နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိမ်ကွင်း ဂိုးပြတ် အနိုင်ရလဒ် နဲ့အတူ အဆင့် ၁ နေရာကို ပြန်ယူခဲ့တဲ့ နာပိုလီ (စီးရီးအေ ပွဲပြီး သုံးသပ်ချက်)

နာပိုလီ ၃ – ၀ ဘိုလော့ဂ်နာ

အိမ်ရှင်အသင်း အတွက် လွယ်ကူတဲ့ စီးရီးအေ နိုင်ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ဘိုလော့ဂ်နာရဲ့ ကစားကွက်ပိုင်း လုံးဝ အဆင်မပြေ ခဲ့ဘဲ ခံစစ်မှာသာ အချိန်ကုန်ခဲ့သလို ဘောလုံး ပိုင်ဆိုင်မှုပိုင်းလည်း ယှဉ်မရခဲ့ပါဘူး။ နာပိုလီကပဲ ပွဲကို ဦးဆောင် ကစားခဲ့ပြီး လိုအပ်တဲ့ ရမှတ်အပြည့် ရယူ နိုင်ခဲ့တယ် လို့ပဲဆိုရမှာပါ။ ဒီပွဲ ရလဒ်ကြောင့် ဘိုလော့ဂ်နာ အတွက် ဖိအားအချို့ ရှိလာစေခဲ့တယ် ဆိုပေမယ် နာပိုလီ ကတော့ အေစီမီလန် အသင်း ယာယီ ရယူထားတဲ့ အဆင့် ၁ နေရာကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

 

ပွဲစဉ်အကျဉ်း

ရိုးမားနဲ့ ပွဲမှာ ရမှတ် ဆုံးရှုံးခဲ့တာကို ပြန်လည် ကုစားဖို့ အတွက် နာပိုလီတို့ အကောင်းဆုံး ပြင်ဆင်လာခဲ့ပါတယ်။ အင်ဆက်ဂ်နီ၊ လော်ရန်ဇို၊ ဖာဘီယန် တို့ကို ၄-၃-၃ အခြေခံ ကစားကွက်နဲ့ အထိုင်ချခဲ့တဲ့ နာပိုလီရဲ့ နည်းဗျူဟာပိုင်း မှန်ကန်ခဲ့တယ်လို့ ဆိုရမှာပါ။ ရလဒ်ပိုင်းထက် ကစားပုံပိုင်း ပိုကောင်းတဲ့ ဘိုလော့ဂ်နာ ကတော့ ၃-၄-၂-၁ အထိုင်ချပြီး ဘာရိုးလ်၊ မီဒဲလ်၊ အမ်ဘာရီ တို့နဲ့ လူစုံခဲ့ပါတယ်။ ဒါပေမဲ့ ပွဲအစကတည်းက ဂိုးရဖို့ တရစပ် တိုက်စစ်ဆင်မှုတွေက ဧည့်သည် အသင်းကို ဖိအားပိုစေခဲ့ပါတယ်။ ဂိုးကန်သွင်းမှု ၁၈ ကြိမ်ဆိုတဲ့ ပမာဏက နာပိုလီရဲ့ တိုက်စစ်ပိုင်း ကို မြင်ယောင်စေမိသလို နည်းပြ စပယ်လက်တီရဲ့ ဗျူဟာပိုင်းကို ပိုပြီး ထင်ရှားစေခဲ့ပါတယ်။ ပွဲအစ ၁၈ မိနစ်ကတည်းက ကွင်းလယ် ကစားသမား ဖာဘီယန်က ၁၈ ကိုက်စည်း အပြင်ကနေ ဘယ်ခြေနဲ့ အပြင် ကန်သွင်းပြီး ဦးဆောင်ဂိုး ရယူ ပေးခဲ့တာပါ။ ဘိုလော့ဂ်နာ ကတော့ ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခြင်း မရှိဘဲ ပြိုင်ဘက်ရဲ့ ကစားကွက်အောက်မှာ ရုန်းကန်ခဲ့ရပါတယ်။ ဆက်တိုက် ဆိုသလို အင်ဆက်ဂ်နီက ပွဲချိန် ၄၂ မိနစ်၊ ပွဲချိန် ၆၂ မိနစ်တွေမှာ ရခဲ့တဲ့ ပင်နယ်တီတွေကို အမှားအယွင်း မရှိ အဆုံးသတ်ပြီး နာပိုလီကို အနိုင် ပြတ်သားစေခဲ့ပါတယ်။ လက်ကျန် ပွဲချိန်မိနစ် ၃၀ မှာ ထိန်းကစားခဲ့တဲ့ နာပိုလီ တို့ကြောင့် ဘိုလော့ဂ်နာတို့ အခွင့်အရေး အချို့ ရရှိခဲ့ပါသေးတယ်။ ဒါပေမဲ့ အသုံးမချနိုင်ခဲ့လို့ ချေပဂိုး ပြန်ရခြင်း မရှိဘဲ ပွဲအပြီးမှာ နာပိုလီတို့ ၃ ဂိုး ပြတ် ရလဒ်နဲ့ စီးရီးအေ နိုင်ပွဲ ရရှိသွားခဲ့ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

ကစားသမားတွေရဲ့ အတွေ့အကြုံပိုင်းက အဆုံးအဖြတ် ပေးသွားတာပါ။ နည်းပြ နှစ်ဦးလုံးရဲ့ ဗျူဟာပိုင်း အလုပ်ဖြစ် ခဲ့တယ် ဆိုပေမယ့် ပွဲအဖြေ ပြောင်းလဲ နိုင်စွမ်းရှိတဲ့ ကစားသမား အစုအဖွဲ့ အရ နာပိုလီကို ဘိုလော့ဂ်နာတို့ ဘယ်လိုမှ မယှဉ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ လိုအပ်တဲ့ ဂိုးအရေအတွက်၊ နိုင်ပွဲရဖို့ပွဲကို ချဉ်းကပ်မှုတွေမှာ နာပိုလီကို လိုက်မမီခဲ့တာပါ။ အဝေးကွင်းမှာ အများဆုံး သရေရလဒ်ပဲ မျှော်လင့်နိုင်တဲ့ ဘိုလော့ဂ်နာ အတွက်ကတော့ ဒီရလဒ်က ထိုက်တန်တယ်ပဲ ပြောရမှာပါ။ ချန်ပီယံဆု ဆိုတာထက် အမှတ်ပေးဇယား ဦးဆောင်သူ အဆင့် ၁ နေရာ အတွက် နာပိုလီတို့ အမှားအယွင်းမရှိ စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ နာပိုလီ အတွက် ထိုက်တန်တဲ့ အနိုင်ရလဒ် ဖြစ်ခဲ့ပါတယ်။ ဘိုလောဂ့်နာ ကတော့ အခုရလဒ်ကြောင့် ရမှတ် ၁၂ မှတ်နဲ့ စီးရီးအေ အဆင့် ၁၂ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

နာပိုလီအနေနဲ့ လာမယ့် စီးရီးအေ ပွဲစဉ်မှာ ဆယ်လီမီတာနာ အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရဖို့ ရှိနေပြီး ဘိုလော့ဂ်နာ ကတော့ အိမ်ကွင်းမှာ ကယ်ဂလီယာရီနဲ့ ရင်ဆိုင် ကစားရဖို့ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်