ဆောက်သမ်တန် vs မန်ချက်စတာစီးတီး
ဒီဇင်ဘာပွဲကြပ်ကာလမှာ ပွဲကောင်းတွေကတော့ ဆက်တိုက်ပါပဲ။ ဒါ့ကြောင့် ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းမှာ ကစားမယ့် ပွဲကောင်းတွေထဲက ဆောက်သမ်တန်နဲ့ မန်ချက်စတာစီးတီး တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို SBOTOP ပရိသတ်တွေ အတွက် ပွဲကြိုခန့်မှန်း သုံးသပ်ပေးချင်ပါတယ်။
ဆောက်သမ်တန်တို့ ပရီးမီးယားလိဂ် မှာ တောက်လျောက် ပွဲကြပ်တွေ ကစားနေရပေမယ့် ရလဒ်တွေကောင်းနေခဲ့ပြီး ရမှတ်တွေလည်း စုဆောင်းထားနိုင်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ အာဆင်နယ်နဲ့ ပွဲမှာဆိုရင် ကစားပုံ ကောင်းခဲ့သလို ဘောလုံးပိုင်ဆိုင်မှု၊ ဂိုးပေါက် ခြိမ်းခြောက်မှု အပိုင်းတွေမှာ အသာရခဲ့တာ တွေ့ရပါတယ်။ အသင်းကို ပြန်ရောက်နေတဲ့ သီယိုဝဲလ်ကော့တ်ရဲ့ ခြေစွမ်းပြမှုတွေက စိန့်တို့ ရလဒ်တွေ ကောင်းဖို့ အတွက် အားတစ်ရပ်ဖြစ်နေပြီး ရက်ဒ်မွန်၊ ချေးအက်ဒမ်၊ ဗက်စတာဂတ်၊ ဝက်ဒ်ပရောက်စ်၊ ဒန်နီအင့်ဂ်တို့ အုပ်စုက နားလည်မှု ရှိရှိ စုစည်းမှု အားကောင်းကောင်းနဲ့ နိုင်ပွဲဆာလောင်စိတ်ကလည်း အမြင့်ဆုံးမှာ ရှိနေခဲ့ပါတယ်။ ဆောက်သမ်တန်တို့ ဒီရာသီ အသင်းကြီးတွေနဲ့ ကစားရာမှာ မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ကို ရှုံးနိမ့်ခဲ့ပြီး ဝုဗ်၊ ချဲလ်ဆီး၊ အာဆင်နယ်တို့ကို သရေကစား ထားနိုင်ပါတယ်။ ဆောက်သမ်တန်တို့ လက်ရှိ ပရီးမီးယားလိဂ် မှာ ၁၃ ပွဲကစား၊ ၇ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၃ ပွဲရှုံးနိမ့်ပြီး ရမှတ် ၂၄ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲရလဒ်ကို ကြည့်မယ်ဆိုရင် ၂ ပွဲနိုင်၊ ၂ ပွဲသရေကျပြီး ၁ ပွဲပဲ ရှုံးနိမ့်ထားပါတယ်။ အိမ်ကွင်းစွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်တော့ ၆ ပွဲကစားရာမှာ ၄ ပွဲထိ အနိုင်ရပြီး ၂ ပွဲသာရှံးနိမ့်ထားပါတယ်။ နောက်ဆုံး ၅ ပွဲမှာ တိုက်စစ်က တစ်ပွဲပျမ်းမျှ ၂ ဂိုးနှုန်း သွင်းယူထားနိုင်ခဲ့ပြီး ပေးဂိုးကတော့ တစ်ပွဲကို ၁ ဂိုးနှုန်း ရှိထားပါတယ်။
မန်ချက်စတာစီးတီးတို့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ်တချို့မှာ ခြေချော်ခဲ့ပေမယ့် နောက်ပိုင်း ပွဲစဉ်တွေ မှာ ရလဒ်တွေ ပြန်ကောင်းနေပါတယ်။ ချန်ပီယံလိဂ်မှာလည်း နောက်တစ်ဆင့်ကို တက်ရောက် ခဲ့ပြီဖြစ် တဲ့အပြင် လက်ရှိမှာ ပြည်တွင်းအမှတ်ပေးပြိုင်ပွဲ တစ်ခုပဲ ကစားရဖို့ရှိနေလို့ ကျိန်းသေပေါက် ပရီးမီးယားလိဂ် ကို အာရုံပြန်စိုက်လာမှာပါ။ မန်ချက်စတာစီးတီးတို့ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် ၂ ပွဲမှာ မန်ချက်စတာယူနိုက်တက်နဲ့ ဝက်စ်ဘရွန်းကို သရေတွေ ဆက်တိုက်ကျထားခဲ့ပါတယ်။ လက်ရှိမှာ ပရီးမီးယားလိဂ် အသင်းကြီးတွေ အနေနဲ့ ၃ ရက်ကို ၁ ပွဲနှုန်းလောက် ကစားရတဲ့ ဒီဇင်ဘာပွဲကြပ် ကာလကြောင့် ရလဒ်ပိုင်း ထိခိုက်မှုတွေ ရှိနေခဲ့ပြီး အဲ့ဒီထဲမှာ မန်ချက်စတာစီးတီးလည်း အပါအဝင် ဖြစ်ပါလိမ့်မယ်။ လက်ရှိမှာ ဇင်ချန်ကို၊ ဂါစီယာတို့ကလွဲရင် ကျန်ကစားသမားတွေ အားလုံး ဒဏ်ရာ ပြသနာ ကင်းရှင်းနေလို့ ဆောက်သမ်တန်ကို အဝေးကွင်းမှာ အနိုင်ကစားဖို့တောင် ပပ်ဂွာဒီယိုလာအနေနဲ့ မျှော်လင့်လာမှာ သေချာပါတယ်။ မန်ချက်စတာစီးတီးတို့ လက်ရှိ ပရီးမီးယားလိဂ် မှာ ၁၂ ပွဲကစား၊ ၅ ပွဲနိုင်၊ ၅ ပွဲသရေ၊ ၂ ပွဲရှုံးနိမ့်ပြီး ရမှတ် ၂၀ မှတ်နဲ့ အဆင့် ၃ နေရာက ဆောက်သမ်တန်ရဲ့အနောက် ၁ ပွဲ လျော့ ၄ မှတ်အကွာ အဆင့် ၈ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲရလဒ်ကို ကြည့်မယ်ဆိုရင် ၂ ပွဲနိုင်၊ ၃ ပွဲသရေကျထားပါတယ်။ အဝေးကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်တော့ ၆ ပွဲ ကစားရာ မှာ ၂ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၁ ပွဲ ရှံးနိမ့်ထားပါတယ်။ နောက်ဆုံး ၅ ပွဲမှာ တိုက်စစ်က တစ်ပွဲပျမ်းမျှ ၂ ဂိုးနှုန်း သွင်းယူထားနိုင်ခဲ့ပြီး ပေးဂိုးကတော့ မရှိသလောက်ပါပဲ။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ဆောက်သမ်တန်နဲ့ မန်ချက်စတာစီးတီးတို့ ၂၀၁၂ ခုနှစ်နောက်ပိုင်း ထိပ်တိုက်တွေ့ဆုံမှု ၁၇ ကြိမ်မှာ ဆောက်သမ်တန်က ၃ ကြိမ်အနိုင်ရပြီး မန်ချက်စတာစီးတီးက ၁၂ ကြိမ်အထိ အနိုင်ရထားပါတယ်။ သရေပွဲကတော့ ၂ ပွဲပဲ ရှိထားပါတယ်။ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ် မှာတော့ ဆောက်သမ်တန်ရော မန်ချက်စတာစီးတီးပါ တစ်ကြိမ်စီ အနိုင်ရထားကြပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်များ
ဆောက်သမ်တမ် vs မန်ချက်စတာစီးတီး | 1X2 မန်ချက်စတာစီးတီး @ 1.48 | |
ဒီဇင်ဘာလ ၁၉ ရက်, ည ၉:၃၀နာရီ (GMT + ၆:၃၀) |
1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၆.၄၀ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၁.၄၆ဆ ကြေးဖွင့် ပြီး သရေအတွက် ၄.၃၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ လက်ရှိ ခြေစွမ်းပိုင်းအရ ဆောက်သမ်တန် တို့ ခြေစွမ်းထက်မြက်နေပြီး အသင်းလိုက်ကစားပုံကတော့ တော်တော်လေး ကျစ်လျစ် မာကျောနေပါ တယ်။ အိမ်ကွင်း စွမ်းဆောင်ရည်လည်း ကောင်းနေတဲ့ ဆောက်သမ်တန်တို့ ပုံစံကောင်းမရသေးတဲ့ မန်ချက်စတာစီးတီးကို အခက်တွေ့နိုင်စေမှာတော့ အမှန်ပါပဲ။ အမှတ်ပေးဇယားထိပ်ပိုင်းကို ပြန်လည် တက်လှမ်းနိုင်ဖို့ အားစိုက်ကစားလာမယ့် မန်ချက်စတာစီးတီးကို ပိုပြီး သဘောကျနေပါတယ်။ မန်ချက်စတာစီးတီး ဘက်မှာ မျက်စိမှိတ်ပြီး ရပ်တည်ကြရအောင်။
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.