နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် ကစားသမားတွေ ခေါ်ပြီး ကြမ်းဖို့ ရှိနေတဲ့ မာဆေးလ် | လီဂူးဝမ်း

ပြင်သစ် လီဂူးဝမ်း ကလပ် မာဆေးလ် ကတော့ ယူနိုက်တက်က မေဆန် ဂရင်းဝုဒ်ကို ခေါ်ယူ အပြီးမှာတော့ အာဆင်နယ်က အက်ဒီ အန်ကတတ်တီးယားနဲ့ စပါးက ဟွိုက်ဘယက်ဂျ် တို့ကိုပါ ထပ်မံ ခေါ်ယူသွားနိုင်တော့မယ်လို့ သိရပါတယ်။

လီဂူးဝမ်း ကလပ်ဟာ ဂါဘွန်း ဝါရင့် တိုက်စစ်မှူး အော်ဘာမီယန်းကို ဆော်ဒီပရိုလိဂ် ကလပ် အဲလ် ကာဒက်ဆီယာဆီ လက်လွှတ်ထားရပါတယ်။ ဒါ့အပြင် အင်တာမီလန် ကနေ အငှားနဲ့ ခေါ်ထားတဲ့ အိန်ဂျယ် ကော်ရီယာ ကို အငှားစာချုပ်ပြည့်ချိန်မှာ မိခင် ကလပ်ဆီ ပြန်လည် စေလွှတ်ထားရပါသေးတယ်။ ဒါပေမယ့် လီဂူးဝမ်း ထိပ်သီး ကလပ်က မေဆန် ဂရင်းဝုဒ်လို အရည်အသွေးမြင့် ကြယ်ပွင့် တစ်ဦးကို တိုက်စစ်ပိုင်း အတွက် ပြန်လည် ခေါ်ယူ အားဖြည့်လိုက်နိုင်သလို လက်ရှိမှာလည်း ပရီးမီးယားလိဂ်က ကစားသမားကောင်း နှစ်ဦးကို ထပ်မံ ခေါ်ယူဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဒါကြောင့် မာဆေးလ်ဟာ ရာသီသစ်မှာ လီဂူးဝမ်း ထိပ်သီး အသင်း တစ်သင်း အဖြစ် ပြန်လည် ရပ်တည်နိုင်ရေး အတွက် ကြိုးပမ်းနေတယ် ဆိုတာ ထင်သာ မြင်သာ ရှိနေပြီ ဖြစ်ပါတယ်။
လီဂူးဝမ်း ထိပ်တန်း အသင်း ဖြစ်လာရေး ပြန်လည် ကြိုးစားနေတဲ့ မာဆေးလ်

သတင်းတွေအရ ဆိုရင် မာဆေးလ်ဟာ ဂရင်းဝုဒ်နဲ့ အတူ တွဲဖက် ကစားဖို့ အတွက် အာဆင်နယ်ရဲ့ ကျောနံပါတ် ၁၄ တိုက်စစ်မှူး အန်ကတ်တီးယားကို ပစ်မှတ်ထားနေသလို ခေါ်ယူနိုင်ဖို့လည်း နီးစပ်နေပါတယ်။ တစ်ဖက်မှာ ကစားသမား ကိုယ်တိုင် ကလည်း မာဆေးလ်ရဲ့ အနာဂတ် ပလန် တွေကို စိတ်ဝင်စားနေတာကြောင့် အသင်းပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း မာဆေးလ်ဟာ အန်ကတ်တီးယားကို မခေါ်ယူနိုင်ခင်မှာ အသင်းဆီ ထပ်မံ ရောက်ရှိလာဖို့ ရှိတဲ့ ကစားသမား ကတော့ စပါး ကွင်းလယ်လူ ဟွိုက်ဘယက်ဂျ် ဖြစ်ပါတယ်။ မာဆေးလ်က ဒိန်းမတ် ဝါရင့် ကွင်းလယ်လူ ဟွိုက်ဘယက်ဂျ်ကို ယူရို ၁၃.၅ သန်းနဲ့ ခေါ်ယူသွားဖို့ ရှိနေပြီးတော့ ပုဂ္ဂိုလ်ရေးအရရော အသင်းနဲ့ပါ သဘောတူညီမှုလည်း ရရှိထားခဲ့ပြီး ဖြစ်ပါတယ်။ လီဂူးဝမ်း ကလပ်ဟာ ဟွိုက်ဘယက်ဂျ်ကို ဒီရက်ပိုင်း အတွင်းမှာ ခေါ်ယူနိုင်မှာ ဖြစ်ပြီး ဒီအပြောင်းအရွှေ့ ပြီးရင်တော့ အန်ကတ်တီးယာကို ခေါ်ယူဖို အရှိန်အဟုန်မြင့် ကြိုးပမ်းသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

မာဆေးလ် အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက လီဂူးဝမ်း မှာ အဆင့် ၈ နေရာမှာ ရပ်တည်ခဲ့ပြီး ရလဒ်တွေ ဆိုးရွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ မှာတော့ အပြောင်းအရွှေ့ များစွာ လုပ်ဆောင်ဖို့ ရှိနေပြီး ရာသီသစ်မှာ အောင်မြင်မှုတွေ ရရှိဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ မာဆေးလ်ဟာ လက်ရှိမှာ ဘရိုက်တန်နဲ့ လမ်းခွဲထားတဲ့ အရည်အသွေးမြင့် နည်းပြ ရောဘတ်တို ဒီဇာဘီ ကိုလည်း အသင်းရဲ့ နည်းပြသစ် အဖြစ် ပြောင်းလဲ ခန့်အပ်ထားခဲ့ပါတယ်။ မာဆေးလ်ဟာ အခု နွေရာသီမှာ ဈေးကွက်မှာ ဂွမ်ဒူဇီ၊ အော်ဘာမီယန်း၊ ဗစ်တင်ဟာ၊ အန်ဒီယာရီ တို့လို ကစားသမားတွေကို လက်လွှတ်ထားခဲ့ရပြီးတော့ ဂရင်းဝုဒ်၊ ကိုနေးနဲ့ ဘရက်ဆိုင်ယာတို့ ၃ ဦး ကိုတော့ ပြန်လည် ခေါ်ယူ အားဖြည့်ထားခဲ့ပါတယ်။

ဒါကြောင့် မာဆေးလ်ဟာ ရာသီသစ်မှာ လီဂူးဝမ်း ထိပ်သီး အသင်း တစ်သင်း အဖြစ် ပြန်လည် ရပ်တည်နိုင်ရေး အတွက် ကြိုးပမ်းနေတယ် ဆိုတာ ထင်သာ မြင်သာ ရှိနေပြီ ဖြစ်ပါတယ်။ သူတို့ မျှော်လင့်ထားတဲ့ အတိုင်း လုပ်ဆောင်နိုင်မလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်