နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အောင်မြင်မှုတွေ အတွက် ဆက်လက် တိုက်ပွဲဝင်သွားမယ် ဆိုတဲ့ မက်ဆီ | မေဂျာလိဂ်

မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီနဲ့ အာဂျင်တီးနား လက်ရွေးစင် အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက အောင်မြင်မှုတွေ ဆက်လက် ရယူနိုင်ဖို့ တိုက်ပွဲဝင်သွားမယ်လို့ ပြောကြားလာခဲ့ပါတယ်။ ဒါ့အပြင် မက်ဆီက ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲ ကိုလည်း ပါဝင်ကစားဖြစ်ဖွယ် ရှိနေကြောင်းလည်း ထုတ်ဖော် ပြောကြားသွားခဲ့ပါသေးတယ်။

မက်ဆီက စပိန် နာမည်ကြီး Marca သတင်းစာက ချီးမြှင့်တဲ့ ၂၀၂၄ ခုနှစ် အတွက် MARCA America Award ဆုပေးပွဲ အခမ်းအနားမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒီဆုဟာ ကစားသမား ဘဝ တစ်လျှောက် ဆုဖလား အောင်မြင်မှု ၄၆ ကြိမ် ရရှိထားတဲ့ မက်ဆီကို ဂုဏ်ပြုတဲ့ အနေနဲ့ ပထမဦးဆုံး အကြိမ် ပေးအပ်ချီးမြှင့်တဲ့ ဆုလည်း ဖြစ်ပါတယ်။

ဒီဆုပေးပွဲမှာ မက်ဆီက “ကျွန်တော်က ကိုယ့်ရဲ့ အိပ်မက်တွေ အားလုံးကို အကောင်အထည် ဖော်နိုင်ခဲ့တယ်။ ငယ်ငယ်က အိပ်မက်မက်ထားခဲ့တာထက် အများကြီး အောင်မြင်ခဲ့တာပါ။ ဘုရားသခင်က ကျွန်တော့်ကို အဲဒီအရာ ချီးမြှင့်ခဲ့တာပါ။ ကစားသမား တစ်ယောက် အတွက် အကြီးမားဆုံး အိပ်မက် ဖြစ်တဲ့ ကမ္ဘာ့ဖလားကို ကျွန်တော် ရယူနိုင်ခဲ့တယ်။ ကျွန်တော့် ဘဝရဲ့ ကလပ် အသင်း ဖြစ်တဲ့ ဘာစီလိုနာမှာ ဆုဖလားတွေ အများကြီး ရယူနိုင်ခဲ့ပါတယ်။ ပါရီမှာလည်း ရရှိခဲ့သလို အခု အင်တာမိုင်ယာမီနဲ့လည်း ရယူနိုင်ခဲ့ပါပြီ။ နောက်ထပ် အောင်မြင်မှုတွေ အများကြီးရရှိဖို့ ကျွန်တော် ဆက်ပြီး တိုက်ပွဲဝင်သွားမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

မက်ဆီဟာ လက်ရှိမှာလည်း မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီ အသင်း အတွက် ပထမဦးဆုံး အကြိမ် အဖြစ် ဆုဖလား တစ်လုံး ရယူပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ကစားသမားဘဝမှာ ဆုဖလား အများဆုံး ရယူနိုင်ခဲ့တဲ့ မက်ဆီ

ဒါ့အပြင် အာဂျင်တီးနား လက်ရွေးစင် အဖြစ် ကနေ အနားယူမည့် အစီအစဉ်နဲ့ ပတ်သက်ပြီးတော့လည်း မက်ဆီက “ကျွန်တော်က နေ့စဉ် နေ့တိုင်း ပျော်ရွှင်ဖို့ပဲ ကြိုးစားပါတယ်။ အဲဒီအချိန် ရောက်လာတဲ့ အခါ ဘာဖြစ်မလဲ ဆိုတာ ကျွန်တော်တို့ ကြည့်ကြတာပေါ့။ ကျွန်တော်က အချိန်တွေကို အရှိန်မြှင့်ရတာ မကြိုက်ပါဘူး။ ဒီအဆင့်မျိုးမှာ ဆက်ပြီး စွမ်းဆောင်နိုင်ဦးမယ်၊ ခံစားချက် ကောင်းမွန်ပြီး ပျော်ရွှင်ရမယ်လို့လည်း မျှော်လင့်ပါတယ်။ ဒီအချက်က ကျွန်တော့် အတွက်တော့ အဲဒီဟာ (၂၀၂၆ ကမ္ဘာ့ဖလားမှာ ပါဝင်ကစားခြင်း)ကို လုပ်မလား၊ မလုပ်ဘူးလား ဆိုတာထက် ပိုပြီး အရေးကြီးပါတယ်။” လို့ ဆက်လက် ပြောကြားသွားခဲ့ပါတယ်။

မက်ဆီ ကတော့ ပြီးခဲ့တဲ့ ဇွန်လ အတွင်းမှာ အသက် ၃၇ နှစ် ပြည့်မြောက်ခဲ့သူလည်း ဖြစ်ပါတယ်။ အကယ်၍ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဝင်ရောက် ဆင်နွှဲမယ် ဆိုရင်တော့ အဲ့ဒီအချိန်မှာ မက်ဆီရဲ့ အသက်က ၃၉ နှစ် ရှိနေမှာလည်း ဖြစ်ပါတယ်။ မက်ဆီဟာ ကစားသမား ဘဝ သက်တမ်း တလျှောက် ကလပ် အသင်းတွေနဲ့ရော၊ နိုင်ငံ လက်ရွေးစင် အသင်းတွေနဲ့ပါ ဆုဖလား အောင်မြင်မှု များစွာ ရရှိထားခဲ့သလို ဘယ်လွန်ဒေါဆု ကိုလည်း ၈ ကြိမ် အထိ ရရှိထားခဲ့တာ ဖြစ်ပါတယ်။

မက်ဆီဟာ လက်ရှိမှာလည်း မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီ အသင်း အတွက် ပထမဦးဆုံး အကြိမ် အဖြစ် ဆုဖလား တစ်လုံး ရယူပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် မက်ဆီ ဦးဆောင်တဲ့ မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီက လာမယ့် ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဝင်ရောက် ဆင်နွှဲခွင့် ရရှိထားခဲ့ပြီလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်