နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဖွင့်ပွဲ မှာတင်ပဲ အကြိတ်အနယ် စပြီးနွှဲကြမယ့် ပရီးမီးယားလိဂ်

ဘောလုံး ပရိသတ်တွေ အနေနဲ့ ယူရို ၂၀၂၀၊ ကိုပါအမေရိက၊ တိုကျို အိုလံပစ် တို့ကို ရှုစားအားပေးခဲ့ရပြီးတဲ့ နောက်မှာတော့ ထုံးစံအတိုင်း ဥရောပထိပ်သီး ကလပ်တွေ တစ်နှစ်ပတ်လုံး ရေကုန်ရေခမ်း ယှဉ်ပြိုင်ကြမယ့် အမှတ်ပေးပြိုင်ပွဲတွေနဲ့ ဖလားပြိုင်ပွဲ တွေကို ဆက်လက် အားပေးကြရဦးမှာပါ။ ဥရောပထိပ်သီးလိဂ် ၅ ခုမှာ ပြင်သစ် လီဂူးဝမ်းဟာ အစောဆုံး စတင်ကစားမယ့် အမှတ်ပေးပြိုင်ပွဲ ဖြစ်ပြီး ဩဂုတ်လ ၈ ရက်နေ့မှာ စတင်မှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်၊ လာလီဂါနဲ့ ဘွန်ဒက်စ်လီဂါတို့က ဩဂုတ် ၁၄ ရက်နေ့နဲ့ အီတလီ စီးရီးအေ ကတော့ နောက်အကျဆုံး အဖြစ် ဩဂုတ် ၂၃ ရက်နေ့မှာ စတင် ကစားမှာ ဖြစ်ပါတယ်။ လက်တလော ကတော့ နွေရာသီ အပြောင်းအ‌ရွှေ့ ကာလ ဖြစ်နေတဲ့အပြင် ရာသီကြို ပြင်ဆင်မှု အနေနဲ့ ကစားသမား အားဖြည့်မှုတွေ အဓိက လုပ်ဆောင်ချိန် ဖြစ်သလို ခြေစမ်းပွဲတွေ ကစားနေချိန်လည်း ဖြစ်ပါတယ်။

ဒီလို ကမ္ဘာ့အကောင်းဆုံး အမှတ်ပေးပြိုင်ပွဲတွေ ထဲမှာမှ ပရီးမီးယားလိဂ် ကတော့ အဖွင့်ပွဲစဉ် မှာတင်ပဲ အသင်းကြီးတွေ အချင်းချင်း ထိပ်တိုက်တွေ့ဆုံမှုနဲ့ အတူ ပရိသတ်တွေရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်ဦးမှာ သေချာပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် တွေထဲကမှ အကောင်းဆုံး ၃ ပွဲကို SBOTOP ပရိသတ်တွေ အတွက် ရွေးချယ် ဖော်ပြရမယ် ဆိုရင်
 

၁ | တော့တင်ဟမ်ဟော့စပါး – မန်ချက်စတာစီးတီး

ဒီပွဲကတော့ ၂၀၂၁-၂၁ ဘောလုံးရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် တွေထဲမှာ အကောင်းဆုံးပွဲ လို့လည်း ဆိုရမှာပါ။ ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံတို့ လာမယ့် ဩဂုတ်လ ၁၅ ရက်နေ့ တနင်္ဂနွေနေ့မှာ ထိပ်သီး ၆ သင်း စာရင်းဝင် မြောက်လန်ဒန် ကလပ်ရဲ့ အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်တာကြောင့် ဂွာဒီယိုလာတို့ အုပ်စု ကတော့ ရာသီသစ်ကို ခက်ခဲခြင်းတွေနဲ့ အစပြုရဖို့ ရှိနေခဲ့တာပါ။ မန်ချက်စတာစီးတီးဟာ တော့တင်ဟမ်ဟော့စပါး ကွင်းကြီးမှာ ကစားခဲ့တဲ့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ဆက်တိုက် ၂ ဂိုးပြတ် ရလဒ်တွေနဲ့ ရှုံးနိမ့်ထားတာ တွေ့ရပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် နောက်ပိုင်း နှစ်တွေမှာ မန်ချက်စတာစီးတီးတို့ စပါးရဲ့ အိမ်ကွင်းကို သွားရောက် ကစားရတိုင်း ရုန်းကန်ခဲ့ရတယ် ဆိုတာ သိသာပါတယ်။ ဒါပေမယ့် မန်ချက်စတာစီးတီးဟာ လက်ရှိ ပရီးမီးယားလိဂ် ထိပ်သီး အသင်းတွေ အားလုံးထဲမှာ အတောင့်တင်းဆုံးနဲ့ ချန်ပီယံဆုကို ကာကွယ်နိုင်မယ့် အသင်း အဖြစ် သတ်မှတ်ခံထားရဆဲ ဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါး ကတော့ နည်းပြ အပြောင်းအလဲနဲ့အတူ ပုံစံကောင်းတစ်ခုကို ပြန်လည် တည်ဆောက်နေရတဲ့ အသင်း ဖြစ်ပါတယ်။ မော်ရင်ဟိုကို ထုတ်ပယ်ခဲ့ပြီး နောက်ပိုင်း အရည်အသွေးရှိ နည်းပြသစ် တစ်ဦးကို ခက်ခက်ခဲခဲ ရှာဖွေခဲ့ရတဲ့ စပါးတို့ လက်ရှိမှာ နူနို အက်စ်ပီရီတို ဆန်းတိုနဲ့ အတူ ရာသီသစ်ကို စတင်ရမှာ ဖြစ်ပါတယ်။ တစ်ချက်ရှိတာက ဝုဗ်ကို အခြေအနေတစ်ခု အထိ ပျိုးထောင်ပေးခဲ့တဲ့ ဆန်တိုရဲ့ အရည်အချင်းကို အထင်သေးလို့ မရသလို ဟာရီကိန်း မရှိတော့ရင်တောင် ဆွန်၊ ဟွိုက်ဂျ်ဘယက်ဂျ်၊ ရက်ဂီလွန်း၊ လိုဆယ်လို၊ အန်ဒွန်ဘီလီ တို့လို ကစားသမားကောင်းတွေ အများကြီး ကျန်ရှိနေဆဲ ဖြစ်လို့ အသင်းကောင်း တစ်သင်း အဖြစ် သတ်မှတ်လို့ ရပါတယ်။ ဒါ့အပြင် လက်တလော အပြောင်းအရွှေ့ ကာလမှာ ကစားသမား ခေါ်ယူအားဖြည့်နိုင်မှု အပေါ် မူတည်နေလို့ ဘယ်အသင်း အသာရနိုင်မယ် ဆိုတာ အတိအကျ ပြောဖို့ ခက်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

 

၂ | မန်ချက်စတာယူနိုက်တက် – လိဒ်စ်ယူနိုက်တက်

ဒီပွဲကတော့ ဩဂုတ်လ ၁၄ ရက်နေ့ ညနေ ၆ နာရီ၊ အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပြီး နှစ်သင်းစလုံး ပြီးခဲ့တဲ့ ရာသီက ပုံစံကောင်းတွေ ဆက်ပြီး ထိန်းထားနိုင်ခြင်း ရှိမရှိကို အတိုင်းအတာ တစ်ခု အထိ အဖြေထုတ်ပေးမယ့် ပွဲစဉ်လည်း  ဖြစ်ပါတယ်။ မနှစ်က ပရီးမီးယားလိဂ် မှာ ဒုတိယ ရခဲ့သလို ယူရိုပါလိဂ် ဗိုလ်လုပွဲ အထိ တက်ရောက်နိုင်ခဲ့တဲ့ ဆိုးလ်ရှားရဲ့ အသင်းက အားရစရာ ရာသီကြို ပြင်ဆင်မှုတွေနဲ့အတူ အားလုံးရဲ့ မျက်စိဒေါက်ထောက် စောင့်ကြည့်ခြင်း ခံနေရတဲ့ အသင်း ဖြစ်ပါတယ်။ လိဒ်စ်ယူနိုက်တက် ကလည်း ပရီးမီးယားလိဂ် နဲ့ ၁၅ နှစ်ကြာ ဝေးကွာခဲ့ရပေမယ့် မထင်မှတ်ထားတဲ့ ခြေစွမ်းနဲ့ အတူ သူတို့ရဲ့ ရည်ရွယ်ချက် အတိုင်း ထိပ်ဆုံး ၁၀ သင်း နေရာ အတွင်း ဝင်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ ဒါ့အပြင် မာဆယ်လို ဘီရဲယ်ဆာရဲ့ လက်အောက်မှာ လုပ်အားနှုန်းရော၊ ကစားပုံပါ အရမ်းကောင်းနေတဲ့ လိဒ်စ်တို့ ဒီရာသီမှာ ထိပ်ဆုံး ၆ သင်း စာရင်းဝင်ရေး နောက်တစ်ဆင့် တက်ပြီး မျှော်လင့်လာမှာ ဖြစ်လို့ လုံးဝ လျှော့တွက်ထားလို့ မရတဲ့ အသင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် လာမယ့်ရာသီ ပရီးမီးယားလိဂ် ရဲ့ အဆိပ်အရှိဆုံး အသင်းလို့ ဆိုရင်လည်း မမှားပါဘူး။ ပြီးခဲ့တဲ့ ရာသီက အိုးထရက်ဖိုဒ် ထိပ်တိုက်တွေ့ဆုံမှု မှာ ယူနိုက်တက်က တိုက်စစ် ခြေစွမ်းပြပြီး ၆-၂ နဲ့ အနိုင်ရခဲ့ပြီး ၂၀၁၁ ခုနှစ် နောက်ပိုင်း အိမ်ကွင်းမှာ ကစားခဲ့တဲ့ ၂ ပွဲလုံး  လိဒ်စ်ကို ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ ဒီတစ်ကြိမ် မှာလည်း ဆိုးလ်ရှား ရဲ့ အသင်းက လိဒ်စ်နဲ့ တွေ့ဆုံချိန်တိုင်း မှတ်တမ်းကောင်းခဲ့တဲ့ အစဉ်အလာ တစ်ခုကို ဆက်ထိန်းထားနိုင်ဖို့ ကြိုးစားလာနိုင်ပေမယ့် အရင်လိုတော့ ဂိုးပြတ် အနိုင်ရဖို့ မလွယ်ဘူးလို့ပဲ ထင်ပါတယ်။

ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံတို့ လာမယ့် ဩဂုတ်လ ၁၅ ရက်နေ့ တနင်္ဂနွေနေ့မှာ ထိပ်သီး ၆ သင်း စာရင်းဝင် မြောက်လန်ဒန် ကလပ်ရဲ့ အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်တာကြောင့် ဂွာဒီယိုလာတို့ အုပ်စု ကတော့ ရာသီသစ်ကို ခက်ခဲခြင်းတွေနဲ့ အစပြုရဖို့ ရှိနေခဲ့တာပါ။
တော့တင်ဟမ်ဟော့စပါးကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၂ ပွဲဆက် ရှုံးနိမ့်ထားတတဲ့ မန်ချက်စတာစီးတီး

 

၃ | ဘရန့်ဖို့ဒ် – အာဆင်နယ်

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် အဆင့် ၈ နေရာ ကနေ ရာသီသိမ်းပြီး ၂၅ နှစ်အတွင်း ဥရောပပြိုင်ပွဲ ဝင်ခွင့်တွေနဲ့ ပထမဦးဆုံး အကြိမ် လွဲချော်ခဲ့ရတဲ့ အာဆင်နယ်တို့ လက်ရှိ အချိန်ထိလည်း နည်းပြ အာတေးတား လက်အောက်မှာ ဘရန့်ဖို့ဒ်နဲ့ ကစားရမှာ ဖြစ်လို့ မထင်မှတ်ပဲ ခက်ခဲရဦးမှာပါ။ ဘာကြောင့်လဲဆိုတော့ ဘရန့်ဖို့ဒ်ဟာ ပရီးမီးယားလိဂ် တန်းတက် အသင်း ၃ သင်းထဲမှာ စိတ်ဓာတ်နဲ့ စုဖွဲ့မှု အကောင်းဆုံး အသင်း ဖြစ်နေလို့ပါပဲ။ ကစားသမားသစ်တွေ ခေါ်ယူ ဖြည့်တင်းမှု ပြုလုပ်နေပေမယ့် အသင်းနဲ့ အသားကျဖို့ အတွက် အချိန်ယူရဦးမှာ ဖြစ်တဲ့ အာတေးတားရဲ့ အသင်း အတွက် ဘရန့်ဖို့ဒ်နဲ့ ပွဲဦးထွက်ဟာ ရာသီသစ် အတွက် အကြီးမားဆုံး စိန်ခေါ်မှု တစ်ခု ဖြစ်လာဦးမှာ သေချာသလောက် ရှိနေခဲ့ပါတယ်။

ဒါကတော့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်တွေထဲက စိတ်ဝင်တစား စောင့်ကြည့်ရမယ့် ပွဲစဉ်တွေအကြောင်း အကျဉ်း သုံးသပ်ပေးခဲ့တာ ဖြစ်ပြီး ဩဂုတ်လ ၁၄ ရက်နဲ့ ၁၅ ရက်နေ့မှာ ကစားမယ့် ကျန်ပွဲစဉ် ၇ ပွဲကိုလည်း အောက်မှာ ဆက်ပြီး ဖော်ပြပေးလိုက်ရပါတယ်။

၄ | ဘန်လေ – ဘရိုက်တန်

၅ | ချဲလ်ဆီး – ခရစ္စတယ်ပဲလေ့စ်

၆ | အဲဗာတန် – ဆောက်သမ်တန်

၇ | လက်စတာစီးတီး – ဝုဗ်ဗာဟမ်တန် ဝမ်းဒါးရားစ်

၈ | ဝက်ဖို့ဒ် – အက်စတွန်ဗီလာ

၉ | နော့ဝစ်ချ် – လစ်ဗာပူးလ်

၁၀ | နယူးကာဆယ် – ဝက်စ်ဟမ်း
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်