နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဗီလာပါ့ခ်မှာ ငှက်ကြားတွေ ပျံသန်းခွင့်မရှိ | အက်စတွန်ဗီလာ – နယူးကာဆယ် (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

အက်စတွန်ဗီလာ – နယူးကာဆယ် 

အခုတစ်ပတ် စနေ့နေ့ညမှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်(၂) က အက်စတွန်ဗီလာနဲ့ နယူးကာဆယ် တို့ရဲ့ ပွဲကလည်း စိတ်ဝင်စားစရာပါပဲ။ အဖွင့်ရှုံးပွဲ ကိုယ်စီ တွေ့ထားတဲ့ ဗီလာနဲ့ နယူးကာဆယ်တို့ ၂၀၂၁/၂၀၂၂ ပရီးမီးယားလိဂ် ပွဲဦးထွက် နိုင်ပွဲ ရရှိရေး ကျိန်းသေပေါက် အားစိုက်လာဖို့ ရှိနေတဲ့ အပြင် တိုက်စစ် အားကောင်းတဲ့ အသင်းတွေဖြစ်လို့ အပြန်အလှန် သွင်းဂိုး တွေလည်း မြင်တွေ့ရမယ့် သဘောမှာ ရှိပါတယ်။
 

 
လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ အသင်းခေါင်းဆောင် ဂျက် ဂရီးလစ်ရှ်ကို ဆုံးရှုံးထားရတဲ့ အက်စတွန်ဗီလာတို့ နော့ဝစ်ချ် တိုက်စစ်မှူး ဘူအန်ဒီရာ၊ လေဗာကူဆင် တောင်ပံ ကစားသမား လီယွန်ဘိုင်လီ၊ ဆောက်သမ်တန်က ဒန်နီအင့်ဂ် အင်တာမီလန်က အက်ရှ်လေယန်းတို့ကို ခေါ်ယူထားခဲ့ပြီး ယူနိုက်တက် လူငယ်နောက်ခံလူ အက်ဆဲလ် တွမ်ဇီဘီ ကိုလည်း  တစ်နှစ် အငှားစာချုပ်နဲ့ ခေါ်ယူထားခဲ့ပါတယ်။ တချိန်က အောင်မြင်မှုတွေကို ပြန်လည် အသက်သွင်းဖို့ ကြိုးစားနေတဲ့ ဗီလာဟာ ပြီးခဲ့တဲ့ ရာသီကစပြီး ပြုပြင်ပြောင်းလဲမှုတွေ စတင် လုပ်ဆောင်နေတဲ့ အသင်း ဖြစ်ပါတယ်။ အစပိုင်းမှာ အဘက်ဘက်က တက်ရိပ်ပြသယောင် ရှိခဲ့ပေမယ့် ရာသီကုန်ချိန် မှာတော့ အဆင့် ၁၁ နေရာနဲ့ပဲ ကျေနပ်ခဲ့ရတဲ့ ဗီလာရဲ့ ကြိုးပမ်းမှုတွေ ကတော့ အရာမထင်သေးဘူးလို့ ဆိုရပါမယ်။ ဒင်းန်စမစ်ရဲ့ အသင်းက လက်ရှိရာသီမှာ ဥရောပပြိုင်ပွဲ ဝင်ခွင့်ရဖို့ အထိပါ တစ်ဆင့်တက် မျှော်မှန်းလာခဲ့ပြီး ဂရီးလစ်ရှ် မရှိတော့ပေမယ့် လစ်လပ်သွားတဲ့ သူ့ရဲ့ နေရာ အတွက် အကောင်းဆုံး ပြန်ပြီး အားဖြည့်ထားတာ တွေ့ရပါတယ်။ ကစားသမား ခေါ်ယူမှု အတွက် ပေါင် ၉၃ သန်း အထိ သုံးစွဲထားခဲ့ပြီး ဒါဟာ အာဆင်နယ်၊ မန်ယူနိုက်တက်၊ မန်စီးတီးနဲ့ ချဲလ်ဆီးတို့ ပြီးရင် လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ အသုံးစရိတ် အများဆုံး အသင်းလည်း ဖြစ်နေပါတယ်။ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ဗီလာတို့ တန်းတက် ဝက်ဖို့ဒ်ကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့လို့  ဒင်းန်စမစ်တို့ အုပ်စု လက်ရှိမှာ ဖိအားတွေနဲ့ စတင် ရင်ဆိုင်နေရပါပြီ။ တစ်ချက်ရှိတာက ဗီလာရဲ့ ခံစစ် ကစားပုံ တော်တော်လေး ဆိုးရွားခဲ့တယ် ဆိုပေမယ့် Final Third မှာတော့ တိုးတက်လာတာ တွေ့ရပြီး ၃ ဂိုးပြတ် ရှုံးနိမ့်နေရာ ကနေ ၂ ဂိုး ပြန်လိုက် သွင်းနိုင်ခဲ့တဲ့ တိုက်စစ် ကစားပုံ ကလည်း မဆိုးဘူးလို့ပဲ ပြောရပါမယ်။ ကစားသမားသစ် ဘိုင်လီ ကတော့ သူ့အတွက် ပထမဦးဆုံး ပရီးမီးယားလိဂ် ပွဲစဉ် မှာတင် အခွင့်အရေး ဖန်တီးမှု ၂ ကြိမ်၊ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ခဲ့ပြီး ဂရီးလစ်ရှ် နေရာမှာ အစားထိုးဖို့ လုံလောက်တဲ့ ခြေစွမ်းရှိကြောင်း သက်သေပြခဲ့ပါတယ်။ အခုလာမယ့် ပွဲစဉ် မှာတော့ ဒေါက်ဂလပ်စ် လူးဝစ်ဇ် ပြန်ပါလာဖို့ ရှိတဲ့ ကွင်းလယ်ပိုင်း သိသိသာသာ အားကောင်းလာဖို့ ရှိပြီး ဘိုင်ယီ၊ ရမ်ဆီတို့ ပွဲထွက် လူစာရင်းမှာ ပါဝင်လာရင်တော့ ပြီးခဲ့တဲ့ ပွဲကထက် ပိုပြီး ထက်မြတ်တဲ့ တိုက်စစ်ကို မြင်တွေ့ရဖို့ ရှိပါတယ်။ ဒါပေမယ့် ခံစစ်ပိုင်း အားနည်းချက် ကိုတော့ အချိန်မှီ ပြင်ဆင်နိုင်ဖို့ လိုအပ်ပါလိမ့်မယ်။

ပရီးမီးယားလိဂ် နည်းပြတွေ ထဲမှာ ထုတ်ပယ်ခံရဖို့ ရေပန်းစားမှု မြင့်တက်လာတဲ့ စတိဗ်ဘရုစ် အတွက် အခုလာမယ့် ဗီလာနဲ့ ပွဲဟာ သက်ရောက်မှု အများကြီး ရှိလာနိုင်ပါတယ်။
ပရီးမီးယားလိဂ် အဆင့် ၁၅ နေရာမှာ ရပ်တည်နေတဲ့ နယူးကာဆယ်

အက်စတွန်ဗီလာ နည်းတူ နယူးကာဆယ် ဟာလည်း တိုက်စစ်ပိုင်းက မဆိုးလှပေမယ့် စိတ်ပျက်စရာ ခံစစ် ကစားပုံကြောင့် ပြီးခဲ့တဲ့ ပွဲမှာ ဝက်စ်ဟမ်းကို ၂-၄ နဲ့ ရှုံးနိမ့်ခဲ့ပြီး နည်းပြ စတိဗ်ဘရုစ်လည်း ဖိအားတွေ များနေခဲ့ပါပြီ။ ပရီးမီးယားလိဂ် နည်းပြတွေ ထဲမှာ ထုတ်ပယ်ခံရဖို့ ရေပန်းစားမှု မြင့်တက်လာတဲ့ စတိဗ်ဘရုစ် အတွက် အခုလာမယ့် ဗီလာနဲ့ ပွဲဟာ သက်ရောက်မှု အများကြီး ရှိလာနိုင်ပါတယ်။ ရလဒ်တွေ တောက်လျောက် ဆိုးရွားနေခဲ့ရင်တော့ ငှက်ကြားတို့ ရာသီဝက်လောက်မှာ ဘစ်ဆစ်ခလုတ်ကို နှိပ်ရဖို့ များနေတယ်လို့ သတင်းတွေလည်း ထွက်နေခဲ့ပါတယ်။ ဝက်စ်ဟမ်းနဲ့ ပွဲမှာ ဦးဆောင်ဂိုးတွေ သွင်းပြီးမှ ချေပဂိုးတွေ တောက်လျောက် ပြန်ပေးခဲ့ရသလို ၁၃ မိနစ် အတွင်း ၃ ဂိုး ခွင့်ပြုပေးခဲ့တဲ့ ခရက်ဖ်၊ ဖာနန်ဒက်စ်၊ ကလာ့ခ်၊ ရစ်ချီနဲ့ မာဖီတို့ရဲ့ ခံစစ် စုဖွဲ့မှု ကိုတော့ မေးခွန်း ထုတ်စရာ ရှိခဲ့ပါတယ်။ ဒါပေမယ့် စတိဗ်ဘရူစ်ရဲ့ အသင်းက ပြီးခဲ့တဲ့ ရာသီ အဝေးကွင်း ၁၉ ပွဲမှာ ၁၀ ပွဲ အထိ ရမှတ် ရှာဖွေ နိုင်ခဲ့ပြီး ငှက်ကြားတွေ အတွက် အားရစရာ အဝေးကွင်း စွမ်းဆောင်ရည်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် လက်ရှိ အနေအထားအရ ဆိုရင် ငှက်ကြားတို့ ဗီလာရဲ့ ကစားအားကို ယှဉ်ဖို့ မလွယ်သလို ထက်မြတ်တဲ့ တိုက်စစ် ကိုလည်း တားဆီးဖို့ ခက်ခဲနေဦးမယ့် အခြေအအနေမှာ ရှိပါတယ်။ မက်ဆီမင်၊ ဝီလ်ဆင်၊ ဂျိုးလင်တန်၊ ဟေဒန် အပြင် ပေါင် ၂၅ သန်းအထိ ပေးပြီး အာဆင်နယ် ကနေ အရခေါ်ယူခဲ့တဲ့ ဂျိုးဆက်ဖ် ဝေးလ်လော့ခ်လည်း ပါဝင်လာမှာ ဖြစ်လို့ ဂိုးရဖို့တော့ မခက်ခဲနိုင်ပါဘူး။ အခုပွဲမှာတော့ ဒူဘရက်ဗ်ကာ၊ ဒမ်းမတ်တို့ ဒဏ်ရာပြသနာတွေ ရှိနေလို့ ကျိန်းသေပေါက် လွဲချော်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ 
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပရီးမီးယားလိဂ် နာမည်နဲ့ ပြောင်းလဲ ကျင်းပချိန် ကစပြီး စုစုပေါင်း ၄၈ ကြိမ် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ဗီလာတို့ ၁၀ ကြိမ် အနိုင်ရခဲ့ပြီး နယူးကာဆယ် ကတော့ ၂၂ ကြိမ် အထိ အနိုင်ရထားခဲ့ပါတယ်။ သရေပွဲ ၁၆ ပွဲ ရှိခဲ့ပြီး ဗီလာပါ့ခ်က နောက်ဆုံး တွေ့ဆုံမှု ၃ ကြိမ်မှာ အက်စတွန်ဗီလာတို့ ၂ ပွဲနိုင်ပြီး ၁ ပွဲ သရေကျခဲ့ပါတယ်။
 

အက်စတွန်ဗီလာ – နယူးကာဆယ်ယူနိုက်တက် 

??
အက်စတွန်ဗီလာ – နယူးကာဆယ် အချိန်ပြည့် 1×2 အိမ်ရှင် @ ၁.၈၀ ဆ
ဩဂုတ်လ ၂၁ ရက် , ည ၈:၃၀ နာရီ (GMT + ၆:၃၀)

1×2 မှာတော့ အိမ်ရှင် အတွက် ၁.၈၀ ဆနဲ့ ဧည့်သည် အတွက် ၄.၃၃ ဆ ကြေးဖွင့်ပြီး သရေအတွက် ၃.၇၅ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ နှစ်သင်းလုံး ဂိုးသွင်းဖို့ မခက်တဲ့ တိုက်စစ် ပိုင်ဆိုင်ထားသလို ဂိုးပေးလွယ်တဲ့ ခံစစ် ကိုယ်စီလည်း ပိုင်ဆိုင်ထားကြပါတယ်။ အပြန်အလှန် သွင်းဂိုးတွေ ရှိနိုင်ပေမယ့် နောက်ပိုင်း ထိပ်တိုက်တွေ့ဆုံမှု တွေအရ  ဆိုရင် နှစ်သင်းပေါင်း သွင်းဂိုး ၃ ဂိုးထက် မပိုခဲ့တာကြောင့် ခန့်မှန်းရလဒ် ၂-၁ လောက်နဲ့ပဲ ဗီလာတို့ အနိုင်ရသွားဖို့ များပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်