နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အပြောင်းအရွှေ့တိုင်းမှာ လောဘကြီးတတ်တဲ့ နာပိုလီကြောင့် ပီအက်စ်ဂျီ ရောက်မှာ မဟုတ်တော့တဲ့ အိုဆင်မ်ဟန် | လီဂူးဝမ်း

ပြင်သစ် လီဂူးဝမ်း ထိပ်သီး ကလပ် ပီအက်စ်ဂျီ ကတော့ နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန်ကို ခေါ်ယူဖို့ အစီအစဉ် ပျက်သွားခဲ့ပြီလို့ သိရပါတယ်။ နာပိုလီဟာ ပီအက်စ်ဂျီက စိတ်ဝင်စားနေတဲ့ သူတို့ရဲ့ တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန်ကို ပြောင်းရွှေ့ကြေး ယူရို သန်း ၉၀ အပြင် တောင်ကိုရီးယား ကွင်းလယ်လူ လီကန်အင် ကိုပါ အလိုက်ပေးဖို့ တောင်းဆိုခဲ့တာကြောင့် အပြောင်းအရွှေ့ ပျက်သွားခဲ့ရတာ ဖြစ်ပါတယ်။

လီဂူးဝမ်း ထိပ်သီး ပီအက်စ်ဂျီဟာ ဒီနွေရာသီမှာ သူတို့ အသင်းရဲ့ အဓိက ကြယ်ပွင့် တစ်ဦး ဖြစ်တဲ့ ကီလီယန် အမ်ဘာပေးကို ရီးရဲလ်မက်ဒရစ် အသင်းထံ လက်လွှတ်ထားခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် အမ်ဘာပေး နေရာမှာ အစားထိုးဖို့ ပီအက်စ်ဂျီက အရည်အသွေးမြင့် တိုက်စစ်မှူး တစ်ဦး ရှာဖွေခဲ့ပြီး နာပိုလီက နိုင်ဂျီးရီးယားသား ဗစ်တာ အိုဆင်မ်ဟန်ကို မျက်စိကျခဲ့တာ ဖြစ်ပါတယ်။

တစ်ဖက်မှာတော့ လီဂူးဝမ်း ကလပ်က အပြောင်းအရွှေ့လည်း မပိတ်သေးတာကြောင့် အချိန်ရရင် ရသလို တိုက်စစ်မှူး တစ်ဦး ခေါ်ယူအားဖြည့်သွားဖွယ်တော့ ရှိနေပါသေးတယ်။
အိုဆင်မ်ဟန်ရဲ့ အပြောင်းအရွှေ့ ပျက်ခဲ့တဲ့ ပီအက်စ်ဂျီ

သူတို့ စိတ်ကြိုက် တိုက်စစ်မှူး အဖြစ် ရှုမြင်ထားတဲ့ အိုဆင်မ်ဟန်ကို ပီအက်စ်ဂျီက ဒီနွေရာသီ ဈေးကွက်မှာပဲ အရ ခေါ်ယူနိုင်ဖို့ အတွက်လည်း ကြိုးပမ်းခဲ့တာပါ။ ဒါ့အပြင် အိုဆင်မ်ဟန် ကိုယ်တိုင်က ပရီးမီးယားလိဂ် ကလပ်တွေဆီ ပြောင်းရွှေ့ချင်ခဲ့သည့် တိုင်အောင် နောက်ဆုံးမှာတော့ ပီအက်စ်ဂျီကို ရွေးချယ်ဖို့ ဆန္ဒရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမားတွေကို ရောင်းထုတ်ရာမှာ ဆရာကျသလို အမြဲတမ်းလည်း အခက်တွေ့စေတတ်တဲ့ နာပိုလီက သူတို့ရဲ့ ထုံးစံအတိုင်း အိုဆင်မ်ဟန်ကို ပေါင် သန်း ၁၃၀ ရမှ ရောင်းထုတ်မှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အဲ့နောက် ပေါင်သန်း ၁၁၀ အထိ နာပိုလီက လျှော့ပေးခဲ့ပေမယ့် ပီအက်စ်ဂျီ ဘက်ကတော့ ပေါင်သန်း ၈၀ လောက်သာ အသုံးပြုချင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးမှာ နာပိုလီက ပေါင် သန်း ၉၀ + လီကန်အင် ကို ပေးရင် အိုဆင်မ်ဟန်ကို ရောင်းချမယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။ ဒီအချိန်မှာတော့ အပြောင်းအရွှေ့က ဆက်လက် လုပ်ဆောင်ဖို့ မဖြစ်နိုင်တော့ပဲ အပြီးပျက်သွားခဲ့တာ ဖြစ်ပါတယ်။

သတင်းတွေ အရ ဆိုရင် ပီအက်စ်ဂျီဟာ ဗစ်တာ အိုဆင်မ်ဟန်ကို လုံးဝ ခေါ်ယူတော့မှာ မဟုတ်ပဲ အသင်းမှာ လက်ရှိ ရှိနေတဲ့ တိုက်စစ်မှူး ရန်းဒဲလ် ကိုလို မူအာနီ ကိုသာ ဆက်လက် ထိန်းသိမ်းသွားတော့မယ်လို့ သိရပါတယ်။ တစ်ဖက်မှာတော့ လီဂူးဝမ်း ကလပ်က အပြောင်းအရွှေ့လည်း မပိတ်သေးတာကြောင့် အချိန်ရရင် ရသလို တိုက်စစ်မှူး တစ်ဦး ခေါ်ယူအားဖြည့်သွားဖွယ်တော့ ရှိနေပါသေးတယ်။ ပီအက်စ်ဂျီက ဒီနွေရာသီမှာ ခရက်စ်နိုဒါ ဂိုးသမား မတ်ဗေး ဆာဖိုနော့ဗ် တစ်ဦးတည်း ကိုသာ ခေါ်ယူထားခဲ့ရပါသေးတယ်။ ကစားသမား အထွက် အနေနဲ့ ကတော့ အမ်ဘာပေး ညီအကို နှစ်ဦးစလုံးနဲ့ အတူ အက်ဒ်ဝက်ဒ် မီချတ် ဆိုတဲ့ ကစားသမားလေးကို ဒီမီစပေါ အသင်းထံ အလွတ်နဲ့ ထွက်ခွာခွင့်ပေးထားရပါတယ်။ ပီအက်စ်ဂျီဟာ ဥရောပ ထိပ်တန်း ကလပ်တွေမှာ ကစားနေတဲ့ ကြယ်ပွင့် အများအပြားကို ပစ်မှတ်ထားနေဆဲ ဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ကလည်း ဆန်ချို ကို ချဉ်းကပ်မှုတွေ ပြုလုပ်နေတယ်လို့လည်း သတင်းတွေ ထွက်ခဲ့ပါသေးတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်