နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တိုက်စစ် လိုအပ်ချက်ကြောင့် ရှုံးထွက်တက်ရေး လက်ကျန်ပွဲမှာ ရုန်းရတော့မယ့် နာပိုလီ (ယူရိုပါလိဂ် ပွဲပြီးသုံးသပ်ချက်)

စပါးတက်ခ် ၂ – ၁ နာပိုလီ

ယူရိုပါလိဂ် ရှုံးထွက်တက်ရေး အမှားခံလို့ မရတဲ့ ပွဲစဉ် ဖြစ်လို့ နှစ်သင်းလုံး အားစိုက်လာခဲ့ကြပြီး အိမ်ကွင်း အားသာချက်နဲ့ အဆုံးသတ်ပိုင်း ပိုကောင်းခဲ့တဲ့ စပါးတက်ခ် မော်စကို တို့ အဖိုးတန် အနိုင် ၃ မှတ် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲ ရလဒ်ကြောင့် အုပ်စု (C)ရဲ့ အသင်း ၄ သင်းလုံး ရှုံးထွက်တက်ရေး မျှော်လင့်ချက် ရှိသွားခဲ့ပြီး အုပ်စု နောက်ဆုံး ပွဲစဉ်တွေက အဆုံးအဖြတ် ဖြစ်လာတော့ မှာလည်း ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲ မှာတော့ နာပိုလီ တိုက်စစ်နဲ့ တောင်ပံက အော်စီမန်၊ လော်ရန်ဇို အင်ဆစ်ဂ်ညီ၊ ပိုလီတာနာတို့ ဒဏ်ရာကြောင့် လွဲချော်ခဲ့ပြီး ပတ်တဂ်နာ၊ မာတန်စ်၊ လိုဇာနို၊ အဲလ်မက်စ်၊ ဇီလင်းစကီး၊ လိုဘွတ်ကာ၊ မာရီယို ရူအီ၊ ကူလီဘာလီ၊ ဂျီးဆပ်စ်၊ ဒီလိုရန်ဇို၊ မီရတ် တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ အိမ်ရှင် စပါးတက်ခ် မော်စကို ဘက်မှာလည်း ဒဏ်ရာရ ကစားသမား တချို့ ရှိခဲ့ပေမယ့် ဗစ်တာမော့ဆက်စ်၊ လူးကပ်စ်၊ ဆိုဘိုလက်ဗ်၊ ပရုမ်းစ် တို့ ပါဝင်ခဲ့လို့ လူစုံခဲ့တယ်လို့ ဆိုရပါမယ်။

ပွဲပြီး အချက်အလက်တွေ အရ ကြည့်မယ် ဆိုရင် နာပိုလီတို့ အိမ်ရှင် စပါးတက်ခ်မော်စကိုကို အသာစီးနဲ့ ကစားနိုင်ခဲ့တယ်လို့ ပြောလို့ ရပေမယ့် တကယ်တမ်း ကွင်းတွင်း စွမ်းဆောင်ရည် အရတော့ အားရစရာ မရှိခဲ့ပါဘူး။ ဒါ့အပြင် ရုရှားရဲ့ အေးမြတဲ့ ဆောင်းရာသီကြောင့် အပြင် စပါးတက်ခ် နောက်ခံလူတွေရဲ့ မာမာထန်ထန် တုန့်ပြန် ကစားမှုတွေကြောင့် နာပိုလီတို့ အခက်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ စပါးတက်ခ် အတွက် အနိုင်ဂိုးတွေ ကိုတော့ ဆိုဘိုလက်ဗ်က ပွဲချိန် ၃ မိနစ်နဲ့ ၂၈ မိနစ် တို့မှာ သွင်းယူပေးခဲ့တာ ဖြစ်ပြီး နာပိုလီ အတွက် တစ်လုံး တည်းသော ချေပဂိုး ကိုတော့ အဲလ်မက်စ်က ဒုတိယပိုင်း ၆၄ မိနစ်မှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် ပွဲချိန်တွေမှာ စပယ်လက်တီရဲ့ အသင်းက ပုံစံကောင်း တစ်ခု ပြန်ရခဲ့ပေမယ့် လိုအပ်နေတဲ့ ချေပဂိုးတွေတော့ သွင်းယူနိုင်ခဲ့ခြင်း မရှိလို့ ၂-၁ ရလဒ် နဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

အခုပွဲမှာ နာပိုလီတို့ အနိုင်ရခဲ့ရင် ယူရိုပါလိဂ် ၃၂ သင်း ရှုံးထွက် အဆင့်ကို တက်ရောက်နိုင်ရေး အခြေအနေ ကောင်းသွားမှာ ဖြစ်ပေမယ့် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ နောက်ဆုံးပွဲမှာ အားစိုက် ရုန်းကန် ရတော့ မှာလည်း ဖြစ်ပါတယ်။ စပါးတက်ခ် ကတော့ နာပိုလီကို အိမ်ကွင်း အဝေးကွင်း နှစ်ကျော့စလုံးမှာ အနိုင်ရခဲ့တဲ့ ပထမဦးဆုံး ရုရှား ကလပ် ဖြစ်လာခဲ့ပြီး ၃၂ သင်း အဆင့် မျှော်လင့်ချက် လည်း ရှင်သန်ခဲ့ရပါတယ်။ လက်ရှိ အုပ်စု ရပ်တည်မှုအရ စပါးတက်ခ်နဲ့ နာပိုလီက ရမှတ် ၇ မှတ်စီနဲ့ အုပ်စု ထိပ်ဆုံးမှာ ရပ်တည်နေပြီး လီဂျီယာ ဝါဆောက ၆ မှတ်၊ လက်စတာစီးတီးက ၅ မှတ်နဲ့ အဆင့် ၃ နဲ့ ၄ နေရာမှာ အသီးသီး ရပ်တည်နေခဲ့ပါတယ်။ ဒီအခြေအနေအရ ကြည့်မယ် ဆိုရင် ယူရိုပါလိဂ် ရှုံးထွက်တက်ရေး အသင်း အားလုံးမှာ မျှော်လင့်ချက် ရှိနေပြီး လက်ကျန် ပွဲစဉ်တွေက အဆုံးအဖြတ် ဖြစ်လာတော့မှာလည်း ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

စပါးတက်ခ် အနေနဲ့ လာမယ့် နိုဝင်ဘာလ ၂၉ ရက်နေ့ ယူအက်ဖ်အေနဲ့ ရုရှား ပရီးမီးယားလိဂ် ကစားဖို့ ရှိနေပြီး နာပိုလီ ကတော့ စီးရီးအေ ပွဲစဉ် ၁၄ အဖြစ် လာဇီယိုကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်