နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၂၀၀၈ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် အဝေးကွင်းနိုင်ပွဲ ပြန်ရတဲ့ လူဇင်ဘတ် – ကမ္ဘာ့ဖလား ပွဲပြီးသုံးသပ်ချက်

အိုင်ယာလန် ၀ – ၁ လူဇင်ဘတ်

မနေ့က ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု အေ ပွဲစဉ် တစ်ပွဲမှာတော့ လူဇင်ဘတ်တို့ အဝေးကွင်းမှာ အိုင်ယာလန်ကို ဂါဆန် ရိုဒရီဂွက်စ်ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒါဟာ လူဇင်ဘတ် အတွက် နိုင်ပွဲတစ်ပွဲ ဆိုတာထက် ပိုခဲ့ပြီး ၂၀၀၈ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားနဲ့ ယူရို ခြေစစ်ပွဲတွေမှာ ပထမဦးဆုံး အကြိမ် အဝေးကွင်းနိုင်ပွဲ ရရှိခဲ့တာ ဖြစ်ပြီး တိုက်စစ်မှူးဟာလည်း ရိုဒရီဂွက်စ် ဟာလည်း သူရဲကောင်း ဖြစ်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ အိုင်ယာလန် ဘက်က ရော်ဘင်ဆင်၊ ဘရောင်းန်၊ စတီဗင်၊ ဒိုဟာတီ၊ ကလာ့ခ်၊ ကိုးမန်း၊ အိုရှေး တို့လို ကစားသမားတွေ ပါဝင်ခဲ့ပြီး လူဇင်ဘတ် ဘက်မှာတော့ ဒိုင်နမိုကိဗ်မှာ ကစားနေတဲ့ ရိုဒရီဂွက်စ်နဲ့ မိန့်ဇ် မှာ ကစားနေတဲ့ ဘာရီယို၊ ယန်းဘွိုင်းစ်က မာတင်စ်တို့ကလွဲရင် နာမည်မရှိတဲ့ ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့တာ တွေ့ရပါတယ်။ အခုပွဲ မှာ အိုင်ယာလန်တို့ ကစားပုံက တော်တော်လေးကို စိတ်ပျက်စရာကောင်းခဲ့ပြီး လူဇင်ဘတ်လို အသင်းငယ်လေး တစ်သင်းကိုတောင် ဘောလုံးပိုင်ဆိုင်မှု အသာစီးရခဲ့တာ ကလွဲရင် ကျန် အခြေအနေတွေမှာ အသာရခဲ့ခြင်း မရှိတာ တွေ့ရပါတယ်။ အိုင်ယာလန်တို့ အစောပိုင်းပွဲကစားချိန် တချို့မှာ အပိုင်အခွင့်အရေး တချို့ရခဲ့ပေမယ့် လူဇင်ဘတ်ရဲ့ ကျစ်လျစ်တဲ့ ခံစစ်ကို တိုးမပေါက်ခဲ့တာလည်း တွေ့ရပါတယ်။ လူဇင်ဘတ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲကစားချိန် ၈၅ မိနစ်မှာ တိုက်စစ်မှူး ဂါဆန် ရိုဒရီဂွက်စ် ကသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် အိုင်ယာလန်တို့ ချေပဂိုးတွေ ပြန်လည် ရရှိဖို့အတွက် လူစားလဲလှယ်မှု တချို့ ပြုလုပ်ခဲ့ပေမယ့် ဆေးမမှီတော့ပဲ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

ပွဲပြီး အချက်အလက်တွေကို ပြန်ပြီး ကြည့်မယ်ဆိုရင် တစ်ပွဲလုံး အတိုင်းအတာ အနေနဲ့ အိုင်ယာလန်တို့ ဘောလုံး ပိုင်ဆိုင်မှု ၆၃ ရာခိုင်နှုန်း အထိ ရှိခဲ့ပြီး လူဇင်ဘတ်ကတော့ ၃၇ ရာခိုင်နှုန်းသာ ရှိခဲ့တာ တွေ့ရပါတယ်။ ဂိုးပေါက် ခြိမ်းခြောက်မှုမှာတော့ အိုင်ယာလန်တို့ ၁၁ ကြိမ် အထိ ရှိခဲ့ပြီး ဂိုးပေါက်တည့်မှုက ၃ ကြိမ်ပဲ ရှိခဲ့ပါတယ်။ လူဇင်ဘတ်ကတော့ ဘောလုံးပေးပို့မှု အပိုင်းမှာ အားနည်းခဲ့ပေမယ့်လည်း တကယ်တမ်းမှာ ထိရောက်တဲ့ ထိုးဖောက်မှု တွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ နောက်တစ်ချက်ကတော့ လူဇင်ဘတ်တို့ရဲ့ အားထုတ်မှုကို ချီးကျူးရမှာ ဖြစ်ပြီး သူတို့အသင်းအတွက် ရှားရှားပါးပါးရခဲ့တဲ့ နိုင်ငံတကာ နိုင်ပွဲကို အရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ လူဇင်ဘတ်တို့ ၂၀၀၈ ခုနှစ်  နောက်ပိုင်း ကစားခဲ့သမျှ အဝေးကွင်းပွဲစဉ် ၂၈ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီး သရေပွဲ ၆ ပွဲဆိုတာ အမြင့်ဆုံး စွမ်းဆောင်ရည် ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် လူဇင်ဘတ် အနေနဲ့ အသင်းသမိုင်းတစ်လျောက် ခြေစစ်ပွဲ အဆင့်မှာ အခုတစ်ကြိမ် အပါအဝင် နိုင်ပွဲ ၃ ပွဲ သာ ရရှိထားခဲ့ပါတယ်။ အိုင်ယာလန် အတွက် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ရေးအတွက် ဆာဘီးယားနဲ့ အပြိုင် နေရာလုရမှာ ဖြစ်ပေမယ့် အခုပွဲမှာ လူဇင်ဘတ်ကိုရှုံးခဲ့လို့ အဖွင့်ပွဲ ၂ ပွဲဆက် ရှုံးနိမ့်ခဲ့ပြီး အထိနာခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

အိုင်ယာလန် အတွက် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ရေးအတွက် ဆာဘီးယားနဲ့ အပြိုင် နေရာလုရမှာ ဖြစ်ပေမယ့် အခုပွဲမှာ လူဇင်ဘတ်ကိုရှုံးခဲ့လို့ အဖွင့်ပွဲ ၂ ပွဲဆက် ရှုံးနိမ့်ခဲ့ပြီး အထိနာခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ရေး ခက်ခဲဖို့ ရှိနေတဲ့ အိုင်ယာလန်

 

လာမယ့်ပွဲစဉ်များ

အိုင်ယာလန်တို့ လာမယ့် မတ်လ ၃၁ ရက်နေ့မှာတော့ ကာတာနဲ့ နိုင်ငံတကာ ခြေစမ်းပွဲ ကစားဖို့ ရှိနေပြီး လူဇင်ဘတ် ကတော့ ပေါ်တူဂီနဲ့ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်