နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အမေရိကန် နည်းပြ ဖြစ်လာခဲ့တဲ့ ပိုချက်တီနို | ပရီးမီးယားလိဂ်

အမေရိကန် လက်ရွေးစင် အသင်း ကတော့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ချဲလ်ဆီးနဲ့ လမ်းခွဲပြီးနောက် အသင်း လက်မဲ့ ဖြစ်နေတဲ့ မော်ရူစီယို ပိုချက်တီနိုကို နည်းပြချုပ် အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီအကုန်မှာ အပြန်အလှန် သဘောတူညီချက်နဲ့ ချဲလ်ဆီး ကနေ ထွက်ခွာခဲ့တဲ့ စပါးနဲ့ ချဲလ်ဆီး နည်းပြဟောင်းဟာ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို နိုင်ငံတို့ ပူးပေါင်း ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် အမေရိကန်ကို ဦးဆောင်သွားမှာလည်း ဖြစ်ပါတယ်။ လက်ရှိ အသက် ၅၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ပိုချက်တီနို ကတော့ လီဂူးဝမ် ကလပ် ပီအက်စ်ဂျီနဲ့ ပြည်တွင်းဆုဖလားတွေ ရယူနိုင်ခဲ့တာက လွဲလို့ တခြား အသင်းတွေနဲ့တော့ ဆုဖလား အောင်မြင်မှု မရဖူးသေးတဲ့ နည်းပြ ဖြစ်ပါတယ်။ ပိုချက်တီနိုဟာ လာလီဂါ ကလပ် အက်စ်ပန်ညိုနဲ့ ပရီးမီးယားလိဂ် မှာတော့ ဆောက်သမ်တန်၊ စပါးနဲ့ ချဲလ်ဆီး တို့ကို ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ထိပ်တန်း နည်းပြ တစ်ဦး အဖြစ် သတ်မှတ်ခံထားရသူ ပိုချက်တီနိုဟာ အမြဲတမ်းလိုလို အသင်းတိုင်းရဲ့ နည်းပြရာထူး အတွက် ရေပန်းစားသူလည်း ဖြစ်ပါတယ်။

ပိုချက်တီနိုဟာ ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ချဲလ်ဆီးကို ပွဲ ၅၀ ကိုင်တွယ်ထားရာမှာ ၂၆ ပွဲနိုင်၊ ၁၀ ပွဲ သရေ၊ ၁၄ ပွဲ ရှုံး ရလဒ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလား အတွက် အမေရိကန် အသင်းကို ဦးဆောင်မယ့် ပိုချက်တီနို

အမေရိကန် လက်ရွေးစင် အသင်းဟာ ပြီးခဲ့သည့် ကိုပါအမေရိကဖလား ပြိုင်ပွဲကို အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခဲ့ပေမယ့်လည်း အုပ်စု အဆင့် ကနေ ထွက်ခဲ့ရတဲ့ အတွက် နည်းပြ ဘာဟော်လ်တာကို ရာထူး ကနေ ထုတ်ပယ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန် လက်ရွေးစင် အသင်းဟာ လက်ရှိအချိန်ထိ နည်းပြ လက်မဲ့လည်း ဖြစ်နေပါတယ်။ ဒါ့အပြင် အမေရိကန်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားကို ကနေဒါ၊ မက္ကဆီကို တို့နဲ့ အတူ ပူးတွဲ အိမ်ရှင် အဖြစ် လက်ခံကျင်းပရဖို့ ရှိနေတာကြောင့် အောင်မြင်မှု ရရှိရေး အတွက် ပိုချက်တီနိုလို နည်းပြမျိုးကို ကိုင်တွယ်စေချင်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် လက်ရွေးစင် အသင်းဟာ အစောပိုင်း ကာလတွေမှာ လစ်ဗာပူးလ်နဲ့ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ နည်းပြဟောင်း ယာဂန် ကလော့ပ် အပါအဝင် နာမည်ကျော် ထိပ်တန်း နည်းပြတွေကို ကမ်းလှမ်းခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ပယ်ချခံခဲ့ရပြီး နောက်ဆုံး မှာတော့ ပိုချက်တီနိုကို နည်းပြ အဖြစ် ခန့်အပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပိုချက်တီနိုဟာ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ နည်းပြချုပ် ရာထူး အတွက်လည်း အထူး စိတ်ဝင်စားခြင်း ခံခဲ့ရသူပါ။ ဒါပေမယ့်လည်း အမေရိကန် ဘောလုံးအဖွဲချုပ်က ပိုချက်တီနိုကို တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အားကစားဒါရိုက်တာ မတ်ခရော့ကာနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်း ထိပ်တိုက် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆွေးနွေးမှုတွေ ကလည်း တိုးတက်မှုတွေ ရှိခဲ့ပြီး အာဂျင်တီးနားသား အနေနဲ့ နောက်ဆုံး မှာတော့ အမေရိကန် လက်ရွေးစင် အသင်း နည်းပြ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ ပိုချက်တီနိုဟာ ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ချဲလ်ဆီးကို ပွဲ ၅၀ ကိုင်တွယ်ထားရာမှာ ၂၆ ပွဲနိုင်၊ ၁၀ ပွဲ သရေ၊ ၁၄ ပွဲ ရှုံး ရလဒ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ နိုင်ပွဲ ရာခိုင်နှုန်း ကတော့ ၅၂ ရာခိုင်နှုန်း ရှိခဲ့ပေမယ့်လည်း အရင်က ကိုင်တွယ်ခဲ့တဲ့ စပါး၊ ပီအက်စ်ဂျီ တို့နဲ့ နှိုင်းယှဉ်ရင်တော့ အနည်းငယ် နိမ့်နေတာ တွေ့ရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်