ပြင်သစ် တိုက်စစ်မှူး ရန်ဒဲလ် ကိုလို မူအာနီ ကတော့ လီဂူးဝမ်း ကလပ် ပီအက်စ်ဂျီမှာ အဆင်မပြေ ဖြစ်နေပြီးတော့ လာမယ့် ဆောင်းရာသီ ဈေးကွက်မှာ အသင်း ပြောင်းရွှေ့ဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ပီအက်စ်ဂျီ ကနေ ထွက်ခွာနိုင်ချေ များနေတဲ့ သူ့ကိုတော့ ဥရောပ ထိပ်တန်း ကလပ် များစွာက အလိုရှိနေတယ်လို့ သိရပါတယ်။
ဒီအသင်းတွေထဲ မှာတော့ အခုနောက်ဆုံး အနေနဲ့ ပရီးမီးယားလိဂ် ထိပ်သီး လစ်ဗာပူးလ်လည်း ပါဝင်လာကြောင်း ဗြိတိန် မီဒီယာတွေက ဖော်ပြလျက် ရှိပါတယ်။ အသက် ၂၆ နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တောင်ပံ တိုက်စစ် ကစားသမား ကိုလို မူအာနီဟာ ၂၀၂၃ ခုနှစ် ကမှ ဖရန့်ဖတ် ကနေ ပီအက်စ်ဂျီကို ယူရို ၉၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ မူအာနီဟာ လက်ရှိမှာ ပီအက်စ်ဂျီ အတွက် လီဂူးဝမ်း အပါအဝင် ပြိုင်ပွဲစုံ ၅၄ ပွဲ အထိ ပါဝင်ကစားထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ ပီအက်စ်ဂျီရဲ့ တိုက်စစ်မှာ အူစမန်နီ ဒမ်ဘီလီ၊ ဂွန်ကာလို ရာမို့စ်၊ ဘာကိုလာ၊ မားကို့စ် အဆန်စီယို၊ လီကန်အင်၊ ဒူရေး တိုလို ကစားသမားတွေ ရှိနေတာကြောင့် မူအာနီ တစ်ယောက် ပုံမှန် ပွဲထွက်ခွင့်မရ ဖြစ်နေတာပါ။ ဒါ့အပြင် မူအာနီဟာ နည်းပြ လူးဝစ္စ အန်နရီကေး အကြိုက်တွေ့တဲ့ ကစားသမား မဟုတ်တာကြောင့် အသင်း ပြောင်းရွှေ့ရဖို့ သေချာသလောက် ရှိနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
ဒါ့အပြင် သတင်းတွေရဲ့ ဖော်ပြချက်အရ လီဂူးဝမ်း ထိပ်သီး တို့ဟာ တိုက်စစ်မှူးတွေ မှိုလိုပေါက်နေသည့် တိုင်အောင် နီကို ဝီလီယမ်စ်နဲ့ ဂျွန် ဒူရန် တို့ကိုပါ ထပ်မံ ပစ်မှတ်ထားနေပါသေးတယ်။ ဒါကြောင့် လက်ရှိ ကစားသမား အင်အားကို လျှော့ချသွားလိုပြီး မူအာနီကို ရောင်းထုတ်ဖို့ စဉ်းစားနေခဲ့တာ ဖြစ်ပါတယ်။
အစောပိုင်း သတင်းတွေ မှာတော့ ပီအက်စ်ဂျီက ရန်ဒဲလ် ကိုလို မူအာနီကို လာမယ့် ဆောင်းဈေးကွက် မှာပဲ အငှားချသွားဖို့ ရှိနေပြီး အငှားစာချုပ် အပြင် အပြီးသတ် ခေါ်ယူခွင့်ပါ ပါဝင်တဲ့ ကမ်းလှမ်းမှုမျိုးနဲ့ ကြိုးပမ်းလာမယ့် အသင်းကို ဦးစားပေး ရောင်းချသွားဖို့လည်း ရှိနေပါတယ်။ ဒါကြောင့် မူအာနီကို အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်၊ စပါး အပါအဝင် လိုက်ပ်ဇစ်နဲ့ ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ်တွေ ကလည်း ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ နာမည်ကျော် သတင်းထောက် ပလက်တန်ဘက်ချ် ကတော့ မူအာနီကို ခေါ်ယူချင်နေတဲ့ အသင်းတွေထဲမှာ လစ်ဗာပူးလ် လည်း ပါဝင်နေပြီး အခြေအနေတွေကို စုံစမ်းနေတယ်လို့ သိရပါတယ်။
လစ်ဗာပူးလ် ကတော့ ဒီရာသီမှာ တိုက်စစ်က တော်တော်လေး အားကောင်းနေပြီးတော့ ပြိုင်ပွဲစုံ သွင်းဂိုး ၆၀ ကျော် ရရှိထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဓိက တောင်ပံ တိုက်စစ် ကစားသမား ဖြစ်တဲ့ မိုဟာမက် ဆာလာကို သက်တမ်း မတိုးနိုင်သေးသလို ဒါဝင် နူညက်ဇ် ကလည်း ပုံမှန် ဂိုးသွင်း ခြေစွမ်း မရှိတာကြောင့် တိုက်စစ်မှူးသစ် တစ်ဦး ထပ်မံ ခေါ်ယူ အားဖြည့်ချင်နေတာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ ပရီးမီးယားလိဂ် ပြိုင်ဘက် ဘရိုက်တန် တိုက်စစ်မှူး ယာအို ပီဒရို ကိုလည်း ပစ်မှတ်ထားနေပါသေးတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.