နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါရဲ့ စျေးကွက် တန်ကြေး အမြင့်ဆုံး ကစားသမား ဖြစ်လာခဲ့တဲ့ ဗင်နီးစီးယပ်စ် | လာလီဂါ

နာမည်ကျော် ဘောလုံးစျေးကွက် ဝက်ဘ်ဆိုက်ဒ် တစ်ခု ဖြစ်တဲ့ Transfermarkt ရဲ့ ဖော်ပြချက်အရ ၂၀၂၄-၂၅ ရာသီ လာလီဂါရဲ့ စျေးကွက် တန်ကြေး အမြင့်ဆုံး ကစားသမား စာရင်းမှာ ဗင်နီးစီးယပ်စ် ဂျူနီယာက ထိပ်ဆုံးက ဦးဆောင်နေတယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့ ဘရာဇီးလ် ကြယ်ပွင့် တိုက်စစ်မှူး ဗင်နီးစီးယပ်စ်ဟာ စျေးကွက် တန်ကြေး ယူရို သန်း ၂၀၀ အထိ ရှိနေပြီး အသင်းဖော် ပြင်သစ် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေး (ယူရိုသန်း ၁၈၀) ကို ကျော်ဖြတ်ပြီး ထိပ်ဆုံးမှာ ရပ်တည်နေခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် လာလီဂါရဲ့ စျေးကွက် တန်ကြေး အမြင့်ဆုံး ကစားသမား ထိပ်ဆုံး (၁၀) ဦး စာရင်းမှာ စပိန် ထိပ်သီး နှစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်က ၇ ဦးနဲ့ ဘာစီလိုနာက ၃ ဦး ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။ Transfermarkt ကတော့ ကစားသမားတွေရဲ့ အသက်အရွယ်၊ အောင်မြင်မှု၊ ခြေစွမ်း၊ ပုံရိပ် မြင့်မားမှု၊ ကိုယ်စားပြုတဲ့ ကလပ်၊ လက်ရွေးစင်အသင်း၊ စာချုပ်သက်တမ်းနဲ့ ကျော်ကြားမှု တို့ကို ချိန်ထိုး တွက်ချက်ကာ စျေးကွက် တန်ကြေးတွေကို တွက်ချက် ဖော်ပြလျက်ရှိပါတယ်။ ပြီးခဲ့တဲ့ ရာသီက ရီးရဲလ်မက်ဒရစ်နဲ့ အောင်မြင်မှု များစွာ ရယူနိုင်ခဲ့တဲ့ ဗင်နီးစီးယပ်စ်က လာလီဂါ စျေးအကြီးဆုံး ကစားသမား အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ 

ဗင်နီးစီးယပ်စ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်းက စျေးကွက် တန်ကြေး ယူရို သန်း (၁၈၀) ရှိခဲ့ပေမယ့်လည်း တစ်လနီးပါး ကာလ အတွင်း တန်ကြေး ယူရိုသန်း ၂၀၀ အထိ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ကီလီယန် အမ်ဘာပေး နဲ့ အာလင်း ဟာလန်း တို့ရဲ့ အနောက် ဘောလုံးသမိုင်းတစ်လျှောက် စျေးကွက် တန်ကြေး ယူရိုသန်း (၂၀၀) ပြည့်တဲ့ တတိယမြောက် ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။ 

ဗင်နီးစီးယပ်စ်ရဲ့ အနောက် ဒုတိယ နေရာမှာ ရီးရဲလ်မက်ဒရစ် ကစားသမားတွေ ဖြစ်တဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ ဂျူ့ဒ် ဘယ်လင်ဂမ် (၂၁ နှစ်)နဲ့ ပြင်သစ် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေး (၂၅ နှစ်) တို့က စျေးကွက် တန်ကြေး ယူရိုသန်း (၁၈၀)စီနဲ့ ရပ်တည်နေခဲ့ပြီးတော့ စတုတ္ထနေရာမှာတော့ ဘာစီလိုနာရဲ့ စပိန် ကြယ်ပွင့် တောင်ပံကစားသမား လမိုင်း ယာမယ် (၁၇ နှစ်) က တန်ကြေး ယူရိုသန်း (၁၅၀)နဲ့ ရပ်တည်လျက် ရှိကြောင်း သိရပါတယ်။

လမိုင်း ယာမယ် ကတော့ ဗင်နီးစီးယပ်စ် လိုပဲ စျေးကွက်တန်ကြေး ယူရိုသန်း ၃၀ တိုးမြင့်လာခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ လ အတွင်းက တန်ကြေး သန်း (၁၂၀) ကနေ သန်း (၁၅၀)သို့ တိုးမြင့်လာခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဗင်နီးစီးယပ်စ်နဲ့ လမိုင်း ယာမယ် တို့ဟာ စျေးကွက် တန်ကြေး အမြင့်တက်ဆုံး လာလီဂါ ကစားသမားတွေ အဖြစ် ရပ်တည်နိုင်ခဲ့သလို၊ ဘရာဇီးလ် ဘောလုံး သမိုင်းနဲ့ စပိန်ဘောလုံး သမိုင်းတစ်လျှောက် စျေးကွက် တန်ကြေး အကြီးမားဆုံး ကစားသမားတွေ အဖြစ် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ကြောင်း သိရသည်။ ဗင်နီးစီးယပ်စ်ဟာ နေမာ (၂၀၁၈ ယူရို သန်း ၁၈၀) ကို ကျော်ဖြတ်ခဲ့ခြင်း ဖြစ်ပြီး ယာမယ် ကတော့ ၀ါရင့် ကွင်းလယ်လူ ရိုဒရီ (၂၀၂၄ ယူရို သန်း ၁၃၀) ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ 

လာလီဂါရဲ့ စျေးကွက်တန်ကြေး အမြင့်ဆုံး ကစားသမား စာရင်းရဲ့ အဆင့် (၁၁) နေရာမှာတော့ အက်တလက်တီကိုမက်ဒရစ်ရဲ့ အာဂျင်တီးနား ကြယ်ပွင့် တိုက်စစ်မှူး ဂျူလီယန် အယ်လ်ဗာရက်ဇ်က ယူရို ၇၅ သန်း နဲ့ ရပ်တည်နေပြီး မန်စီးတီးတွင် ရှိနေစဉ်ကထက် တန်ကြေး ယူရို (၁၅) သန်း လျှော့ချ သတ်မှတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်