နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အပြန်အလှန် သွင်းဂိုးတွေနဲ့ သရေ ရလဒ်ကို မျှော်လင့်ထားချင်တယ် | ဝက်စ်ဟမ်း- ဒိုင်နမိုဇာဂရက် (ယူရိုပါလိဂ် ပွဲကြိုသုံးသပ်ချက်)

ဝက်စ်ဟမ်း -ဒိုင်နမိုဇာဂရက်

ယူရိုပါလိဂ် နောက်တစ်ဆင့်ကို တက်ရောက်ထားနိုင်ခဲ့ပြီဖြစ်တဲ့ ဝက်စ်ဟမ်းအတွက် ဒီပွဲက အမှတ်မလိုတော့ပါဘူး။ အဝေးကွင်းမှာ လာပြီး ကစားမယ့် ဒိုင်နမိုဇာဂရက်သာ နောက်တစ်ဆင့်တက်ဖို့အတွက် အနည်းဆုံးတစ်မှတ်လိုအပ်နေ ခဲ့တာ ဖြစ်ပါတယ်။အုပ်စု အဆင့် ၁နဲ့၂ အသင်းတွေထိပ်တိုက်တွေ့တဲ့ပွဲဖြစ်လို့ အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲဖြစ်လာဖို့တော့ ရှိနေပါတယ်။

အုပ်စုတွင်းအခြေအနေအရ ဝက်စ်ဟမ်းက အမှတ်မလိုအပ်တော့ပါဘူး။ ယူရိုပါလိဂ် အုပ်စု ပွဲစဉ် ၅ပွဲကစားပြီးချိန်မှာ ၄ပွဲနိုင်၊ ၁ပွဲသရေရလဒ်နဲ့ အဆင့်၂နေရာက အသင်းကို ၆မှတ်အထိဖြတ်ထားနိုင်ခဲ့လို့ ရှုံးထွက်အဆင့်ကိုတက်ရောက်ခွင့်ရပြီးသား ဖြစ်ပါတယ်။ ဒီနှစ်ယူရိုပါလိဂ်ရဲ့တိုက်စစ်အကောင်းဆုံးအသင်းတွေထဲမှာ မပါပေမယ့် ခံစစ်ပိုင်းကတော့ တော်တော်လေးကို တည်ငြိမ်နေတယ်လို့ ပြောရပါမယ်။၅ပွဲကစားရာမှာ ၁၁ဂိုးသွင်းထားပြီး တစ်ပွဲပျှမ်းမျှ ၂ဂိုးနှုန်း ရှိနေပါတယ်။ ခံစစ်ကလည်း ပေးဂိုး၂ဂိုးသာရှိထားခဲ့ခြင်းကအတောင့်တင်းဆုံးခံစစ်စုဖွဲ့မှု ရှိနေတယ် ဆိုတာကို သက်သေပြနေသလိုပါပဲ။ဒီပွဲအတွက်ခရက်စ်ဝဲလ်၊ အိုဘော့နာ၊ ဂျွန်ဆင်၊ဇူးမား၊ဖရက်ဒရစ်ခ်တို့မပါဝင်နိုင်ပေမယ့်ကျန်ကစားသမားအားလုံးကြံ့ခိုင်မှုအပြည့်ရှိနေပါတယ်။ ပရီးမီးယားလိဂ်ကို အာရုံပြန်စိုက်ချင်တဲ့ အတွက် အမှတ်မလိုတော့တဲ့ဒီပွဲမှာ အဓိကကစားသမားအစုံအလင်နဲ့ ပွဲထွက်လာနိုင်ချေတော့ နည်းပါတယ်။ နိုဘယ်လ်၊ ဗလာဆစ်၊ ယာမိုလန်ကို၊ မာဆူအာကူ၊ လန်ဇီနီတို့ကို ပွဲထွက်လူစာရင်းမှာမြင်တွေ့ရဖို့ရှိနေပါတယ်။

ဒိုင်နမိုဇာဂရက်အတွက်ကတော့ ယူရိုပါလိဂ် နောက်တစ်ဆင့် တက်ရေး အဆုံးအဖြတ်ပေးမယ့်ပွဲစဉ် ဖြစ်ပါတယ်။ အဆင့်၂နေရာမှာရပ်တည်နေတယ်ဆိုပေမယ့် နောက်တစ်ဆင့်တက်ခွင့်ရဖို့အတွက်အနည်းဆုံးသရေ ၁ မှတ်ရဖို့လိုအပ်နေပါသေးတယ်။အုပ်စုပွဲစဉ် ၅ပွဲကစားထားပြီးချိန်မှာ ၇မှတ်ပဲရထားတဲ့ ဒိုင်နမိုဇာဂရက်အနေနဲ့ အဆင့်၃နေရာက ဂျန့်ခ်နဲ့ ၂မှတ်ပဲကွာဟနေပါတယ်။အဝေးကွင်းဖြစ်ပေမယ့် နောက်တစ်ဆင့်မျှော်လင့်ချက်အတွက် ဖောင်ဖျက်ကစားလာမှာတော့သေချာပါတယ်။ ပြိုင်ပွဲစုံနောက်ဆုံး ၅ ပွဲမှာ ၂ပွဲရှုံး၊ ၂ပွဲသရေ၊ ၁ပွဲနိုင်ထားပြီး နောက်ဆုံး ၂ပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့ထားတာလည်း တွေ့ရပါတယ်။အဓိကအားနည်းချက်ကတိုက်စစ်ဖြစ်နေပြီး ၅ပွဲမှာ ၅ဂိုးပဲသွင်းထားနိုင်တဲ့ တိုက်စစ်က လိုအပ်ချက်မြင့်မားနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အုပ်စုတွင်းပွဲစဉ်တွေမှာတော့အထိုက်အလျောက်သွင်းဂိုးတွေရရှိထားတာ တွေ့ရပါတယ်။ ဒဏ်ရာရပွဲပယ်ကစားသမားမရှိတဲ့အခြေအနေကအားသာချက်ဖြစ်လာနိုင်ပြီး အဓိကကစားသမားအစုံအလင်နဲ့သေချာပေါက်ပွဲထွက်လာဖို့ရှိနေပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ထိပ်တိုက်တွေ့ဆုံမှု၁ကြိမ်သာရှိထားခဲ့ရာမှာ ဝက်စ်ဟမ်းကပဲ အသာရထားပါတယ်။ ယူကရိန်းမြေမှာ ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာ ဒစ်ကလန်ရွိုက်စ်၊ မစ်ချယ် အန်တိုနီယိုတို့ရဲ့ သွင်းဂိုးတွေနဲ့ဝက်စ်ဟမ်းတို့ ၂ ဂိုးပြတ် အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဝက်စ်ဟမ်း- ဒိုင်နမိုဇာဂရက်1X2 သရေ@ ၃.၄၀ ဆ
ဒီဇင်ဘာ ၁၀ရက်၊ မနက် ၂း၃၀ နာရီ (GMT+ ၆း၃၀)

1X2 ရဲ့ပေါက်ကြေးအရ အိမ်ရှင်အတွက် ၁.၉၁ဆ၊ သရေအတွက် ၃.၄၀ဆ၊ ဧည်သည့်အတွက် ၃.၃၀ဆ ကြေးဖွင့်ထားပါတယ်။ ဝက်စ်ဟမ်း အနေနဲ့ ပရီးမီးယားလိဂ်ကို ပြန်ပြီးအာရုံစိုက်နေတဲ့အတွက် ဒိုင်နမိုဇာဂရက်တို့ အခွင့်အရေးရှိလာနိုင်ပါတယ်။ လက်ရှိအုပ်စုရပ်တည်မှုအရ နောက်တစ်ဆင့်တက်ရောက်ခွင့်ရဖို့အတွက် ဒိုင်နမိုဇာဂရက်တို့ အနည်းဆုံး သရေ ၁ မှတ် ရအောင်တော့ ကစားပါလိမ့်မယ်။ အဝေးကွင်းဆိုပေမယ့် နောက်တစ်ဆင့် မျှော်လင့်ချက်အတွက် အမှားကင်းကင်းနဲ့ ကစားဖို့ သေချာပေါက်ပြင်ဆင်လာပါလိမ့်မယ်။ ဂိုးလိုအပ်နေတဲ့အခြေအနေဖြစ်လို့ အပြန်အလှန်သွင်းဂိုးတွေလည်း မြင်တွေ့ရနိုင်ပါတယ်။ ရွေးချယ်မှုတစ်ခုအနေနဲ့ ဂိုးပေါင်းအများကို ပိုပြီး သဘောကျနေပါတယ်။ ဝက်စ်ဟမ်းနိုင်မယ်။ ဂိုးပြတ်ဖို့တော့ မရှိပါဘူး။

ခန့်မှန်းရလဒ် (၁-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်