ခရစ္စတယ်ပဲလေ့စ် vs လစ်ဗာပူးလ်
လစ်ဗာပူးလ်တို့လက်တလောပရီးမီးယားလိဂ်မှာ၁၃ပွဲကစား၊၈ပွဲနိုင်၊၄ပွဲသရေ၊၁ပွဲရှုံးနိမ့်ပြီးရမှတ်၂၈မှတ်နဲ့အဆင့်၁နေရာကနေရာမှာရပ်တည်နေပါတယ်။ခရစ္စတယ်ပဲလေ့စ် vs လစ်ဗာပူးလ်
အခုတစ်ခါမှာတော့ဒီဇင်ဘာလ၁၉ရက်နေ့ညနေပိုင်းမှာကစားမယ့်ပွဲကောင်းတွေထဲကခရစ္စတယ်ပဲလေ့စ်နဲ့လစ်ဗာပူးလ်တို့ရဲ့ပရီးမီးယားလိဂ်ပွဲစဉ်ကို SBOTOP ပရိသတ်တွေအတွက်ပွဲကြိုခန့်မှန်းသုံးသပ်ပေးချင်ပါတယ်။ပြီးခဲ့တဲ့ပွဲစဉ်မှာတော့တင်ဟမ်ဟော့စပါးကိုအနိုင်ယူပြီးအမှတ်ပေးဇယားထိပ်ပိုင်းကိုပြန်လည်တက်လှမ်းလာတဲ့လစ်ဗာပူးလ်တို့အဝေးကွင်းမှာသွားရောက်ကစားရမှာဖြစ်ပေမယ့်ခြေစွမ်းအတက်အကျမမှန်တဲ့ခရစ္စတယ်ပဲလေ့စ်ကိုအနိုင်ကစားဖို့ကြိုးပမ်းလာမှာဖြစ်တာကြောင့်ကျိန်းသေပေါက်ကြည့်ကောင်းလာဦးမှာပါ။
ခရစ္စတယ်ပဲလေ့စ်တို့ဒီရာသီမှာခြေစွမ်းမဆိုးလှဘူးဆိုပေမယ့်နိုင်ပွဲထက်ရှုံးပွဲနဲ့သရေပွဲတွေများနေပြီးနောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်၂ပွဲမှာသရေ၂ပွဲဆက်ကျထားခဲ့ပါတယ်။ကစားပုံမာကျောတယ်ဆိုပေမယ့်အသင်းကြီးတွေနဲ့တွေ့ရင်ပဲလေ့စ်တို့ရုံးကန်ခဲ့ရတာတွေ့ရပြီးမန်ချက်စတာယူနိုက်တက်တစ်သင်းတည်းကိုအနိုင်ရထားခဲ့တာကလွဲရင်အဲဗာတန်၊ချဲလ်ဆီး၊ဝုဗ်တို့လိုအသင်းတွေကိုရှုံးနိမ့်ပြီးတော့တင်ဟမ်ဟော့စပါးကိုတော့သရေကျထားခဲ့ပါတယ်။လက်ရှိအသင်းမှာတောင်ဆန်၊ဇာဟာ၊မီလီဗိုဂျီဗစ်၊ဘတ်ရှူဝါရီ၊အေရူး၊ကိုရိတ်၊ဗန်အန်းဟော့တ်တို့လိုကစားသမားကောင်းတွေရှိနေလို့လစ်ဗာပူးလ်ကိုအိမ်ကွင်းမှာအတောင့်တင်းဆုံးလူစာရင်းနဲ့ဧည့်ခံသွားဖို့ရှိနေပါတယ်။ခရစ္စတယ်ပဲလေ့စ်တို့လက်ရှိပရီးမီးယားလိဂ်မှာ၁၃ပွဲကစား၊၅ပွဲနိုင်၊၃ပွဲသရေ၊၅ပွဲရှုံးနိမ့်ပြီးရမှတ်၁၈မှတ်နဲ့အဆင့်၁၂နေရာမှာရပ်တည်နေခဲ့ပါတယ်။နောက်ဆုံး၅ပွဲရလဒ်ကိုကြည့်မယ်ဆိုရင်၁ပွဲနိုင်၊၂ပွဲသရေကျပြီး၂ပွဲရှုံးနိမ့်ထားပါတယ်။အိမ်ကွင်းစွမ်းဆောင်ရည်ကိုကြည့်မယ်ဆိုရင်တော့၆ပွဲကစားရာမှာ၂ပွဲနိုင်၊၂ပွဲသရေ၊၂ပွဲရှုံးရလဒ်ကိုပိုင်ဆိုင်ထားပါတယ်။နောက်ဆုံး၅ပွဲမှာတိုက်စစ်ကတစ်ပွဲပျမ်းမျှ၁ဂိုးနှုန်းသွင်းယူထားနိုင်ခဲ့ပေမယ့်ခံစစ်ကတော့တစ်ပွဲကို၃ဂိုးနှုန်းလောက်ပြန်ပေးထားခဲ့ရပါတယ်။
လစ်ဗာပူးလ်တို့ဒီရာသီအစမှာခြေစွမ်းမတည်ငြိမ်ခဲ့ပေမယ့်နောက်ပိုင်းပွဲစဉ်တွေမှာတော့ရလဒ်တွေပြန်ကောင်းနေပါတယ်။ပြီးခဲ့တဲ့ပွဲစဉ်တချို့မှာအဓိကကစားသမားတွေရဲ့ဒဏ်ရာပြသနာတွေကြောင့်ရမှတ်ဆုံးရှုံးမှုတွေရှိခဲ့ပေမယ့်နောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာဆိုရင်လစ်ဗာပူးလ်တို့တော့တင်ဟမ်ဟော့စပါးလိုတောင့်တင်းလှပါတယ်ဆိုတဲ့အသင်းတစ်သင်းကိုအပြတ်အသတ်အသာရခဲ့တာတွေ့ရပြီးအနိုင်လည်းရခဲ့ပါတယ်။လစ်ဗာပူးလ်တို့လက်တလောပရီးမီးယားလိဂ်မှာ၁၃ပွဲကစား၊၈ပွဲနိုင်၊၄ပွဲသရေ၊၁ပွဲရှုံးနိမ့်ပြီးရမှတ်၂၈မှတ်နဲ့အဆင့်၁နေရာကနေရာမှာရပ်တည်နေပါတယ်။နောက်ဆုံး၅ပွဲရလဒ်ကိုကြည့်မယ်ဆိုရင်၃ပွဲနိုင်၊၂ပွဲသရေကျထားပြီးရှုံးပွဲလုံးဝမရှိတာတွေ့ရပါတယ်။အဝေးကွင်းစွမ်းဆောင်ရည်ကိုကြည့်မယ်ဆိုရင်တော့သိပ်ပြီးအားရစရာမရှိပဲ၆ပွဲကစားရာမှာ၁ပွဲနိုင်၊၄ပွဲသရေ၊၁ပွဲရှံးနိမ့်ထားပါတယ်။နောက်ဆုံး၅ပွဲမှာတိုက်စစ်ကတစ်ပွဲပျမ်းမျှ၂ဂိုးနှုန်းသွင်းယူထားနိုင်ခဲ့ပြီးပေးဂိုးကတော့မရှိသလောက်ပါပဲ။
အခုပွဲမှာခရစ္စတယ်ပဲလေ့စ်တိုက်စစ်မှူးဇာဟာကိုစောင့်ကြည့်ရဖို့ရှိနေပါတယ်။ဇာဟာကတော့ပရီးမီးယားလိဂ်မှာ၁၁ပွဲကစား၇ဂိုးသွင်းပြီး၂ဂိုးဖန်တီးပေးထားခဲ့ပါတယ်။လစ်ဗာပူးလ်အသင်းရဲ့စောင့်ကြည့်ရမယ့်ကစားသမားကတော့မိုဟာမက်ဆာလာဖြစ်ပြီးဆာလာကတော့၁၂ပွဲကစားပြီး၁၁ဂိုးသွင်းယူထားကာ၂ဂိုးဖန်တီးပေးထားခဲ့ပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့သမိုင်းကြောင်း
ခရစ္စတယ်ပဲလေ့စ်နဲ့လစ်ဗာပူးလ်တို့ရဲ့ထိပ်တိုက်တွေ့ဆုံမှု၅၆ကြိမ်မှာလစ်ဗာပူးလ်က၃၁ကြိမ်အနိုင်ရပြီးခရစ္စတယ်ပဲလေ့စ်ကတော့၁၄ကြိမ်အနိုင်ရထားပါတယ်။၁၁ကြိမ်ကတော့သရေကျထားခဲ့ပါတယ်။ပြီးခဲ့တဲ့ရာသီကထိပ်တိုက်တွေ့ဆုံမှုနောက်ဆုံး၂ကြိမ်မှာလစ်ဗာပူးလ်ကနှစ်ကျော့စလုံးအနိုင်ရထားခဲ့ပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်များ
ခရစ္စတယ်ပဲလေ့စ် vs လစ်ဗာပူးလ် | 1X2 လစ်ဗာပူးလ် @ ၁.၅၂ဆ | |
ဒီဇင်ဘာလ၁၉ရက်, ည၇:၀၀နာရီ (GMT + ၆:၃၀) |
1X2 ရဲ့ပေါက်ကြေးအရအိမ်ရှင်အသင်းအတွက်၆.၂၀ဆနဲ့ဧည့်သည်အသင်းအတွက်၁.၅၂ဆကြေးဖွင့်ပြီးသရေအတွက်၃.၉၅ဆကြေးဖွင့်ထားတာတွေ့ရပါတယ်။ဒီဇင်ဘာပွဲကြပ်ကာလမှာအသင်းအားလုံးပွဲဆက်တွေတောက်လျောက်ကစားထားရလို့ပင်ပန်းနေနိုင်ပြီးမထင်မှတ်တဲ့ရလဒ်တွေထွက်ပေါ်တတ်ပါတယ်။တစ်ချက်ရှိတာကလစ်ဗာပူးလ်တို့တိုက်စစ်ကမိုဆာလာ၊ဖေမီနို၊ဆာဒီယိုမာနေးတို့အရင်လိုပုံစံကောင်းပြန်ရနေပြီးဖာဘင်ဟို၊မက်တစ်ပ်တို့ခံစစ်အတွဲကလည်းတဖြေးဖြေးငြိမ်လာခဲ့လို့လစ်ဗာပူးလ်တို့ရလဒ်ကောင်းနေတာဖြစ်ပါတယ်။အခုပွဲမှာလည်းအဝေးကွင်းမှာလာကစားရတဲ့လစ်ဗာပူးလ်တို့တတ်နိုင်သလောက်ရမှတ်ယူမှာဖြစ်လို့ကြိုးကြာနီတွေဘက်မှာရပ်တည်တာမမှားပါဘူး။လစ်ဗာပူးလ်တို့၁-၂လောက်နဲ့ကပ်နိုင်သွားမယ်ထင်ပါတယ်။
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.