နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိမ်ကွင်းအန်ဖီးလ်မှာ အရှုံးနဲ့ထိုက်တန်ခဲ့တဲ့ လစ်ဗာပူးလ် – ချန်ပီယံလိဂ် ပွဲပြီး သုံးသပ်ချက်

လစ်ဗာပူးလ် ၀-၂ အတ္တလန်တာ

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယိလိဂ် အုပ်စု ပွဲစဉ် တစ်ပွဲမှာတော့ လစ်ဗာပူးလ် ကို အတ္တလန်တာ တို့က အဝေးကွင်းမှာ ၀-၂ နဲ့ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ အခုလိုအတ္တလန်တာတို့ရဲ့၂ဂိုးပြတ် အဝေးကွင်းclean sheet အောင်ပွဲမှထွက်ပေါ်လာတဲ့အချက်ကတော့ ချန်ပီယံလိဂ် နဲ့ပတ်သတ်လို့ အချက်အလက် အတိအကျ ကောက်ယူမှုတွေ ပြုလုပ်လာခဲ့တဲ့ ၂၀၀၃-၀၄ဘောလုံးရာသီထဲကနေ ယခုအချိန်အထိ လီဗာပူးအသင်းပါဝင်လာခဲ့တဲ့တလျှောက်မှာ ပွဲကစားချိန် မိနစ်၉၀အတွင်း အန်ဖီးလ်ကွင်းမှာ ဂိုးပေါက်တည့်တဲ့ ကန်သွင်းချက် တစ်ကြိမ်မျှ မပြုလုပ်နိုင်ခဲ့တာ အခုတကြိမ်မှာ ပထမဆုံးအကြိမ်အဖြစ် အဆိုးရွားဆုံး မှတ်တမ်းတစ်ရပ်ကို ပိုင်ဆိုင်သွားခဲ့ပါတယ်။
 

ပွဲပြီး အကျဉ်းချူပ်

အစောပိုင်း ပွဲကြိုခန့်မှန်းသုံးသပ်ချက်တွေမှာ တင်ပြခဲ့သလိုပဲ လစ်ဗာပူးလ်တို့ ဒီနှစ် ချန်ပီယံလိဂ် မှာ ရှုံးပွဲလုံးဝမရှိ ပေးဂိုး လုံးဝ မရှိပဲ အကောင်းဆုံး ပုံစံ ရနေခဲ့တယ်ဆိုပေမယ့် မနေ့ညက ပွဲစဉ်မှာတော့ ခြေစွမ်းယိုင်နဲ့နေတဲ့ အတ္တလန်တာ လို အသင်းကို အိမ်ကွင်း အန်ဖီးလ်မှာ ထူးဆန်းစွာနဲ့ အဘက်ဘက်က ရှုံးနိမ့်ခဲ့ပါတယ်။ ပွဲချိန်အတွင်း ပြိုင်ဘက် ကစားသမားတွေနဲ့ စွမ်းဆောင်ရည်ချင်း လုံးဝ မယှဉ် နိုင်ခဲ့သလို ပွဲပြီးဆုံးချိန်မှာလည်း ၂ဂိုး ပြတ်ဆိုတဲ့ ရလဒ်နဲ့ အိမ်ကွင်းရှုံးပွဲ ကြုံတွေ့ခဲ့ရတာပါ။ ပထမအကျော့ အတ္တလန်တာ အိမ်ကွင်းမှာ ဂတ်စပီရီနီရဲ့အသင်းကို လစ်ဗာပူးလ်တို့ ၅ ဂိုးပြတ်နဲ့ သွားရောက်အနိုင်ယူခဲ့ပေမယ့် ဒုတိယ အကျော့မှာတော့ အီတလီအသင်းရဲ့ လက်စားချေမှုကို ကောင်းကောင်း ကြီး ခံလိုက်ရတာ ဖြစ်ပါတယ်။ ပွဲချိန်အတွင်း လစ်ဗာပူးလ်တို့ ဘောလုံးပိုင်ဆိုင်မှု ၅၃ ရာခိုင်နှုန်းကျော် ရှိခဲ့သလို ဘောလုံးဆွဲပြေးမှုတွေနဲ့ ပေးပို့မှုတွေမှာလည်း အသာရခဲ့တယ်ဆိုပေမယ့် ဂိုးပေါက် ခြိမ်းခြောက်မှုမှာတော့ အတ္တလန်တာ အသင်းကတောင် ပိုပြီး အကြိမ်ရေ ပိုများခဲ့တာ တွေ့ရပါတယ်။ ပိုများခဲ့တယ်ဆိုတာထက် အတ္တလန်တာတို့ ဂိုးပေါက် ခြိမ်းခြောက်မှု ၈ ကြိမ်မှာ ဂိုးပေါက်တည့်မှု ၄ ကြိမ် ရှိခဲ့ပြီး လစ်ဗာပူးလ်ကတော့ ဂိုးပေါက် တည့်မှု တစ်ကြိမ်မှ မရှိခဲ့တာ တွေ့ရပါတယ်။ လစ်ဗာပူးလ်တို့ ခံစစ်ကစားသမား အများစု ဒဏ်ရာရနေလို့ ဒီပွဲမှာ နီကို ဝီလျံနဲ့ ရိုင်းစ် ဝီလျံ၊ မတ်တစ်ပ်၊ ဆီမီကတ်စ်တို့ကို ပွဲထွက်ကစားစေခဲ့ပြီး ကွင်းလယ်မှာ ကာတစ်ဂျုံးစ်၊ ဝိုင်ဂျ်နယ်ဒမ်၊ ဂျိမ်းစ်မီလ်နာ၊ တိုက်စစ်မှာ မိုဆာလာ၊ အိုရီဂီ၊ ဆာဒီယိုမာနေးတို့နဲ့ အတ္တလန်တာကို ရင်ဆိုင်လာခဲ့ပါတယ်။ ဒါပေမယ့် နည်းပြ ဂျာဂျင်ကလော့ပ်ရဲ့ အကြံအစည် အလုပ် မဖြစ်ခဲ့ပဲ ဂိုဆင်၊ မက်တီယို ပတ်ဆီနာ၊ ဖရူလာ၊ မာတန်ဒီယွန်၊ ဟိတ်ဘိုးဝါး၊ အလက်ဂျန်ဒရို ဂိုးမက်ဇ်၊ ဂျိုဆစ်ပ်အီလစ် တို့ရဲ့ ကွင်းလယ်နဲ့ တိုက်စစ်ကို မယှဉ်နိုင်ခဲ့တာ တွေ့ရပါတယ်။ ဒီပွဲမှာ မှတ်မှတ်ရရ အတ္တလန်တာက တောင်ပံကစားသမားနှစ်ဦးဖြစ်တဲ့ ရော့ဘင် ဂိုဆင်နဲ့ ဟိတ်ဘိုးဝါးတို့ တော်တော်လေး ခြေစွမ်းပြသွားခဲ့တာ တွေ့ရပြီး ဂိုဆင်က သွင်းဂိုး ၁ ဂိုး ရယူပေးခဲ့သလို ဟိတ်ဘိုးဝါးကတော့ ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ အတ္တလန်တာ တို့အတွက် သွင်းဂိုးတွေကို အီလစ်က မိနစ် ၆၀ နဲ့ ဂိုဆင်က ၆၄ မိနစ် တို့မှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
 

ပွဲပြီး သုံးသပ်ချက်

လစ်ဗာပူးလ်တို့ ချန်ပီယံလိဂ် အုပ်စု D မှာဆက်လက် ဦးဆောင်နေပြီး အတ္တလန်တာကတော့ တတိယနေရာမှာ ဆက်လက် ရပ်တည်နေပါတယ်။
ချန်ပီယံလိဂ် အုပ်စု(D) တတိယနေရာမှာ ရောက်ရှိနေတဲ့ အတ္တလန်တာ

လစ်ဗာပူးလ် ခံစစ်က ဗန်ဒိုက်ချ်၊ ထရန့်အာနိုးလ်၊ ဂျိုးဂိုးမက်ဇ်၊ ကွင်းလယ်က သီယာဂို အလ်ကန်တာရာ၊ ဟန်ဒါဆင်၊ နာဘီကိုင်တာ တို့ မပါဝင်နိုင်တာ ဟာ အသင်းအတွက် ဘယ်လောက်အထိ နစ်နာသလဲဆိုတာ ထင်ထင်ရှားရှား ပြသခဲ့တယ်လို့ဆိုရမှာပါ။ နောက်ပြီးတော့ လစ်ဗာပူးလ်က ရောဘတ်ဆန်၊ ဖာဘင်ဟို၊ ဖေမီမို၊ ဂျော့တာ တို့ လူစားဝင်လာလို့ အခြေမကျသေးပဲ ကစားကွက် တည်မရသေးတဲ့ အချိန်မှာ အတ္တလန်တာတို့ အနေနဲ့ အကောင်းဆုံး အခွင့်ကောင်း ယူသွားနိုင်ခဲ့တာ ဖြစ်ပြီး နည်းပြ ဂတ်စပီရီနီရဲ့ ဗျူဟာပိုင်းကို ချီးကျူးရမှာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ကတော့ အထက်မှာ ပြောခဲ့သလိုပဲ စံချိန်တွေ တော်တော်များများ ကျိုးပျက် ရပ်တန့်ခဲ့ရပြီး အိမ်ကွင်းမှာ ပြိုင်ဘက်ကို ဂိုးပေါက်ခြိမ်းခြောက်မှု တစ်ကြိမ်မှ မလုပ်နိုင်ခဲ့တာ ကတော့ တော်တော်လေး စိတ်ပျက်စရာကောင်းခဲ့ပါတယ်။ ဒီရလဒ်ကြောင့် လစ်ဗာပူးလ်တို့ ချန်ပီယံလိဂ် အုပ်စု D မှာဆက်လက် ဦးဆောင်နေပြီး အတ္တလန်တာကတော့ တတိယနေရာမှာ ဆက်လက် ရပ်တည်နေ ပါတယ်။
 

လာမယ့်ပွဲစဉ်များ

လစ်ဗာပူးလ်တို့ လာမယ့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာတော့ အေဂျက်စ်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားဖို့ ရှိပြီး အတ္တလန်တာကတော့ ဒိန်းမတ်ကလပ် မစ်ဂျယ်လန်းကို အိမ်ကွင်းမှာ ပဲ လက်ခံကစားရမှာ ဖြစ်ပါတယ်။ နှစ်သင်းစလုံး ကြားရက်မှာတော့ သက်ဆိုင်ရာ လိဂ် ပွဲစဉ် အသီးသီး ကစားဖို့ ရှိပြီး အတ္တလန်တာက ဗီရိုနာနဲ့ ကစားရမှာ ဖြစ်သလို လစ်ဗာပူးလ်က ဘရိုက်တန်နဲ့ ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်