နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စကူဒက်တို ချန်ပီယံ ဘက်မှာ ခြေစုံပစ် ရပ်တည်တာ မမှားနိုင်ဘူး | အင်တာမီလန် – ဂျူဗင်တပ်စ် (အီတလီ စူပါဖလား ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်)

အင်တာမီလန် – ဂျူဗင်တပ်စ

လက်ရှိ အီတလီ ဘောလုံးလောကရဲ့ ချန်ပီယံ အသင်းတွေ ဖြစ်လို့ အီတလီ စူပါဖလား ပြိုင်ဆိုင်မှု ကတော့ အပြင်းထန်ဆုံး ရှိနေဦးမှာ သေချာပါတယ်။ ထိပ်သီးတို က်စစ် ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားသလို လက်ရှိ စီးရီးအေမှာလည်း ပုံစံကောင်းရနေတဲ့ အသင်းတွေပါ။ အပြန်အလှန် သွင်းဂိုး တွေနဲ့အတူ ကြံ့ခိုင်မှု အသားပေးကစားကြဖို့ ရှိနေလို့ ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာ သေချာပါတယ်။

အင်တာမီလန် ကတော့ အီတလီ စူပါဖလား ပြိုင်ပွဲမှာ ၅ ကြိမ် ဗိုလ်စွဲထားပြီးတော့ ၂၀၁၁ ခုနှစ် ကတော့ နောက်ဆုံး အကြိမ် ချန်ပီယံ ဖြစ်ထားတဲ့ အသင်းပါ။ လက်ရှိ စီးရီးအေ ချန်ပီယံ အင်တာမီလန် ကတော့ ပုံစံကောင်း၊ ရလဒ်ကောင်းတွေ နဲ့အတူ ခရီးဆက်နေတယ်လို့ ပြောလို့ ရပါတယ်။ အထူးသဖြင့် တိုက်စစ် ကစားသမားတွေ ခြေစွမ်းပြမှု နဲ့အတူ ထိပ်သီးအသင်းတစ်သင်း အဖြစ် ရှိနေခဲ့တာပါ။ အထူးသဖြင့် အိမ်ကွင်းနောက်ဆုံး ၁၁ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိသေးတာကိုကြည့်ရင် သိနိုင်ပါတယ်။ ခံစစ်၊ တိုက်စစ် အမျှတဆုံး နဲ့အတူ ပုံစံကောင်း ရှိနေခဲ့တာပါ။ လိဂ်ပွဲစဉ်မှာ ဆိုရင်လည်း နာပိုလီ၊ အေစီမီလန်တို့ ခြေချော်မှုကို အကောင်းဆုံး အခွင့်အရေး ယူထားနိုင်ဆဲပါ။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာတော့ ၁ ပွဲရှုံး ၄ ပွဲနိုင် ရလဒ် ရရှိထားခဲ့ပါတယ်။ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်ကလည်း ရီးရဲယ် အသင်းကို ချန်ပီယံလိဂ်မှာ အရေးနိမ့်ခဲ့တာပါ။ ပြည်တွင်းပွဲစဉ်တွေမှာ ရလဒ်ကောင်းနေဆဲ ဖြစ်တဲ့အပြင် နောက်ဆုံး ၄ ပွဲမှာ ပေးဂိုး ၁ ဂိုးပဲ ပေးထားရတဲ့ ခံစစ်ပိုင်း ယုံကြည်ပေးနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ အဓိက ကစားသမား အများစု ကြံ့ခိုင်မှုအပြည့် ရှိနေပေမယ့် ဆာထရီရာနို၊ ကော်ဒက်ဇ် တို့ကတော့ ကိုဗစ် ကူးစက်ခံထားရလို့ ပါဝင်နိုင်ဖို့ မရှိပါဘူး။ ဒါပေမဲ့ မာတီနက်ဇ်၊ ဘရိုဇိုဗစ်၊ ပါရီ ဆစ်၊ ဗီဒဲလ်၊ ဘက်စတိုနီ၊ ဒီဗာ့ဂျ်၊ ဒီဇီကို တို့ အစုအဖွဲ့က နိုင်ပွဲရဖို့ လုံလောက်တဲ့ အခြေအနေမှာ ရှိနေပါတယ်။


ပရီးမီးယား လိဂ်
ဘန်လေ
လက်စတာ စီးတီး
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဂျူဗင်တပ်စ်ဟာ အီတလီ စူပါဖလား ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်း ဖြစ်ပြီး ဆုဖလား ၉ ကြိမ် ရရှိထားသလို လက်ရှိ ချန်ပီယံလည်း ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ရဲ့ လက်ရှိ အနေအထားက ပုံစံကောင်းဆိုတာထက် ယုံကြည်ရလောက်တဲ့ ခြေစွမ်းကောင်းကို ပိုင်ဆိုင်ထားတယ်လို့ ဆိုနိုင်ပါတယ်။ အိမ်ကွင်းမှာ အတ္တလန္တာကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ပြိုင်ပွဲစုံ နောက်ဆုံး ၈ ပွဲဆက်တိုက် ရှုံးပွဲ မရှိထားပါဘူး။ အဓိက အချက်ကတော့ ခံစစ်၊ တိုက်စစ် မျှတအောင် ကစားနိုင်နေခြင်းက ဂျူဗင်တပ်စ် အတွက် အားသာချက်လို့ ဆိုနိုင်ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် ၂ ပွဲမှာဆိုရင်လည်း နာပိုလီ၊ ရိုးမား တို့ကို ရင်ဆိုင်ခဲ့ရပေမယ့် ရှုံးပွဲ မရှိအောင် ကစားထားနိုင်ခဲ့ပါတယ်။ သတိထားရမယ့် အချက်တစ်ခုက ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ နှစ်သင်းပေါင်း သွင်းဂိုး ၃ ဂိုးအောက် ရှိတဲ့ပွဲက ၄ ပွဲအထိ ရှိနေခဲ့တာပါ။ ဂိုးအနည်း ဖြစ်နေတတ်တာကို အကျိုးအမြတ် ရှာဖွေသူတွေ သတိထားရဖို့ ရှိနေပါတယ်။ ဒါနီလို ၊ ချီယေဇာ၊ ဘိုနျူချီ ၊ ဆန်ဒရိုတို့ ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ တိုက်စစ်ကို ဒိုင်ဘာလာနဲ့ မိုရာတာတို့ ဦးဆောင်လာနိုင်ပြီး ဘာနက်ဒက်ချီ၊ ဘန်တန်ကူအာ၊ ဒီ လစ်ဂျ်၊ ကွာဒရာဒို တို့ကို ပွဲထွက်အဖြစ် မြင်တွေ့ရဖို့ရှိနေပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဂျူဗင်တပ်စ်ဟာ အီတလီ စူပါဖလား ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်း ဖြစ်ပြီး ဆုဖလား ၉ ကြိမ် ရရှိထားသလို လက်ရှိ ချန်ပီယံလည်း ဖြစ်ပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၈ ပွဲဆက် ရှုံးပွဲ မရှိသေးတဲ့ ဂျူဗင်တပ်စ်

ထိပ်တိုက်တွေ့ဆုံမှု ၆၅ ကြိမ်မှာ အင်တာမီလန်က ၁၃ ကြိမ်နိုင်၊ ဂျူဗင်တပ်စ် က ၃၁ ကြိမ်နိုင် ထားပြီး  ၂၁ ကြိမ် သရေ ကျထားခဲ့ပါတယ်။ အစဉ်အလာအရ အပြတ်အသတ် အသာရထားတဲ့ ဂျူဗင်တပ်စ် အနေနဲ့ စီးရီးအေ ပထမအကျော့ အဖြစ် အင်တာမီလန်ရဲ့ အိမ်ကွင်းမှာ ရင်ဆိုင်ခဲ့ရစဉ်က သရေရလဒ်နဲ့ပဲ ကျေနပ်ထားခဲ့ရပါ။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
အင်တာမီလန် – ဂျူဗင်တပ်စ်အချိန်ပြည့် 1X2 အိမ်ရှင် @ 1.83
ဇန်နဝါရီလ ၁၃ ရက်၊ မနက် ၂:၃၀နာရီ (GMT+ ၆:၃၀)

SBOTOP 1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်း အတွက် ၁.၈၄ ဆ၊ သရေအတွက် ၃.၆၀ ဆ၊ ဧည်သည့်အသင်း အတွက် ၃.၈၅ ဆ ကြေးဖွင့်ထားပါတယ်။ ဗိုလ်လုပွဲစဉ်ဖြစ်လို့ နှစ်သင်းလုံး အမှားမခံတမ်း ကစားကြမှာပါ။ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီအတွင်း အီတလီ ဘောလုံးလောကမှာ အကောင်းဆုံးအသင်းရဲ့ အားပြိုင်မှုလို့ ဆိုနိုင်ပါတယ်။ လက်ရှိမှာ ပုံစံကောင်းရနေတဲ့ အသင်းနှစ်သင်း ဖြစ်လို့ အကျိုးအမြတ် ရှာဖွေသူတွေ အနေနဲ့ စိတ်ကြိုက် ရွေးချယ်ခွင့်ရှိနေပါတယ်။ ဒါပေမဲ့ ကစားသမားတွေရဲ့ ယုံကြည်မှုပိုင်း အရဆိုရင် အင်တာမီလန်က အသာရနေတယ် ဆိုတာကိုတော့ ငြင်းလို့မရပါဘူး။ ဘိုနျူချီ၊ ချီယေဇာတို့ ဒဏ်ရာရနေတဲ့ အပြင် အခြားအဓိက ကစားသမားအချို့ ကြံ့ခိုင်မှုပိုင်း လိုအပ်ချက် ရှိနေတာကတော့ ဂျူဗင်တပ်စ် တို့အတွက် နစ်နာလွန်းပါတယ်။ ဂိုးရမှ ချန်ပီယံဆုရမှာ ဖြစ်လို့ တိုက်စစ်ကို အသားပြုမယ့်ပွဲမှာ ဂိုးအများနဲ့ အရဲစွန့် ရပ်တည်ချင်ပါတယ်။ အပြန်အလှန် သွင်းဂိုးတွေ မြင်ရမယ်။ ဂိုးများမယ့်ပွဲမှာ အင်တာမီလန်ကို ရွေးချယ်တာ အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။


ခန့်မှန်းရလဒ် (၂-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်