နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တကျော့ပြန် လိဒ်စ်ကို ပရီးမီးယားလိဂ် အဖွင့်ပွဲမှာတင် ခက်ခဲစေဦးမယ့် လစ်ဗာပူးလ်

လိဒ်စ်ယူနိုက်တက် vs လစ်ဗာပူးလ်

ပရီးမီးယားလိဂ်ပွဲစဉ် ၁ရဲ့ တတိယပွဲ အဖြစ် စက်တင်ဘာလ ၁၂ ရက်နေ့ ည ၁၁နာရီအချိန်မှာတော့ လစ်ဗာပူးလ်နဲ့ လိဒ်စ်ယူနိုက်တက်တို့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံတို့ ချန်ပီယံရှစ် ချန်ပီယံကို အန်ဖီးလ်မှာ ဧည့်ခံကစားရမယ့် ပွဲဖြစ်လို့ SBOTOP ပရိသတ်တွေ အကြိုက်ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့ရှိနေပါတယ်။

လိဒ်စ်ယူနိုက်တက်တို့ ၁၆ နှစ်အကြာမှ ပရီးမီးယားလိဂ် ကို ပြန်လည်တက်လှမ်းနိုင်ခဲ့ဖြစ်ပြီး အဖွင့်ပွဲစဉ်မှာ လက်ရှိချန်ပီယံနဲ့ ကစားရမှာဖြစ်လို့ ကျိန်းသေပေါက် ရုံးကန်ရဖို့ ရှိနေပါတယ်။ လစ်ဗာပူးလ်ကတော့ ကွန်မြူနတီဒိုင်းလုပွဲမှာ အာဆင်နယ်ကို ပင်နယ်တီနဲ့ အရေးနိမ့်ထားခဲ့ပေမယ့် လာမယ့်ပွဲအပေါ်တော့ သက်ရောက်မှုသိပ်ရှိလာမယ် မထင်ပါဘူး။ နှစ်ပေါင်း ၃၀အကြာမှ တကျော့ပြန်ချန်ပီယံ ဖြစ်ထားတဲ့ လစ်ဗာပူးလ်တို့ လက်ရှိမှာ ရာသီအကြိုပြင်ဆင်မှု သိပ်မရှိထားလို့ နည်းပြ ကလော့ပ်ဟာ သူ့ရဲ့ အသင်းကို ယုံကြည်မှုအပြည့်ရှိနေတယ်ဆိုတာ သိသာပါတယ်။ ရာသီမကုန်ခင် ၇ပွဲအလိုကတည်း ဒုတိယနေရာက မန်ချက်စတာစီးတီးကို ၁၈မှတ်ဖြတ်ပြီး ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို သိမ်းပိုက်နိုင်ခဲ့သလို ၂၀၁၇ ခုနှစ် ဧပြီလကတည်းက အန်ဖီးလ်မှာ ရှုံးပွဲမရှိသေးတာကို တွေ့ရပါတယ်။ အိမ်ကွင်း ၅၉ ပွဲဆက်တိုက် ရှုံးပွဲမရှိတဲ့အပြင် နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ် ၂၆ ပွဲမှာ ၂၅ ပွဲထိနိုင်ပွဲရရှိထားတာတွေဟာ အင်္ဂလိပ်ဘောလုံးသမိုင်းတစ်လျှောက် ကြိုးကြာနီတွေပဲ တင်ထားနိုင်တဲ့ စံချိန်မှတ်တမ်းတွေ ပဲဖြစ်ပါတယ်။

လိဒ်စ်ယူနိုက်တက်တို့ ၁၆ နှစ်အကြာမှ ပရီးမီးယားလိဂ်ကို ပြန်လည်တက်လှမ်းနိုင်ခဲ့
နောက်ဆုံးကစားထားတဲ့အဝေးကွင်းပွဲစဉ် ၆ပွဲမှာ ၅ပွဲအထိ အနိုင်ရထားတဲ့ လိဒ်စ်ယူနိုက်တက်

လိဒ်စ်ယူနိုက်တက် ကတော့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တွေဆိုရင် ရလဒ်ကောင်းလေ့ရှိပြီး နောက်ဆုံးကစားခဲ့တဲ့ အဖွင့်ပွဲစဉ် ၁၂ ပွဲမှာ ၅ပွဲနိုင်ပြီး ၇ ပွဲသရေကျထားပါတယ်။ လိဒ်စ်တို့ နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်း ၆ ပွဲမှာ ၅ပွဲဆက်တိုက်အနိုင်ရထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်က နည်းပြဘိုင်လ်ဆာကို အသင်းဘက်က စာချုပ်သက်တမ်းတိုးခဲ့ပြီးတော့ လိဒ်စ်တို့အနေနဲ့ ပရီးမီးယားလိဂ် မှာ ရေရှည် ရပ်တည်နိုင်ရေးအတွက် မျှော်လင့်နေတာ ဖြစ်ပါတယ်။ နည်းပြဘိုင်လ်ဆာရဲ့ လက်အောက်မှာ ကစားပုံသိသိသာသာတိုးတက်လာခဲ့တဲ့ လိဒ်စ်ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် တကျော့ပြန် အဖွင့်ပွဲကတော့ အားတက်စရာသိပ်မရှိပါဘူး။

 
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်းအစဥ်အလာ

လိဒ်စ်ယူနိုက်တက်တို့ ဗလင်စီယာက ရိုဒရီဂို နဲ့ ဖရိုင်းဘတ်က ရော်ဘင် ကော့ချ်တို့ကို ခေါ်ယူအားဖြည့်ထားပြီး ကယ်ဗင်ဖီးလစ်၊ ဘမ်းဖိုဒ့်၊ လုခ်အိုင်လင်း၊ ပါဘလိုဟာနန်ဒက်စ်၊ ဟဲလ်ဒါကော်စတာ၊ ဂျက်ဟဲရစ်ဆင်၊ ကလစ်ချ်၊ လီယမ်ကူပါး တို့နဲ့ ပွဲထွက်လာဖို့ရှိနေပါတယ်။ လစ်ဗာပူးလ်ကတော့ ထုံးစံအတိုင်း တိုက်စစ်မှာ ဖေမီနို၊ ဆာလာ၊ မာနေး၊ ကွင်းလယ်မှာ ဝိုင်ဂျ်နယ်ဒမ်၊ ဖာဘင်ဟို၊ မီလ်နာ၊ နောက်တန်းမှာ အာနိုးလ်၊ ဂျိုးဂိုးမက်ဇ်၊ ဗန်ဒိုက်၊ ရော်ဘတ်ဆန်တို့ နဲ့ လိဒ်စ်ကို ရင်ဆိုင်လာဖို့ ရှိနေပါတယ်။ ကစားသမားစုဖွဲ့မှုအရ လစ်ဗာပူးလ်တို့ အသာရနေပေမယ့် လိဒ်စ်ယူနိုက်တက်မှာလည်း ကစားသမားကောင်းတွေရှိနေတာကိုတော့ မေ့ထားလို့မရပါဘူး။  ထိပ်တိုက်တွေ့ဆုံမှုအရ ၂၀၁၆ ခုနှစ်က လိဂ်ဖလားရှုံးထွက်ပွဲစဉ်မှာ တွေ့ဆုံထားပြီး လစ်ဗာပူးလ်က ၂ ဂိုးပြတ်နဲ့ အနိုင်ရထားပါတယ်။ သမိုင်းတစ်လျှောက် ပြိုင်ပွဲစုံ စုစုပေါင်း ၉၄ကြိမ်ထိ တွေ့ဆုံထားပြီး လစ်ဗာပူးလ်က အကြိမ် ၅၀ ထိအနိုင်ရပြီး လိဒ်စ်က ၂၂ ကြိမ်အနိုင်ရထားပါတယ်။ သရေပွဲကလည်း ၂၂ ပွဲထိရှိထားပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်