နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ဆုံးရ စီးရီးအေ‌ အပြောင်းအရွှေ့သတင်းများ

အခုတစ်ခါမှာတော့ စီးရီးအေကလပ်အသင်းတွေရဲ့ နောက်ဆုံးရအပြောင်းအရွှေ့သတင်းတွေနဲ့   ပတ်သတ်ပြီး SBOTOPရဲ့ ဘောလုံးဝါသနာရှင်တွေအတွက် ‌ဖော်ပြပေးချင်ပါတယ်။

စပိန်ကလာတဲ့ သတင်းတွေအရဆိုရင် လူးဝစ်ဆွာရက်ဇ်ဟာ အခုနှစ်နွေရာသီ အပြောင်းအရွှေ့မှာ  စီးရီးအေ ချန်ပီယံ ဂျူဗင်တပ်စ်အသင်းဆီကို လုံးဝပြောင်းရွှေ့နိုင်‌တော့မှာ မဟုတ်ဘူးလို့သိရပါတယ်။ ပြီးခဲ့တဲ့ လကုန်လောက်ကတည်းက တူရင်အခြေစိုက်ကလပ်ဘက်က ဆွာရက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်း‌နေခဲ့ပေမယ့် ကစားသမားအနေနဲ့ အီတလီမှာနေထိုင်ခွင့် ပက်စ်ပို့တ်အပိုင်းမှာ အခက်အခဲရှိနေလို့ အပြောင်းအရွှေ့ပျက်ပြယ်သွားဖို့သေချာသလောက်ရှိနေပါတယ်။ ဆွာရက်ဇ်အနေနဲ့ နိုင်ငံသားပတ်စ်ပို့ နှစ်ခုကိုင်ဆောင်ခွင့်ရရှိရေး အပိုင်းမှာ ကြံ့ကြာနေခဲ့တာဖြစ်ပြီး လာမယ့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွေမစတင်မှီ အချိန်ထိ အဆင်ပြေနိုင်မှာမဟုတ်တာ‌ကြောင့် လက်လျှော့ရဖို့  သတင်းတွေကဖော်ပြပါတယ်။ ဒါပေမယ့် ဆွာရက်ဇ်အနေနဲ့ ဘာစီလိုနာကနေလုံးဝမထွက်ခွာဘူးလို့ ဆိုလိုတာမဟုတ်ပဲ တခြားနည်းလမ်းတွေနဲ့တော့ ကတ်တာလန်မြေကနေထွက်ခွာဖို့ လိုလားနေသေးတယ်လို့သိရပါတယ်။

 
အသင်းရဲ့ ဂန္တဝင် ကစားသမား ပီယာလိုဟာ ဂျူဗင်တပ်စ်ကို ပြန်လည်တည်ဆောက်ဖို့ ပြင်ဆင်နေပြီး အသင်းရဲ့ အနာဂတ်စီမံကိန်းမှာ မပါဝင်တော့တဲ့ ကစားသမားတွေကို ထွက်ခွာခွင့် ပေးထားသလို တစ်ဖက်မှာလည်းအရည်အသွေးမြင့် တိုက်စစ်မှူး တစ်ဦး‌ မဖြစ်မနေခေါ်ယူဖို့ကြိုးပမ်းနေခဲ့ပါတယ်။ လက်တလောမှာတော့ အသက် ၃၄နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူး ဟီဂွာအင်ကို စာချုပ်ဖျက်သိမ်းထားပြီး အသင်းရဲ့ ခံစစ်မှူး မက်တီယာဒီဆီဂလီရို ကိုလည်း ရိုးမားအသင်းထံရောင်းချဖို့ သဘောတူညီမှုရခဲ့ပြီလို့သိရပါတယ်။ ဒီအပြောင်းအရွှေ့ကတော့ ရိုးမားနဲ့ ဂျူဗင်တပ်စ်တို့အကြား ကောင်းမွန်တဲ့ ဆက်‌ဆံရေး ဖြစ်လာနိုင်ပြီး ဂျူဗင်တပ်စ်ဘက်က ဒီဂျက်ကို ခေါ်ယူနိုင်ရေးအတွက်လည်း အခြေအနေကောင်းသွားစေတယ်လို့ နာမည်ကြီး အားကစားသတင်းထောက် ဖေဘရီစီယို ရိုမန်နိုက သုံးသပ်ထားပါတယ်။

နောက်ထပ်သတင်းတစ်ပုဒ်မှာတော့ အူးဒီးနီးစ်အသင်းရဲ့ကွင်းလယ်ဖန်တီးရှင် ရိုဒရီဂိုဒီပေါလ်ကို ပရီးမီးယားလိဂ်ကလပ် လိဒ်စ်ယူနိုက်တက်အသင်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ဘူးလို့သိရပါတယ်။ မကြာသေးခင်က ရုရှားကလပ်ဇင်းနစ်ရဲ့ ပေါင်၃၅သန်းနဲ့ကမ်းလှမ်းချက်ကို ပယ်ချထားခဲ့တဲ့ အူးဒီးနီးစ်ကတော့ စီးရီးအေ အသင်းတစ်သင်းဆီကိုပဲ ရောင်းချဖို့လိုလားနေတယ်လို့သိရပါတယ်။ ရိုဒရီဂိုအတွက် ပေါင်သန်း ၄၀ လောက်အလိုရှိနေတဲ့ အူဒီးနီးစ် တာဝန်ရှိသူတွေကတော့ မီလန်မြို့ခံပြိုင်ဘက် အသင်းနှစ်သင်းနဲ့ ဂျူဗင်တပ်စ်အသင်းဆီပဲ ရောင်းချချင်နေတာလည်း ဖြစ်ပါတယ်။ ကစားသမားအလိုက်ပေးတဲ့ပုံစံအပြင် သဘောကျတဲ့ကစားသမားကို လျှော့ဈေးနဲ့ရနိုင်တဲ့ အခွင့်အရေးတွေရှိနေလို့ စီးရီးအေ ကလပ်အချင်းချင်းရောင်းချဖို့ကို ပိုပြီးစိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

စီးရီးအေကလပ်အချင်းချင်းရောင်းချဖို့ကို ပိုပြီးစိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
ရိုဒရီဂိုအတွက် ပေါင်သန်း ၄၀ လောက်အလိုရှိနေတဲ့ အူဒီးနီးစ်

အဲ့နောက်မှာ‌တော့ ရိုးမား အနေနဲ့ အသက် ၂၃နှစ်အရွယ် တူရကီတောင်ပံကစားသမား ဆင်းဂစ်ဇ် ကို လက်စတာစီးတီးအသင်းဆီ တစ်ရာသီအငှားနဲ့ စေလွှတ်ပြီး ရာသီအကုန်မှာ အပြီးသတ်ရောင်းချသွားဖို့ရှိနေပါတယ်။ ဆင်းဂစ်ဇ်ဟာ ရိုးမားအသင်းမှာ ၂၀၁၇ခုနှစ်ကတည်းကစတင်ကစားခဲ့ပြီး ၈၈ပွဲကစား ၁၇ဂိုးသွင်းယူပေးထားခဲ့ပါတယ်။ လက်စတာစီးတီးအနေနဲ့ ဆင်းဂစ်ဇ်ကို ခေါ်ယူနိုင်ဖို့နီးစပ်‌နေပြီဖြစ်လို့ အစောပိုင်း အတ်တလန်တာအသင်းက ခေါ်ယူခဲ့တဲ့ တင်မိုသီကတ်စတန်ဂီ ပြီးရင် ဒုတိယမြောက်အသင်းကိုရောက်ရှိလာမယ့် စီးရီးအေ ကစားသမား ဖြစ်လာမှာပါ။ားခဲ့ပြီး ၈၈ပွဲကစား ၁၇ဂိုးသွင်းယူပေးထားခဲ့ပါတယ်။ လက်စတာစီးတီးအနေနဲ့ ဆင်းဂစ်ဇ်ကို ခေါ်ယူနိုင်ဖို့နီးစပ်‌နေပြီဖြစ်လို့ အစောပိုင်း အတ်တလန်တာအသင်းက ခေါ်ယူခဲ့တဲ့ တင်မိုသီကတ်စတန်ဂီ ပြီးရင် ဒုတိယမြောက်အသင်းကိုရောက်ရှိလာမယ့် စီးရီးအေ ကစားသမား ဖြစ်လာမှာပါ။

ဂျီနိုအာအသင်းဟာ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့နောက်ခံလူ ဒန်နီရိုစ့်ကို ခေါ်ယူဖို့ကြိုးပမ်းနေပါတယ်။ ပြီးခဲ့တဲ့ရာသီက စီးရီးအေမှာ တန်းဆင်းရဖို့ထိနီးစပ်ခဲ့တဲ့ ဂျီနိုအာအသင်းကတော့အသင်းကို ပြင်ဆင်တဲ့ အနေနဲ့ ခံစစ်ကစားသမားကောင်းတစ်ဦး ရှာဖွေနေတာလည်း ဖြစ်ပါတယ်။ ရိုစ့်ကတော့ တော့တင်ဟမ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပြီး အသင်းကနေထွက်ခွာဖို့ တရားဝင်ထုတ်ဖော်ပြောကြားထားခဲ့ပါတယ်။ မြောက်လန်ဒန်ကလပ်အတွက် ၁၃ နှစ်ကြာကစားပေးခဲ့ပြီး ပြီးခဲ့တဲ့ရာသီက နယူးကာဆယ်အသင်းကို အငှားနဲ့ သွားရောက်ကစားပြီး စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်ဆဲ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်