ဘန်လေ vs လက်စတာစီးတီး
လာမယ့် မတ်လ ၄ ရက်နေ့ မနက်အစောပိုင်းမှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် တချို့ ဆက်လက် ကစားဖို့ ရှိနေပြီး ဘန်လေနဲ့ လက်စတာစီးတီးကို ကစားမယ့် ပွဲလည်း ရှိနေပါတယ်။ ရာသီအကုန် ပရီးမီးယားလိဂ် မှာ ဆက်လက် ရပ်တည်နိုင်ဖို့ သေချာ အာရုံစိုက်ကစားနေရတဲ့ ဘန်လေတို့ ခြေစွမ်းအတက်အကျ မမှန်တဲ့ လက်စတာစီးတီးကို အိမ်ကွင်းမှာ ဒုက္ခပေးနိုင်ဦးမှာလားဆိုတာ စောင့်ကြည့်ရဖို့ ရှိနေပါတယ်။
ဘန်လေတို့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲမှာ ရမှတ် ၂ မှတ်ပဲ ရှာဖွေနိုင်ခဲ့ပြီး တော့တင်ဟမ်ဟော့စပါးနဲ့ ပွဲမှာဆိုရင် ၄ ဂိုးပြတ်နဲ့ ဆိုးဆိုးရွားရွား အရေးနိမ့်ခဲ့တာ တွေ့ရပါတယ်။ လက်ရှိဘန်လေမှာ အက်ရှ်လေဘန်းစ်၊ ပိုင်တားစ်၊ ဂတ်မန်ဆန်၊ ဘရက်ဒီတို့ ဒဏ်ရာရရှိနေလို့ အသင်းလိုက် ကစားပုံ အားနည်းနေပြီး ခံစစ်ကလည်း သိသိသာသာ ပေါက်ပြဲနေခဲ့လို့ နိုင်ပွဲတွေနဲ့ ပြန်ဝေးနေခဲ့ပါတယ်။ ဘန်လေတို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၅ နေရာမှာ ရပ်တည်နေပြီး တန်းဆင်းဇုန်ရဲ့ အထက် ၅ မှတ်အကွာနဲ့ ရပ်တည်နေလို့ စိတ်မချရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၈ ပွဲမှာ ခရစ္စတယ်ပဲလေ့စ် တစ်သင်းတည်းကို အနိုင်ရထားပြီး နောက်ဆုံး ၃ ပွဲမှာဆိုရင် တစ်ပွဲပျမ်းမျှ ၁ ဂိုးနှုန်းလောက်တောင် မရခဲ့လို့ တိုက်စစ်ကလည်း အားရစရာမကောင်းဘူးဆိုတာ သက်သေပြနေခဲ့ပါတယ်။ ဒီရာသီ အိမ်ကွင်းစွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်လည်း ၄ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၅ ပွဲရှုံးထားပါတယ်။
လက်စတာစီးတီးတို့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာဆိုရင် အာဆင်နယ်ကို အိမ်ကွင်းမှာ ၁-၃ နဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့ပြီး ခြေစွမ်း တော်တော်လေးပျက်ဆီးနေခဲ့ပါတယ်။ လက်စတာစီးတီးတို့ လက်တလော ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေတယ်ဆိုပေမယ့် တစ်ပွဲနဲ့ တစ်ပွဲ ခြေစွမ်းမတည်ငြိမ်လို့ အချိန်မရွေး ဇယားအောက်ကို ကျသွားနိုင်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ အသင်းမှာ ခြေစွမ်းကောင်းတဲ့ ကစားသမားပေါင်းများစွာ ရှိနေတယ် ဆိုပေမယ့် နည်းပြ ဘရန်ဒန်ရော်ဂျာရဲ့ တစ်ပွဲနဲ့ တစ်ပွဲ မတူညီတဲ့ နည်းစနစ်ပိုင်းဆိုင်ရာကြောင့် လက်စတာတို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ လက်တလော အသင်းရဲ့ ဒဏ်ရာ/ပွဲပယ် အနေအထားကို ကြည့်မယ်ဆိုရင် အရိုးပီးရက်ဇ်၊ ပရတ်၊ ဘားနက်စ်၊ ဂျိမ်းစ်မက်ဒီဆင်၊ ဂျက်စတင်၊ အီဗန့်စ်၊ မော်ဂန်၊ ဖိုဖာနာတို့လို အားကိုးရတဲ့ ကစားသမားတွေ ပါဝင်နေလို့ အခုပွဲမှာလည်း ကျိန်းသေပေါက် ရုန်းကန်ရပါလိမ့်မယ်။ ဝံပုလွေတွေရဲ့ ဒီရာသီ အဝေးကွင်းစွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင် ၉ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၁ ပွဲရှုံးထားလို့ အားရစရာတော့ ကောင်းနေပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
၂၀၁၀ ခုနှစ်နောက်ပိုင်း ဘန်လေနဲ့ လက်စတာစီးတီးတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုကို တစ်ချက်ပြန်ကြည့်မယ်ဆိုရင် လက်စတာစီးတီးတို့ အပြတ်အသတ် အသာရခဲ့တာ တွေ့ရပြီး ၁၁ ကြိမ်အထိ အနိုင်ရရှိကာ ဘန်လေကတော့ ၄ ကြိမ် ပြန်လည် အနိုင်ရထားပါတယ်။ သရေပွဲကတော့ ၄ ပွဲရှိထားပြီး ဒီရာသီအတွက် ပထမအကျော့ ပွဲစဉ်မှာတော့ လက်စတာစီးတီးက ၄-၂ ရလဒ်နဲ့ ဂိုးပြတ်အနိုင်ရထားပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်များ
ဘန်လေ vs လက်စတာစီးတီး | 1X2 လက်စတာ စီးတီး @ 2.04 | |
မတ် ၄ ရက်, ည ၁၂:၃၀ နာရီ (GMT + ၆:၃၀) |
1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၃.၇၀ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၂.၀၄ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၂၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ လက်ရှိ ခြေစွမ်းအရ နှစ်သင်းစလုံး အားရစရာ မရှိဘူးဆိုပေမယ့် အသင်းကြီး ဖြစ်တဲ့ လက်စတာစီးတီးကိုတော့ ဘန်လေတို့ ယှဉ်နိုင်ဖို့ ခက်ခဲဦးမှာပါ။ နောက်ပြီး လက်စတာတို့ အမှတ်ပေးဇယားထိပ်ပိုင်းမှာ ဆက်လက် ရပ်တည်ခွင့်အတွက် အခုပွဲက အရေးပါနေလို့ ကျိန်းသေပေါက် အနိုင်ကစားမှ ဖြစ်ပါလိမ့်မယ်။ လက်စတာစီးတီးကိုပဲ ယုံကြည်ထားချင်ပါတယ်။
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.