ပိုလန် ၃ – ၀ အန်ဒိုရာ
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ဥရောပဇုန် ခြေစစ်ပွဲ အုပ်စု (ဈ)ရဲ့ ပွဲစဉ် တစ်ပွဲမှာတော့ ပိုလန်တို့ ၃-၀ နဲ့ အန်ဒိုရာကို အနိုင်ရသွားခဲ့ပါတယ်။ ဒီနေ့ပွဲမှာတော့ တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီးရဲ့ ခြေစွမ်းပြမှုနဲ့ အတူ ပိုလန်တို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ နိုင်ပွဲ စတင်ရရှိခဲ့တာ ဖြစ်ပြီး အင်္ဂလန်ရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။
ဟန်ဂေရီနဲ့ အဖွင့်ပွဲမှာ မထင်မှတ်ပဲ ၃ ဂိုးစီ သရေကျခဲ့လို့ နိုင်ပွဲနဲ့ လွဲချော်ခဲ့ရတဲ့ ပိုလန်တို့ အခုပွဲမှာ ကျိန်းသေပေါက် အနိုင် ၃ မှတ် အပြည့်ရဖို့ လူစာရင်းအပြည့်အစုံနဲ့ ပွဲထွက်လာခဲ့ပါတယ်။ တိုက်စစ်မှာ လီဝန်ဒေါစကီးနဲ့ပီယာတက်ခ် ကို တွဲဖက်စေပြီးတော့ ကွင်းလယ်မှာ မီလစ်ခ်၊ ဂျော့ဇ်ဝစ်ခ်၊ ကရိုင်ချိုဝိတ်ခ်၊ ဇီလင်းစကီး၊ နောက်တန်းမှာ ပီယာတက်ကောစကီး၊ ဂလစ်ခ်၊ ရိုင်ဘက်စ်၊ ဘာရက်စ်ဇင်စကီး၊ ဆက်ဇီနီတို့ ပါဝင်လာခဲ့ပါတယ်။ အန်ဒိုရာဘက်မှာတော့ ပြည်တွင်းလိဂ်မှာ ကစားနေတဲ့ ကစားသမားတွေသာ ပါဝင်လာခဲ့ပြီး ပိုလန်ကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့တာ တွေ့ရပါတယ်။ ပိုလန်တို့ ပွဲချိန် မိနစ် ၃၀ မှာ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး ရိုင်ဘက်စ်ရဲ့ပေးပို့မှုကနေ ရောဘတ်လီဝန်ဒေါစကီးက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဒုတိယပိုင်းမှာတော့ ပိုလန်တို့ ကစားပုံ ပိုကောင်းလာခဲ့ပြီး ဂျော့ဇ်ဝစ်ခ်ရဲ့ ပေးပို့မှုကနေ လီဝန်ဒေါစကီးကပဲ ဒုတိယဂိုး ထပ်မံသွင်းယူပေးခဲ့ပါတယ်။ ၈၈ မိနစ်မှာတော့ တတိယဂိုး ထပ်မံရရှိခဲ့ပြီး လူစားဝင်ကစားသမား ကာရိုးလ် ဆွစ်ဒါစကီး က သွင်းယူပေးခဲ့လို့ ပိုလန်တို့ ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။
ပွဲပြီးသုံးသပ်ချက်
အဖွင့်ပွဲမှာတုန်းက ဟန်ဂေရီကို နောက်ကနေ လိုက်ကစားပြီး သရေတစ်မှတ်ရအောင် မနည်းကစားခဲ့ရတဲ့ ပိုလန်တို့ကို အခုပွဲမှာ ပုံစံကောင်းတစ်ခုနဲ့ ပြန်လည်မြင်တွေ့ခဲ့ရပါတယ်။ တစ်ချက်ရှိတာက ကမ္ဘာ့အဆင့် ၁၅၁ နေရာမှာ ရှိတဲ့ အသင်းတစ်သင်းကို အနိုင်ရဖို့ဆိုတာ မခက်တာကြောင့် ပိုလန်တို့ အခုထက်တောင် သွင်းဂိုးတွေ ပိုရခဲ့သင့်ပါတယ်။ အင်္ဂလန် ဟန်ဂေရီ၊ အဲလ်ဘေးနီးယားတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာကြောင့် မထင်မှတ်ပဲ ပွဲကြပ်နေတဲ့ ပိုလန်တို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဆင့်ကို ကျော်ဖြတ်ဖို့ဆိုရင်တော့ အခုထက်ပိုပြီး အာရုံစိုက်ဖို့ လိုအပ်နေပါတယ်။ အန်ဒိုရာ ကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ၂ ပွဲကစား၊ ၂ ပွဲ ရှုံးပြီး အုပ်စု အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။
လာမယ့်ပွဲစဉ်များ
ပိုလန်တို့ လာမယ့် ဧပြီလ ၁ ရက်နေ့မှာ အင်္ဂလန်နဲ့ ကစားဖို့ရှိပြီး အန်ဒိုရာကတော့ ဟန်ဂေရီနဲ့ ကစားရမှာ ဖြစ်လို့ နှစ်သင်းစလုံး ပွဲကြပ်တွေ ဖြတ်သန်းရဦးမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.