နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ငွေနောက်မလိုက်ပဲ အောင်မြင်မှုနောက်ပဲ ဆက်လိုက်မယ့် ဗင်နီးစီးယပ်စ် | လာလီဂါ

လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ရဲ့ ဘရာဇီးလ် တောင်ပံ တိုက်စစ်ကစားသမား ဗင်နီးစီးယပ်စ် ဂျူနီယာ ကတော့ ဆော်ဒီပရိုလိဂ် ကလပ် အယ်လ်အာလီရဲ့ ယူရို ၁ ဘီလီယံတန် ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ အသက် ၂၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဗင်နီးစီးယပ်စ် ဂျူနီယာက ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အဓိက မရှိမဖြစ် ကစားသမား တစ်ဦး အဖြစ် ခြေစွမ်းပြနေသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်းကို ပြင်သစ် တိုက်စစ် ကြယ်ပွင့် ကီလီယန် အမ်ဘာပေး ရောက်ရှိလာခြင်း အပြင် စပိန် ပရိသတ်တွေရဲ့ မကြာခဏ ဆိုသလို လူမျိုးရေး ခွဲခြားမှုတွေကြောင့် အသင်း ပြောင်းရွှေ့ဖွယ်ရှိတယ် ဆိုပြီး သတင်းတွေ ထွက်နေသူ ဖြစ်ပါတယ်။ 

ဒီအခြေအနေကို စောင့်ကြည့်နေခဲ့တဲ့ အရှေ့အလယ်ပိုင်း ကလပ် အဲလ်အာလီက ဗင်နီကို ၅ နှစ် စာချုပ် အတွက် ယူရို ၁ ဘီလီယံ အကုန်အကျခံကာ ကမ်းလှမ်းဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ အဲလ်အာလီဟာ ဗင်နီးစီးယပ်စ်ကို တစ်နှစ် လုပ်ခလစာ ယူရို သန်း ၂၀၀ နှုန်းနဲ့ ၅ နှစ် စာချုပ်ချုပ်ဆိုဖို့ အတွက် ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး ဆော်ဒီ နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခွင့်ရဖို့ သေချာသလောက် ရှိနေတဲ့ ၂၀၃၄ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ သံတမန် တစ်ဦး အဖြစ် ခန့်အပ်သွားဖို့လည်း ရည်ရွယ်ထားခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်နဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ် သက်တမ်း ကျန်ရှိနေသးတဲ့ ဗင်နီးစီးယပ်စ်က အဆိုပါ ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချသွားခဲ့တာလည်း ဖြစ်ပါတယ်။ ဗင်နီးစီးယပ်စ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ယူရို ၁ ဘီလီယံတန် လျော်ကြေး စာချုပ် ချုပ်ဆိုထားသူ ဖြစ်ပါတယ်။ ဒါ့အပြင် လာလီဂါ ကလပ် ကလည်း သူတို့ရဲ့ အဖိုးတန် ကစားသမားကို အလွယ်တကူ ထွက်ခွာခွင့်ပြုသွားဖွယ်တော့ မရှိပါဘူး။

သတင်းတွေ အရ ဆိုရင် ဗင်နီးစီးယပ်စ်ဟာ အခုနှစ် ဘယ်လွန်ဒေါဆု ရယူနိုင်ဖို့ မျှော်မှန်းထားလျက် ရှိပြီး ရီးရဲလ်မက်ဒရစ် အသင်းမှာပဲ ဆက်လက် ယှဉ်ပြိုင်ကစားသွားဖို့ ဆန္ဒရှိနေတယ်လို့လည်း သိရပါတယ်။ ဘရာဇီးလ်သားဟာ ၂၀၁၈ ခုနှစ်မှာ ဘရာဇီးလ် ကလပ် ဖလာမင်ဂို ကနေ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် ဒုတိယ အသင်းမှာ ဖြတ်သန်းခဲ့ပြီးနောက် အချိန်တိုတွင်း စီနီယာ အသင်းကြီး အတွက် ပါဝင်ကစားခွင့်ရခဲ့သူ ဖြစ်ပါတယ်။ ဗင်နီဟာ ရီးရဲလ်မက်ဒရစ် အတွက် ၆ ရာသီ အတွင်း ပွဲပေါင်း ၂၆၄ ပွဲ ကစားကာ ၈၄ ဂိုး သွင်းယူပေးထားပါတယ်။ ဒီကစားသမားဟာ ရီးရဲလ်မက်ဒရစ်နဲ့ အစပိုင်း ၃ ရာသီဆက် ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်း ၃ ရာသီ မှာတော့ တစ်ရာသီကို အနည်းဆုံး ဂိုး ၂၀ ကျော် သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှုတွေလည်း ပြုလုပ်ပေးထားနိုင်သူ ဖြစ်ပါတယ်။

ဒါ့အပြင် ရီးရဲလ်မက်ဒရစ်နဲ့ အတူ ချန်ပီယံလိဂ် ဖလား ၂ ကြိမ်၊ လာလီဂါ ဖလား ၃ ကြိမ်၊ ကိုပါဒယ်ရေးဖလား ၁ ကြိမ်၊ စူပါဖလား ၃ ကြိမ်၊ ဥရောပစူပါဖလား ၁ ကြိမ်၊ ကလပ် ကမ္ဘာ့ဖလား ၂ ကြိမ်နဲ့ အခြားသော ဆုတံဆိပ် အောင်မြင်မှုတွေ ရရှိထားသူ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်