် ဆရာဟောင်း အန်ဆယ်လော့တီ ရီးရဲယ်မက်ဒရစ်ထံ ပြောင်းရွှေ့သွားတာ အပြင် နည်းပြသစ် ဘင်နီတက်ဇ် ရဲ့ စိတ်ကြိုက်ကစားသမား မဟုတ်တာကြောင့် အခုလိုပဲ ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။ ဘင်နီတက်ဇ် အနေနဲ့ အသင်းကို စတင်ရောက်ရှိ လာချိန်တည်းက ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ သူ့ရဲ့ အစီအစဉ်မှာ မပါဝင်ကြောင်း တရားဝင် ထုတ်ဖော် ပြောကြားထားခဲ့တာ ဖြစ်ပါတယ်။ ရိုဒရီဂွက်ဇ် ထွက်ခွာသွားချိန် မှာတော့ အသင်း ပရိသတ်တွေကို သူ့ရဲ့ အင်စတာဂရမ် စာမျက်နှာ ကနေ တစ်ဆင့် ဝမ်းနည်းစွာ နှုတ်ဆက် သွားခဲ့တာလည်း ‌တွေ့ရပါတယ်။
 

ရူဒီဂါကို စိတ်ဝင်စားနေတဲ့ အထဲမှာ ဘေယန်မြူးနစ်လည်း ပါဝင်လာခဲ့

ချဲလ်ဆီး အသင်းရဲ့ ဗဟိုခံစစ်မှူး အန်တိုနီယို ရူဒီဂါ ကတော့ ဥရောပ ထိပ်သီး အသင်းကြီး အများစုရဲ့ ပစ်မှတ် ဖြစ်လာခဲ့ပြီး အခု နောက်ဆုံး မှာတော့ ဂျူလီယန် နေဂဲလ်စ်မန်းရဲ့ ဘေယန်မြူးနစ် ကပါခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သိရပါတယ်။ အသက် ၂၈ နှစ်အရွယ် ဂျာမန် နောက်ခံလူ ရူဒီဂါဟာ ပြီးခဲ့တဲ့ ရာသီက ချဲလ်ဆီးကို တူချယ် ရောက်ရှိလာချိန်ကစလို့ အဓိက ပွဲထွက် ကစားသမား ဖြစ်လာခဲ့ပြီး အမှန်တကယ်လည်း ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်ပါတယ်။ ရူဒီဂါဟာ ချဲလ်ဆီးနဲ့ ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်လို့ ပီအက်စ်ဂျီနဲ့ ရီးရဲယ်မက်ဒရစ် တို့က အရ‌ ခေါ်ယူဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် တူချယ်ဟာ ဆီဗီလာက ပြင်သစ် လူငယ် နောက်ခံလူ ကွန်း‌ဒေးကို အသည်းအသန် ခေါ်ယူချင်နေတာကြောင့် ရူဒီဂါ အနေနဲ့ နှစ်ကုန်မှာ ပရီးမီးယားလိဂ်ကို ကျိန်းသေပေါက် စွန့်ခွာနိုင်ဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်