နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ | လာလီဂါ

အခုတစ်ခါ မှာတော့ ဒီကနေ့ ညနေ့ပိုင်း အထိ ရရှိထားသမျှ လာလီဂါ ထိပ်သီး ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ယူနိုက်တက်ဆီ ပြန်လာခွင့်ရဖို့ အမြဲတမ်း မျှော်လင့်နေတဲ့ ဒီပိုင်း

လာလီဂါ ကလပ် ဘာစီလိုနာမှာ ကစားနေတဲ့ နယ်သာလန် တောင်ပံ တိုက်စစ် ကစားသမား မမ်းဖစ် ဒီပိုင်း ကတော့ အသင်းဟောင်း ယူနိုက်တက်မှာ ပြန်ကစားခွင့်ရဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ ယူနိုက်တက်တို့ ဒီပိုင်းကို နည်းပြ ဗန်ဟားလ် လက်ထက်မှာ ခေါ်ယူခဲ့ဖူးပြီး ခြေစွမ်း မပြနိုင်တာကြောင့် ပြင်သစ် ကလပ် လီယွန်ကို အငှားချခဲ့ပြီး နောက်ပိုင်းမှာတော့ အပြီးသတ် ရောင်းထုတ်လိုက်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ 

လီယွန်မှာ ခြေစွမ်းကောင်းတွေ ပြန်ရခဲ့တဲ့ နယ်သာလန် လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ ရာသီက ဘာစီလိုနာရဲ့ ခေါ်ယူခြင်း ခံခဲ့ရပေမယ့် လက်ရှိ မှာတော့ လီဝမ်ဒေါစကီး ရောက်ရှိလာတာကြောင့် ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးရဖို့ ရှိနေသူ ဖြစ်ပါတယ်။ 

ဘဏ္ဍာရေး ပြသနာတွေ ရှိနေတဲ့ ဘာစီလိုနာ ကလည်း ဒီပိုင်းကို ရောင်းထုတ်ဖို့ စဉ်းစားနေပြီး သင့်တော်တဲ့ ကမ်းလှမ်းမှု ရရင် လက်ခံသွားဖို့ အသင့် ဖြစ်နေတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ ဒီပိုင်းဟာ ကွန်တီရဲ့ အသင်းကို ပေါင် ၁၇ သန်းနဲ့‌ ပြောင်းရွှေ့ဖို့ နီးစပ်နေကြောင်း သတင်းတွေ ထွက်နေခဲ့သူ ဖြစ်ပါတယ်။ အခု လက်ရှိ မှာတော့ ဒီပိုင်း အနေနဲ့ အသင်းဟောင်း ယူနိုက်တက် ဆီကိုသာ ပြန်သွားချင်နေကြောင်း ဖွင့်ဟလာခဲ့ပြီး သူ့အနေနဲ့ အိုးထရက်ဖို့ဒ်မှာ မအောင်မြင်ခဲ့တဲ့ ဇာတ်လမ်းကို ပြန်ပြီး ဖာထေးဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ 

မန်ချက်စတာယူနိုက်တက် ပရိသတ် အများစု ကတော့ ဒီပိုင်းကို ပြန်လည် ခေါ်ယူပေးဖို့ တောင်းဆိုထားပြီး အသင်း ဘက်ကလည်း မကြာခင်မှာ နယ်သာလန် တိုက်စစ်မှူး အတွက် ကမ်းလှမ်းမှုတွေ စတင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ရော်နယ်ဒို ကလည်း အသင်းက ထွက်ခွာဖို့ပဲ မရမက တောင်းဆိုနေတာကြောင့် ယူနိုက်တက်တို့ ထိပ်တန်း အဆင့် ခြေစွမ်းရှိတဲ့ တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ ခေါ်ယူ အားဖြည့်သင့်တယ်လို့ ယူဆနေကြတာ ဖြစ်ပါတယ်။

လာလီဂါ
ဘာစီလိုနာ
ဗယ်လက်ကာနို
1X2 သရေ (Draw) @ 5.40
ဂိုးပေါ် 3.00 @ 1.98
ဂိုးပေါင်း 0-1 @ 4.70
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ရော်နယ်ဒိုကို မလိုချင်ရတဲ့ အကြောင်းရင်းကို ရှင်းပြလာတဲ့ အေတီကို ဥက္ကဌ

အသင်းမှာ အံ့အားသင့်စရာ လူစာရင်းကို ပိုင်ဆိုင်ထားပြီးပြီ ဖြစ်တာကြောင့် ရော်နယ်ဒိုကို မလိုအပ်ဘူးလို့ လာလီဂါ ထိပ်သီး အက်တလက်တီကိုမက်ဒရစ်ရဲ့ ဥက္ကဌ အင်းနရစ်ဆီရီဇီုက ပြောဆိုလိုက်ပါတယ်။ မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာမယ်လို့ ပြောဆိုထားတဲ့ ခရစ္စတီယာနို ရော်နယ်ဒိုဟာ အက်တလက်တီကိုနဲ့လည်း သတင်းတွေ ထွက်နေခဲ့တာဖြစ်ပြီး အခုတစ်ခါ မှာတော့ ဥက္ကဌ ဆီရီဇို ကိုယ်တိုင်က ငြင်းဆန်သွားခဲ့တာ ဖြစ်ပါတယ်။

ဆီရီဇိုက “ ကျနော် တို့မှာ အံ့အားသင့် ကောင်းတဲ့ လူစာရင်း ရှိနေပါတယ်၊ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ကစားသမားတွေ၊ ကောင်းမွန်တဲ့ မန်နေဂျာလည်း ရှိနေပါတယ်။ ပြောရရင် ကျနော်တို့မှာ အရာ အားလုံး ရှိနေပါတယ်၊ ဘာများ ကျနော်တို့ ထပ်ပြီးတော့ တောင်းဆိုနေရမှာလဲ” လို့ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ 

ပြောင်းရွှေ့ချင်တဲ့ အသင်း စာရင်းမှာ အက်တလက်တီကိုမက်ဒရစ်ကို ထည့်ထားခဲ့တဲ့ ရော်နယ်ဒို အတွက်တော့ စိတ်ပျက်စရာ တုန့်ပြန်မှု ဖြစ်ခဲ့ပြီး ပေါ်တူဂီ တိုက်စစ်မှူးဟာ အစောပိုင်း ကလည်း ဘေယန်မြူးနစ်နဲ့ ပီအက်စ်ဂျီ တို့ရဲ့ ပစ်ပစ်ခါခါ ငြင်းဆန်ခြင်းကို ခံထားရပါတယ်။


ဘာစီလိုနာနဲ့ ကစားရမယ့် ပွဲအတွက် အားခဲထားတဲ့ လူးကပ်စ် ဗက်ဇ်ကွက်ဇ်

ဇူလိုင်လ ၂၄ ရက်နေ့မှာ ကစားမယ့် လာလီဂါ ဘီလူးကြီး နှစ်ကောင်ရဲ့ ရာသီကြို အားစမ်းပွဲ တနည်းအားဖြင့် အမေရိကန် အဲလ်ကလက်ဆီကို ဒါဘီ ကိုတော့ ပရိသတ်တွေ ကလည်း စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်နေခဲ့ကြတာ ဖြစ်ပါတယ်။
ဇူလိုင်လ ၂၄ ရက်နေ့မှာ ရာသီကြိုခြေစမ်းပွဲစဉ် အဖြစ် ကစားကြမယ့် ဘာစီလိုနာနဲ့ ရီးရဲယ်မက်ဒရစ်

အမေရိကန်နိုင်ငံမှာ ဘာစီလိုနာနဲ့ ကစားမယ့် ခြေစမ်းပွဲကို စောင့်မျှော်နေတယ်လို့ ရီးရဲယ်မက်ဒရစ် ကစားသမား လူးကပ်စ် ဗက်ဇ်ကွက်ဇ်က ပြောဆိုလိုက်ပါတယ်။ ဇူလိုင်လ ၂၄ ရက်နေ့မှာ ကစားမယ့် လာလီဂါ ဘီလူးကြီး နှစ်ကောင်ရဲ့ ရာသီကြို အားစမ်းပွဲ တနည်းအားဖြင့် အမေရိကန် အဲလ်ကလက်ဆီကို ဒါဘီ ကိုတော့ ပရိသတ်တွေ ကလည်း စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်နေခဲ့ကြတာ ဖြစ်ပါတယ်။

ဗက်ဇ်ကွက်ဇ်က “ ဘာစီလိုနာနဲ့ ကစားရတာက အမြဲတမ်း လှပါပါတယ်။ ဒီပွဲအတွက် ကျနော်တို့ အားလုံး စည်းချက်ညီညီနဲ့ ကစားနိုင်ဖို့ ဆန္ဒရှိပါတယ်။ ပြီးတော့ ကောင်းမွန်တဲ့ ခံစားချက်တွေကို ဖန်တီးသွားမှာပါ၊ ဒီအတွက်လည်း ကျနော်တို့ အများကြီး ပြင်ဆင်မှုတွေ လုပ်ပြီးပါပြီ၊ အသင်းလိုက် စုပေါင်းအားနဲ့ ပိုပြီး ကောင်းအောင် ကစားမှာပါ” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ 

ဘာစီလိုနာ ကတော့ လက်ရှိ အပြောင်းအရွှေ့မှာ ကစားသမား ကောင်းတွေ ဆက်တိုက် ခေါ်ယူထားပြီး ရာသီသစ် အတွက် ကြီးမားတဲ့ ပြင်ဆင်မှုတွေကို ပြုလုပ်နေတဲ့ အသင်း ဖြစ်ပါတယ်။ ရီးရဲယ်မက်ဒရစ်နဲ့ ကစားရမယ့် ပွဲက ဘာစီလိုနာ အတွက် ကြီးမားတဲ့ စမ်းသပ်ချက် ဖြစ်လာဖို့ ရှိနေသလို ဥရောပနဲ့ စပိန် လက်ရှိ ချန်ပီယံ အသင်း အတွက်လည်း ဘာဆာတို့ ဘယ်လောက် အထိ ပြင်ဆင်ထားနိုင်သလဲ ဆိုတာ သွေးတိုးစမ်းခွင့် ရမယ့် အခွင့်အရေး လည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်