ဒီကနေ့ မနက်အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ခရာဘောင်ဖလား ကွာတားဖိုင်နယ် ပွဲစဉ်တွေ မှာတော့ မန်ချက်စတာစီးတီးနဲ့ နယူးကာဆယ်တို့ နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ကြပါတယ်။ မန်စီးတီးက ဘရန့်ဖို့ဒ်ကို ၂ ဂိုးပြတ် နိုင်ခဲ့သလို နယူးကာဆယ် ကလည်း ဖူလ်ဟမ်ကို ၂-၁ နဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းသွားခဲ့ကြတာ ဖြစ်ပါတယ်။
ဘရန့်ဖို့ဒ်နဲ့ တွေ့ဆုံချိန်တိုင်း ရလဒ် မကောင်းတတ်တဲ့ မန်စီးတီးက အခုတစ်ခေါက် မှာတော့ ဧည့်သည် အသင်း လှုပ်မရအောင် အသေအချာ ပြင်ဆင်လာနိုင်ခဲ့ပြီး ဟာလန်း မပါပဲနဲ့တောင် ကစားကွက် အသာနဲ့ ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂွါဒီယိုလာ အနေနဲ့ ဘော့ဘ်၊ ဆာဗင်ညို၊ မူကာဆာ၊ အိုရွိင်လီ၊ လီဝစ်၊ ကူဆာနော့ဗ် တို့လို လူငယ်တွေကို နေရာပေးခဲ့ပြီး ဖိုဒန်၊ ဂဗာဒီယို၊ နူနက်စ်နဲ့ ဆေးလ်ဗား တို့လို ဝါရင့် ကစားသမားတွေ ကိုတော့ လူစားလဲ အဖြစ်သာ အသုံးပြုခဲ့ပါတယ်။
မန်စီးတီးဟာ ဒီပွဲမှာ ဘောလုံး ပိုင်ဆိုင်မှု ၆၀ ရာခိုင်နှုန်း ရှိခဲ့ပြီးတော့ ဂိုးပေါက် ကန်ချက် ၁၅ ကြိမ်မှာ ဂိုးပေါက်တည့်မှု ၇ ကြိမ် ရှိခဲ့ပါတယ်။ ပွဲစကတည်းက မန်စီးတီးတို့ အဘက်ဘက်က အသာစီးရယူနိုင်ခဲ့ပြီး ၃၂ မိနစ်မှာ ချာကီ၊ ၆၇ မိနစ်မှာ ဆာဗင်ညို တို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီး ကတော့ ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲဆက် အနိုင်ရရှိခဲ့တာ ဖြစ်ပြီး အဓိက ဆုဖလား တစ်လုံးရဲ့ အရေးကြီးတဲ့ အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ တစ်ပွဲလုံး ချုံငုံ ပြောရမယ် ဆိုရင်တော့ မန်စီးတီးတို့ သက်တောင့်သက်သာ နိုင်ပွဲနဲ့ အတူ ခရာဘောင်ဖလား ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားခဲ့တာ ဖြစ်ပါတယ်။

နယူးကာဆယ်နဲ့ ဖူလ်ဟမ် တို့ကတော့ အချိန်ပို ရောက်မှသာ ရလဒ် အဖြေပေါ်ခဲ့တာ ဖြစ်ပြီး ဖူလ်ဟမ်တို့ အခွင့်အရေးတွေ အများကြီး ရခဲ့ပေမယ့် နယူးကာဆယ် တို့က အဆုံးသတ် ပိုကောင်းခဲ့တာပါ။ ငှက်ကြားတွေက ဝစ်ဆာ၊ ဘန်းစ်၊ မာဖီ၊ ဂီမာရေးစ် စတဲ့ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ကြပြီး ပွဲအစ ၁၀ မိနစ်မှာတင် ဝစ်ဆာက နယူးကာဆယ် အတွက် အဖွင့်ဂိုး စတင် သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဖူလ်ဟမ်က လူကစ်ကြောင့် ချေပဂိုး ပြန်ရခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ နယူးကာဆယ်က ပိုမို ဖိအားပေး ကစားနိုင်ခဲ့ပြီး ထိရောက်တဲ့ ဂိုးပေါက် ကန်ချက်တွေလည်း ပြုလုပ်နိုင်ခဲ့ပေမယ့် မိနစ် ၉၀ ပြည့်တဲ့ အချိန်ထိ သရေကျနေခဲ့လို့ အချိန်ပို ဆက်ကစားခဲ့ရပါတယ်။
အချိန်ပို ၉၂ မိနစ် အရောက် မှာတော့ လီဝစ် မိုင်လီက အဖိုးတန် အနိုင်ဂိုး သွင်းယူပေးခဲ့ကာ နယူးကာဆယ်ကို ဆီမီးဖိုင်နယ်ကို ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ ခရာဘောင်ဖလားရဲ့ လက်ရှိ ချန်ပီယံ နယူးကာဆယ်တို့ အနေနဲ့ ဖူလ်ဟမ်ကို အသည်းအသန် ကစားခဲ့ရပြီးမှ ထိုက်တန်တဲ့ နိုင်ပွဲ ရရှိခဲ့တာ ဖြစ်ပါတယ်။
ခရာဘောင်ဖလား ဆီမီးဖိုင်နယ် မဲခွဲမှုတွေအရတော့ နယူးကာဆယ်က မန်စီးတီးနဲ့ ထိပ်တိုက် တွေ့ဆုံနေပါတယ်။ တစ်ဖက် မှာတော့ ချဲလ်ဆီးက အာဆင်နယ်-ခရစ္စတယ်ပဲလေ့စ် ပွဲက အနိုင်ရလာတဲ့ အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ နယူးကာဆယ်က လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ချဲလ်ဆီးကို စတန်းဖို့ဒ်ဘရစ်ချ်မှာ ရင်ဆိုင်ရမှာ ဖြစ်ပြီး မန်စီးတီး ကတော့ ဝက်စ်ဟမ်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


