နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်ယူနိုက်တက် နိုင်မယ်၊ ဂိုးမပြတ်ဘူး – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

ဝက်စ်ဘရွန်း vs မန်ချက်စတာယူနိုက်တက်

ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ တနဂ်နွေနေ့မှာတော့ ဝက်စ်ဘရွန်းနဲ့ မန်ချက်စတာယူနိုက်တက်တို့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၄ ကို ယှဉ်ပြိုင်ကစားကြဖို့ ရှိနေပါတယ်။ ယူနိုက်တက်ကလည်း ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ထိပ်ဆုံးက မန်ချက်စတာစီးတီး နောက်ကနေ အမှီလိုက်နေရချိန် ဝက်စ်ဘရွန်းကလည်း တန်းဆင်းဇုန်ထဲကနေ ရုန်းထွက်ဖို့ အတွက် ကြိုးစားနေချိန် ဖြစ်လို့ မထင်မှတ်ပဲ အကြိတ်အနယ်ရှိတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာနိုင်ပါတယ်။

ဝက်စ်ဘရွန်းတို့ လက်ရှိအချိန်ထိ ရှုံးကောင်းတုန်းဖြစ်ပြီး ၂၃ ပွဲကစားပြီးချိန်မှာ ၂ ပွဲသာ အနိုင်ရထားပြီး ၅ ပွဲသရေ၊ ၁၅ ပွဲအထိ ရှုံးနိမ့်ပြီး အမှတ်ပေးဇယား အဆင့် ၁၉ နေရာမှာ ရပ်တည်နေပါတယ်။ နောက်တစ်ချက်က တန်းဆင်းဇုန် အထက်က အသင်းရဲ့ ၁၁ မှတ်အထိ ကွာဟ နေလို့ ရာသီအကုန်မှာ တန်းဆင်းရမယ့် သဘောရှိနေပါတယ်။ ဒါ့ကြောင့် ဝက်စ်ဘရွန်းတို့ အခုအချိန်တည်းက အသားကုန် မရုန်းရင် ပရီးမီးယားလိဂ် မှာ တစ်ရာသီသာ ကစားပြီး ချန်ပီယံရှစ်မှာ ဆင်းကစားရမယ့် သဘောပါ။ လက်တလော ဆမ်အာလာဒွိုက်စ်ရဲ့ အသင်းက ဒီယန်ဂါနာ တစ်ဦးတည်း တံကောက်ကျော ဒဏ်ရာရရှိနေလို့ ပါဝင်လာနိုင်မှာ မဟုတ်ပဲ ပရဲရား၊ စနော့ဂရက်စ်၊ ဂရန့်၊ ဒီယာနေး၊ မစ်လန်းနိုင်းလ်စ်၊ တောင်ဆန်တို့လို ကစားသမားတွေတော့ ပထမပွဲထွက်လူစာရင်းမှာ ပါဝင်လာပါလိမ့်မယ်။ ဝက်စ်ဘရွန်းတို့ရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်တော့ အားရစရာ မရှိပဲ ရှက်ဖီးလ်ယူနိုက်တက် တစ်သင်းတည်းကိုပဲ အနိုင်ရထားပြီး ကျန်ပွဲစဉ်တော်တော်များများမှာ ရှုံးနိမ့်ထားခဲ့ပါတယ်။‌ နောက်ဆုံး ၅ ပွဲရလဒ်ကလည်း ၁ ပွဲသရေကျပြီး ၄ ပွဲရှုံးနိမ့်ထားလို့ စိတ်ပျက်စရာ ကောင်းတဲ့ ခြေစွမ်းကို ပိုင်ဆိုင်ထားခဲ့ပါတယ်။

ဒါ့ကြောင့် ဝက်စ်ဘရွန်းတို့ အခုအချိန်တည်းက အသားကုန် မရုန်းရင် ပရီးမီးယားလိဂ် မှာ တစ်ရာသီသာ ကစားပြီး ချန်ပီယံရှစ်မှာ ဆင်းကစားရမယ့် သဘောပါ။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၉ နေရာမှာ ရပ်တည်နေတဲ့ ဝက်စ်ဘရွန်း

မန်ချက်စတာယူနိုက်တက်တို့ရဲ့ ပရီးမီးယားလိဂ် အပါအဝင် နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲကို ကြည့်မယ်ဆိုရင် ရှက်ဖီးလ်ယူနိုက်တက်ကို နိုင်၊ အာဆင်နယ်ကိုသရေ၊ ဆောက်သမ်တန်ကို ၉ ဂိုးပြတ်နဲ့ နိုင်၊ အဲဗာတန်နဲ့သရေ၊ ဝက်စ်ဟမ်းကို အနိုင်ကစားထားနိုင်ပါတယ်။ ယူနိုက်တက်တို့ရဲ့ လက်ရှိ အခြေအနေက ပရီးမီးယားလိဂ်  ချန်ပီယံဆု ရရှိဖို့ အတွက် ရာခိုင်နှုန်းနည်းလာပြီး အမှတ်ပေးဇယား ထိပ်က မန်ချက်စတာစီးတီးထက် တစ်ပွဲပိုကစားပြီး ၅ မှတ်အထိ ကွာဟနေခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ကွင်းလယ်က ခြေစွမ်းပြနေတဲ့ ပေါလ်ပေါ့ဘာ အနေနဲ့ ကြွက်သားဒဏ်ရာကြောင့် ပါဝင်လာနိုင်ဖို့ မသေချာလို့ မက်တော်မီနေးနဲ့ ဖရက်ဒ်ကို ကွင်းလယ်မှာ အထိုင်ကစားစေမယ့် သဘောမှာ ရှိပါတယ်။ ဒါ့အပြင် ရက်ရှ်ဖို့ဒ်နဲ့ မေဆင်ဂရင်းဝုဒ်ကို တောင်ပံနှစ်ဖက်မှာ ထားပြီး ကာဗာနီကို အထောင်တိုက်စစ်မှူးနေရာမှာ အသုံးပြုလာဖွယ် ရှိနေပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲလုံးဝမရှိသေးတဲ့ တစ်သင်းတည်းသော အသင်းဖြစ်ပြီး ၈ ပွဲနိုင်၊ ၃ ပွဲသရေကျထားပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဝက်စ်ဘရွန်းနဲ့ မန်ချက်စတာယူနိုက်တက်တို့ ၁၀ စုနှစ် တစ်ခုအတွင်း ၁၇ ကြိမ် အထိ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး သရဲနီတွေက ၉ ကြိမ်နိုင်၊ သပိတ်လွယ်ငှက်တွေက ၄ ကြိမ်နိုင်နဲ့ သရေပွဲ ၄ ပွဲအထိ ရှိထားပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲမှာတော့ ယူနိုက်တက်က ၂ ပွဲနိုင်ပြီး ဝက်စ်ဘရွန်းတို့က ၁ ပွဲပဲ အနိုင်ရထားပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဝက်စ်ဘရွန်း vs မန်ချက်စတာ ယူနိုက်တက် 1X2 မန်ချက်စတာ ယူနိုက်တက် @ 1.33
ဖေဖော်ဝါရီလ ၁၄ ရက်, ည ၈:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၉.၀၅ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၁.၃၂ ဆ ကြေးဖွင့် ပြီး သရေအတွက် ၅.၄၅ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ဒီပွဲအတွက်တော့ ဘာမှစဉ်းစားစရာမလိုပါဘူး။ ယူနိုက်တက်လို ချန်ပီယံဆု ခြိမ်းခြောက်နိုင်တဲ့ ခြေစွမ်းရှိတဲ့ အသင်းကြီးတစ်သင်းနဲ့ တန်းဆင်းဇုန်ထဲမှာ ရုန်းကန်နေရတဲ့ အသင်းတို့ရဲ့ တွေ့ဆုံမှု ဖြစ်လို့ မန်ချက်စတာယူနိုက်တက် ဘက်မှာပဲ ရပ်တည်တာက မလွဲဧကန်အမှန်ပင် ဖြစ်ပါလိမ့်မယ်။ ၀-၁ လောက်နဲ့ မန်ချက်စတာယူနိုက်တက်တို့ အနိုင်ရသွားပါလိမ့်မယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်